Thursday, September 29, 2016

ရခိုင်ပြည်နယ်အတွင်းရှိ တရားမ၀င် ဆောက်လုပ်ထားသော ဗလီများအပါအ၀င် အဆောက်အအုံများကို ကော်မတီဖွဲ့၍ စိစစ်မည်

ရခိုင်ပြည်နယ်အတွင်းရှိ တရားမ၀င် ဆောက်လုပ်ထားသော ဗလီများအပါအ၀င် အဆောက်အအုံများကို ကော်မတီဖွဲ့၍ သက်ဆိုင်ရာဌာနအလိုက် အဆင့်ဆင့်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က စက်တင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။

“အခုဆိုရင် မြို့နယ်တွေအလိုက် စာထုတ်ပြီးတော့ ကော်မတီဖွဲ့ပြီး  အဆင့်ဆင့် စိစစ်ဖို့ လုပ်ထားတယ်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဆင့်ဆင့် ကော်မတီတွေဖွဲ့စည်းပြီးစိစစ်မှာပါ၊ စိစစ်လို့ရလာတဲ့ အချက်အလက်တွေကို ပြည်နယ်အစိုးရ ကနေပြီး သင့်တော်သလိုစီမံပါမယ်၊ ပြည်ထောင်စုအဆင့်ကို တင်သင့်ရင်လည်း တင်ပြမယ်၊ ဒါမှမဟုတ် အောက်ခြေမှာ ဘယ်လိုလုပ်မယ်ဆိုတာ အစိုးရအဖွဲ့ကဆုံးဖြတ်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ၀န်ကြီး ဦးမင်းအောင်က ပြောသည်။

တရားမ၀င်အဆောက်အအုံများကို စိစစ်ဖို့ရန်အတွက် ပြည်နယ်စိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ၊ စစ်ဆေးမှုများ ပြုလုပ်သည့်အခါ တောင်ကုန်း၊ လယ်မြေ၊ စားကျက်မြေ၊ ကျေးရွာ ၊ ရပ်ကွက် စသဖြင့် အဆင့်ဆင့် ဆောက်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် စိစစ်မှုများ မရှိသေးကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက စက်တင်ဘာ ၂၄ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပြည်နယ်အဆင့် တရားမဝင် အဆောက်အအုံများ စိစစ်ရေးကော်မတီအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးနှင့် စည်ပင် သာယာရေးဝန်ကြီးတို့မှ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်မင်းထွန်း

Photo - မောင်တောမြို့

The Ladies News

No comments: