Thursday, September 29, 2016

ဗိုလ်တထောင်ဈေးလမ်း နောက်ဖေးလမ်းကြားရှင်းသည့် စည်ပင်ဝန်ထမ်းများ မစင်ရေဖြင့် ပက်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပုဇွန်တောင်မြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ၅၆လမ်းနှင့် ဗိုလ်တထောင် ဈေးလမ်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စည်ပင်ဝန်ထမ်းအဖွဲ့မှ နောက်ဖေးလမ်းကြား ရှင်းလင်းရေး ပြုလုပ်စဉ် နေအိမ်တိုက်ခန်း တစ်ခုပေါ်မှ မစင်ရေဖြင့် ပက်ဖျန်းခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရုံးထံမှ သိရှိရသည်။

"နောက်ဖေးလမ်းကြားထဲကို ရှင်းလင်းရေးလုပ်ဖို့ စည်ပင်အဖွဲ့သားတွေ ၀င်ရောက်ချိန်မှာ တိုက်ခန်းတစ်ခုရဲ့အပေါ်က အရည်ပက်ချလိုက်တာ မစင်ရေတွေ ဖြစ်နေပါတယ်၊ ကျွန်တော်တို့က စည်းကမ်းတကျဖြစ်အောင် လာရောက် သန့်ရှင်းလုပ်ပေးတာ သူတို့အတွက် ဘာတွေ နစ်နာစရာ ရှိနေလို့လဲ၊ အခုလို ဆက်ဆံတာမျိုးတော့ မလုပ်သင့်ပါဘူး" ဟု စည်ပင်အလုပ်သမားတစ်ဦးက ပြောကြားသည်။

အဆိုပါ မစင်ရေဖြင့် ပက်ဖျန်းခဲ့သည့် တိုက်ခန်းနေထိုင်သူ မိသားစုကို စုံစမ်းနေပြီး သတိပေးဒဏ်ရိုက်ရန် စုံစမ်းရှာဖွေနေကြောင်း၊ အလားတူ ထပ်မံကျူးလွန်ပါက တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအ၀င် ရန်ကုန်မြို့တော် စည်ပင်သာရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ပညာပေးရေးကာလ ဖြစ်ပေမယ့်  စည်ပင်ဝန်ထမ်းတွေပေါ် မစင်ရေနဲ့ ပက်တာမျိုးက မလုပ်သင့်ပါဘူး၊ လူလူချင်းပဲ သူတို့လည်း ရွံရှာမှာပေါ့၊ အခုလည်း ကျူးလွန်တဲ့သူကို စုံစမ်းနေပါတယ်"ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် နောက်ဖေးလမ်းကြား ရှင်းလင်းရေး ရှေ့ပြေးစီမံချက်ကို သြဂုတ်လ ၁၅ရက်မှ စတင်ခဲ့ပြီး ပုဇွန်တောင်၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်တို့တွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက်တွင် နေအိမ်တိုက်ခန်း တစ်ခုပေါ်မှ အမှိုက်ထုပ် ပစ်ချမှု ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ 

No comments: