Thursday, September 29, 2016

သမ္မတရုံးသို့ စာပို့ရာတွင် လိုအပ်သည့် အချက်များကို လိုက်နာရန် ညွှန်ကြား

နိုင်ငံတော်သမ္မတရုံးကို ဆက်သွယ်ပြီး အွန်လိုင်းကနေ စာပေးပို့တဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို လိုက်နာပေးရမယ်လို့ သိရပါတယ်။ အဆင့် ၁ မှာတော့ www.president-office.gov.mmကို ဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ဝင်ရောက်ပေးရမှာဖြစ်ပါတယ်။ အဆင့် ၂ မှာတော့ နိုင်ငံတော်သမ္မတထံပေးစာ ဆိုတာကို နှိပ်ရမှာပါ။ အဆင့် ၃ မှာတော့ ပေးစာကဏ္ဍမှာ ဖြည့် သွင်းရမယ့် အချက်အလက်တွေကို ဖြည့်သွင်းရမှာပါ။ ဒီအဆင့်မှာ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးရပါလိမ့်မယ်။ MPT နဲ့ Ooredoo ဆိုရင် 09 ကနေ စတင်ဖြည့်သွင်းရမှာပါ။ Telenor ဆိုရင်တော့ 9 ကနေ စတင်ဖြည့်သွင်းရမှာပါ။ မိုဘိုင်းဖုန်းနံပါတ် ပြည့်စုံစွာဖြည့်သွင်းမှ Code နံပါတ်တစ်ခုကို လက်ခံရရှိမှာပါ။ အဆင့် ၄ မှာတော့ Verification Code တစ်ခု SMS လက်ခံရရှိမှာဖြစ်ပါတယ်။ အဆင့် ၅ မှာတော့ Code နံပါတ်ကို ပြည်လည်ဖြည့်သွင်းပေးပို့ရမှာပါ။ အဆင့် ၆ မှာတော့ လုပ်ဆောင်ချက်တွေ မှန်ကန်ခဲ့ရင် နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ် တယ်လို့ သိရပါတယ်။

No comments: