Friday, September 30, 2016

လူဦးရေပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အနာဂတ် အန္တရာယ် *****************************************************************


ဘင်္ဂလီအရေး ဟာ ခုအစိုးရလက်ထက်ရောက်မှ
ဖြေရှင်းနေရတဲ့ ပြသနာ တစ်ခု မဟုတ်ပါဘူး။
လွတ်လပ်ရေး ရပြီးချိန်မှ ယခုထိအစိုးရအဆက်ဆက် ဖြေရှင်းနေရတဲ့ ပြသနာတစ်ခုပါ။
ဖြေရှင်းမှုပုံစံတွေမတူကွဲပြားသော်လည်း
နောင်အစိုးရအဆက်ဆက်လည်း ဆက်လက်
ရင်ဆိုင်နေရဦးမည့် ပြသနာတစ်ခုပါ။

ဘာကြောင့် ဒီပြသနာဖြစ်လာလည်းဆိုတော့
ဘင်္ဂလာဒေ့ရှ် နိုင်ငံရဲ့ ဧရိယာနှင့်လူဦးရေ အချိုးအစားမျှတမှုမရှိဘဲ လူဦးရေပေါက်ကွဲမှုဖြစ်နေလို့ပါ။ ဒီလိုဘာကြောင့်ဖြစ်ရတာလည်းဆိုတော့ ယုံကြည်ကိုးကွယ်မှုဘာသာတရားကြောင့်ပါ။
ယောက်ျားတစ်ယောက်က
မိန်းမလေးယောက်ယူခွင့်ရှိတယ်။ ကလေးကြိုက်သလောက်မွေးလို့ရနေတာကြောင့်ပါဘဲ။

ဒီပြသနာကို နိုင်ငံရေး ခေါင်းဆောင်တွေ
ကိုယ်တိုင်လည်း မကိုင်တွယ်ရဲပါဘူး။
သူတိုရဲ့နိုင်ငံရေးအာဏာကိုထိပါးနိုင်လို့ပါဘဲ။
UN က ဝင်ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း
အောင်မြင်မှုမရခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်ဆိုတာ အိန္ဒိယ မှတဆင့်
အရှေ့ပါကစ္စတန် ၄င်းမှ ဘင်္ဂလားဒေ့ရှ်ဆိုတာ ဖြစ်လာတာပါ။လူအများစုက အစ္စလမ် ဘာသာ
ကို ကိုးကွယ် ကြပါတယ်။

သူရဲ့အိမ်နီးချင်းက
အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံသာရှိပါတယ်။
မြန်မာနှင့် မိုင်၂၀၀ ကျော်သာနယ်နမိတ်ထိစပ်နေပြီး ကျန်နယ်နမိတ်အားလုံးဟာ အိန္ဒိယ နှင့်သာထိစပ်နေပါတယ်။

ဒီတော့ ဒီသုံးနိုင်ငံရဲ့
ဧရိယာ အကျယ်အဝန်း လူဦးရေ
လူဦးရေသိပ်သည်းမှု GDP တွေကိုလေ့လာကြည့်ပါက ခုလိုတွေရပါတယ်။

အိန္ဒိယ
ဧရိယာ 1,269,346 sq miles or 3,287,263 sq km လူဦးရေ 1276.267 သန်း
လူဦးရေသိပ်သည်းဆ1004/sq mile or
387.7/sq km
GDP $ 6209 Trillion

ဘင်္ဂလားဒေ့ရှ်
ဧရိယာ 56,977 sq miles or 147,570 sq km
လူဦးရေ 171.7 သန်း
လူဦးရေ သိပ်သည်းဆ 3416 /sq mile or
1319 / sq km
GDP 572.440 Billion

မြန်မာ
ဧရိယာ 261,227 sq miles or 676578 sq km
လူဦးရေ 51.486 သန်း
လူဦးရေ သိပ်သည်းဆ 196.8/sq mile or
76/sq km
GDP 269.996 Billion

အထက်ပါအချက်တွေကိုကြည့်ပါက
ကျွန်တော်တို့နိုင်ငံ ဧရိယာ ၏ 25% လောက်သာ
ရှိပြီး လူဦးရေ မှာ 3.5 ဆ လောက်များနေတာတွေရမှာပါ။

လူဦးရေ သိပ်သည်းဆ မှာ တစ်စတုရန်းမိုင်မှာ
အိန္ဒိယ က ၁၀၀၄ ဦး မြန်မာက ၁၉၆.၈ ဦး
ရှိနေစဉ်မှာ ဘင်္ဂလားဒေ့ရှ် က ၃၄၁၆ ဦးရှိနေပါတယ်။

ဒီလောက်ဆိုရင်တော့ဖြစ်လာနိုင်တဲ့
အန္တရာယ် ကို တွက်ဆလို့ရနေပါပြီ။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာအစ္စလမ်ဝါဒပြုမှု ကလည်းရှိနေပါတယ်။

ထို့အပြင်
သဘာဝပတ်ဝန်းကျင်ပျက်ယွင်းမှု ကမ္ဘာကြီးပူနွေး
လာမှုတို့ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ရှိနေပါတယ်။
ပင်လယ်မြင့်တက်လာမှု အန္တရာယ်
ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်
ဘင်္ဂလာဒေ့ရှ် မှာ လူ သန်းပေါင်း ဆယ်ဂဏန်းကျော်နေစရာပျောက်မယ်
လို့ပညာရှင်များ တွက်ဆထားပါတယ်။

အဲ့ဒီပြသနာတွေအားလုံးရဲ့ရိုက်ခတ်မှုကို ပတ်ဝန်းကျင်ရှိနိုင်ငံအားလုံးခံစားကြရမှာပါ။

အထူးသဖြင့်ကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့
အိန္ဒိယ နှင့် ကျွန်တော်တို့မြန်မာနိုင်ငံတွေပိုခံရမှာပါ။
အိန္ဒိယ က နူကလိယားလက်နက်ပိုင်တယ်
စီးပွားရေး ကောင်းတယ် လူဦးရေ များတယ်
စစ်အင်အားကဒေသတွင်းအင်းအားကြီးနိုင်ငံ
ဒါတောင် နယ်စပ်ခြံစည်းရိုးကာပြီး
ခိုးဝင်လာသမျှ ပစ်သတ်နေသေးတယ်။

ကျွန်တော်တို့နိုင်ငံ ဘက်ကြည့်တော့
လူဦးရေကနည်း နိုင်ငံရေး ကမတည်ငြိမ်
စီးပွားရေး က မကောင်း။ ပြီတော့တိုင်းရင်းသားတွေနှင့်ညီညွတ်ရေးက မတည်ဆောက်နိုင်သေး။

ကာကွယ်ရေး တာဝန်ယူထားတဲ့
စစ်တပ်ကို အပုတ်ချ သွေးခွဲ တိုက်ခိုက်။
ဖြစ်လာနိုင်တဲ့ပြသနာကို မြင်အောင်ကြည့်ကြပါ။
ဒီပြသနာက တည်ဆဲအစိုးရကို နိုင်ငံရေး အရ
တိုက်ခိုက်ရန်သုံးသော ကိစ္စရပ်လုံးဝမဟုတ်ပါ။

***အနာဂါတ်ကာလမှာ ရင်ဆိုင်ရမည့်
အန္တရာယ် အရှိဆုံးပြဿနာပါ။ အစိုးရအဆက်ဆက်
မှန်ကန်သော မူဝါဒများ ချမှတ်ကာကွယ်လုပ်ဆောင်နိုင်ပါမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း
ရေးသားအပ်ပါသည် ။

No comments: