Wednesday, August 31, 2016

ပါကစ္စတန်ကို အကူအညီလျှော့ချလာသော အမေရိကန်

Joshua Roberts/reuters
အမေရိကန်နိုင်ငံအား ရန်လိုသော စစ်သွေးကြွအဖွဲ့များအား ပါကစ္စတန်နိုင်ငံက ဆက်လက် ထောက်ခံနေမှုနှင့် အိန္ဒိယနှင့် အမေရိကန်စစ်ဘက်၊ စီးပွားရေး ဆက်ဆံမှုများ နွေးထွေးလာခြင်းမှ နေ၍ ၀ါရှင်တန်အတွက် မဟာ မိတ်အဖြစ် ပါကစ္စတန်၏ မဟာ ဗျူဟာမြောက် အရေးပါမှုကို သိသိသာသာ လျော့ကျလာစေခဲ့သည် ဟု အမေရိကန်စစ်ရေး၊ သံတမန်ရေး၊ ထောက်လှမ်းရေးအရာရှိ များနှင့် ပြင်ပမှ ကျွမ်းကျင်သူများက ပြောကြားကြသည်။

မကြာသေးမီနှစ်များ အတွင်း ပါကစ္စတန်နိုင်ငံ အတွက် စစ်ရေး နှင့် စီးပွားရေး အကူအညီနှစ်ခုစလုံးကို အမေရိကန်က လျှော့ချခဲ့သည်။  နျူလက်နက်ပိုင်ဆိုင်သော နိုင်ငံက အိမ်နီးချင်းအာဖဂန်နစ္စ တန်နိုင်ငံမှ တာလီဘန်များအား ဆက်လက်ထောက်ပံ့ပေးနေခြင်း ကို အမေရိကန်အရာရှိ များကြား စိတ်ပျက်လက်ပျက်ဖြစ်မှုတိုးပွား လာခြင်းကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။
ယင်းသို့ စိတ်ပျက်ခြင်းမှာ အမေရိကန်-ပါကစ္စတန်ဆက် ဆံရေးတွင် ဆက်စုနှစ်တစ်ခုကျော် တည်ရှိနေခဲ့ပြီး ဖြစ်သည်။ သို့ သော်မကြာသေးမီက အမေရိကန် နှင့် မဟာမိတ်အဖွဲ့များ ပါဝင်ကူညီ၍ လုံခြုံရေးရအောင် လုပ်ဆောင်
ပေးခဲ့သော အာဖဂန်နစ္စ တန်ဒေသများစွာ၌ အစ္စလာမ်မစ် စစ်သွေးကြွတာလီဘန်များ ပြန်လာရောက်ရှိလာမှုကြောင့် စိတ်ပျက်မှုများ ထပ်မံတိုးပွားလာခဲ့သည်ဟု အမေရိကန်အရာရှိများ နှင့် ဆန်းစစ်လေ့လာသူများက
ပြောကြားသည်။
‘‘အမေရိကန်ရဲ့ တောင်အာရှမူဝါဒမှာ အာဖဂန်နစ္စတန်-ပါက စ္စတန်ဆီကနေ အိန္ဒိယနိုင်ငံဘက် သိသာစွာ ဦးလှည့်လာတာကို ကျွန်တော်တို့မြင်တွေ့နေရပါ တယ်’’ဟု ၀ါရှင်တန်မှ မဟာဗျူ ဟာအတွေးအခေါ်အဖွဲ့ ၀ုဒ်ရိုးလ် ၀ီလ်ဆင်စင်တာမှ တောင်အာရှ ကျွမ်းကျင်ပညာရှင် မိုက်ကယ်ကူ ဂယ်မန်းက ပြောကြားပါသည်။
အမေရိကန်နှင့် ပါကစ္စတန် တို့၏ ဆက်ဆံရေးမှာ အချိန်ကြာ မြင့်စွာကပင် အပေးအယူသဘော ဆန်ခဲ့ပြီး နှစ်ဦးနှစ်ဖက်မယုံကြည် မှု၊ အကြောင်းသင့်အောင် ပေါင်း သင်းမှု၊ စိတ်အပြောင်းအလဲများဖြင့် ပြည့်နေခဲ့သည်။
တာလီဘန် အဖွဲ့အား ထောက်ပံ့မှုရပ်တန့်ရေး ပါကစ္စတန်၏ ငြင်းဆန်မှုကို တာရှည်နေပြီဖြစ်သော အမေရိကန်၏ စိတ်ပျက်မှု အထူးသဖြင့် အမေရိကန် စစ်ရေးနှင့် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းကြား စိတ်ပျက်မှုမှာ အာဖဂန်နစ္စတန်တွင် စစ်ရေးအရ  ထပ်မံ ပါဝင်ပတ်သက်မှုကို ရှောင် လွှဲရန် သမ္မတ အိုဘားမားအစိုးရ၏ ဆန္ဒကို ကျော်လွန်သွားခဲ့သည်။ ထို့အတူ ၀ါရှင်တန်နှင့် အစ္စလာ မာဘတ်ကြား ယိုယွင်းလာသော ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံက ကြားဝင် အခွင့်ကောင်းယူနိုင်သည့် စိုးရိမ်မှုများလည်း ရှိနေသည် ဟု အမေရိကန်အရာရှိများက ပြောကြားကြသည်။
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၈,၄၀၀ ဆက် လက်ထားရှိမည်ဟု အိုဘားမားက ပြီးခဲ့သည့်လ အတွင်း ကြေညာခဲ့ သည်။ ယင်းမှာ ၎င်း၏ အစိုးရ သက်တမ်းကုန်ဆုံးချိန်၌ တပ်ဖွဲ့ဝင်များ ထက်ဝက်အထိ လျှော့ချရေး မူလအစီအစဉ်မှ နောက်ပြန်ဆုတ်လိုက်ခြင်းဖြစ်သည်။
တစ်ချိန်က အမေရိကန်နိုင်ငံ၏ နိုင်ငံခြားအကူအညီတတိယ အများဆုံးရရှိခဲ့သော နိုင်ငံဖြစ်ခဲ့ သည့် ပါကစ္စတန်သို့ အမေရိကန် ၏ အရပ်ဘက်နှင့် စစ်ရေးအကူအညီ စုစုပေါင်းမှာ ၂၀၁၆ တွင် ကန်ဒေါ်လာ တစ်ဘီလီယံအောက်
ရောက်သွားမည်ဖြစ်သည်။ ၂၀၁၁ က အမြင့်ဆုံးရောက်ရှိခဲ့သော ပမာဏ သုံးဘီလီယံခွဲမှ များစွာ လျော့နည်းသွားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် အနည်းဆုံး ၂၀၀၇ မှစ၍ ပါကစ္စတန်သို့ ကန်ဒေါ်လာ တစ်ဘီလီယံအောက် လျော့ပြီး မပေးခဲ့ဘဲ တစ်ဘီလီယံ အထက်တွင်သာ ရှိခဲ့သည်။
အမေရိကန်နိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးမှုများ ပြောင်းလဲလာခြင်းနှင့် ဘတ်ဂျက် အကန့်အသတ်များ ရှိနေစဉ် ပါက စ္စတန်သို့ အကူအညီ လျော့ပါးလာခြင်းဖြစ်သည်။ အမေရိကန်အတွက် ဦးစားပေးပြောင်းလဲမှုများ တွင် အိုင်အက်စ်အဖွဲ့အား တိုက် ခိုက်ရခြင်း၊ ပြန်လည်နိုးကြားလာ သော ရုရှားနှင့် တဖြည်းဖြည်းလေ သံပြောင်းလာသော တရုတ်နိုင်ငံ ကိစ္စရပ်များ ပါဝင်သည်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော် မတီဥက္ကဋ္ဌ ရီပက်ဘလေကန် အမတ် ဘော့ဘ်ကော့ကာက ၎င်းအနေဖြင့် ပါကစ္စတန်က အမေရိ ကန် လော့ဟိဒ်မာတင် ကုမ္ပဏီမှ အက်-၁၆ တိုက်လေယာဉ်များ ၀ယ်ယူရေးလိုအပ်သော ကန်ဒေါ် လာသန်း ၇၀၀ တွင် သန်း ၄၃၀ အား အမေရိကန်က ထောက်ပံ့ပေးရေးကိစ္စကို တားဆီးသွားမည်ဟု မတ်လအတွင်းက ပြောကြား ခဲ့သည်။ ယခုလ အစောပိုင်းတွင်လည်း ပါကစ္စတန်သို့ စစ်ရေး ထောက်ပံ့ငွေ ကန်ဒေါ်လာသန်း ၃၀၀ ထပ်မံဖြည့်တင်းပေးရေးကို ကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ခွင့်ပြုပေးရန် ငြင်းဆန်ခဲ့သည်။ ယင်းမှာ အာဖဂန်နစ္စ တန်နိုင်ငံနှင့် ထိစပ်နေသော လူမျိုးစု
ဧရိယာများတွင် အခြေစိုက်သော ဟက်ကာနီကွန်ရက်အား တိုက်ခိုက်ရာ၌ အောင်မြင်မှုအ ကန့်အသတ်နှင့်သာ ရရှိခဲ့သော ကြောင့်ဟု မစ္စတာ ကာတာက ထောက်ပြခဲ့သည်။ ယခင်ကဆိုလျှင် ထိုကဲ့သို့ စစ်ရေးအကူအညီ
ဖြည့်တင်းပေးခြင်းမှာ ပုံမှန်ကိစ္စ ရပ်တစ်ခုဖြစ်ခဲ့သည်။
လာမည့်ဘဏ္ဍာနှစ်အတွက် ပါကစ္စတန်နိုင်ငံသို့ ကန်ဒေါ်လာ ရာပေါင်းများစွာ စစ်ရေး အကူအညီပေးရန် အမေရိကန်လွှတ်တော် က အတည်မပြုသေးပေ။ ပင်တ ဂွန်စစ်ဌာနချုပ်ကလည်း ကန်ဒေါ်လာ သန်း ၃၅၀ ကူညီရေးခွင့်ပြု မပေးသေးပေ။ ၎င်းအကူအညီကို အိုဘားမားအစိုးရ လက်ထက်တွင် အတည်ပြုပေးဖွယ်မရှိဟု အမည်မဖော်လိုသော ကန်ကာကွယ်ရေး အရာရှိကြီးတစ်ဦးက ပြောပါသည်။
‘‘အမေရိကန်တပ်ဖွဲ့တွေကို သတ်ဖြတ်နေတဲ့ အာဖဂန်တာလီ ဘန်တွေကို အထောက်အပံ့ပေး နေတဲ့ နိုင်ငံတစ်နိုင်ငံကို ငွေကြေး အကူအညီပေးဖို့ရာ လွှတ်တော် က စိတ်အားထက်သန်မှုမရှိတော့ ဘူး’’ဟု ဘရွတ်ကင်း
အင်စတီကျူးရှင်းမှ ကျွမ်းကျင်ပညာရှင်နှင့် အိုဘားမား၏ ပထမဆုံး အာဖဂန်နစ္စတန်မူဝါဒ ပြန်လည်သုံးသပ်မှုကို ဦးဆောင်ခဲ့သူ ဘရုစ်ရိုင်ဒယ်လ်က ပြောကြားသည်။
အမေရိကန်-ပါကစ္စတန်ပူး ပေါင်းဆောင်ရွက်မှု အကန့်အ သတ်အား ပြက်ပြက်ထင်ထင် မြင်ခဲ့ရသော ဖြစ်ရပ်၌ မေလအတွင်း က ပါကစ္စတန်၏ ဝေးလံသောဘာလူချီစတန် ပြည်နယ်တွင်အမေရိကန်က မောင်းသူမဲ့လေ ယာဉ် (Drone) ဖြင့် တာလီဘန် ခေါင်းဆောင် မူလာအက်ခ်တာမန် ဆိုးကို သတ်ဖြတ်ခဲ့သည်။ ပါကစ္စတန်အား အသိမပေးခဲ့ပေ။
အချို့သော ကန်အရာရှိကမူ ပါကစ္စတန်နှင့် ဆက်ဆံရေးအား ယိုယွင်းခွင့်ပြုခြင်း အန္တရာယ်များကို သတိပေးနေကြဆဲဖြစ်သည်။ ကန်အထက် လွှတ်တော်လက်နက် ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန်မက်ကိန်းက အမေရိ ကန်နှင့် ပါကစ္စတန်ကြား ဆက်ဆံရေးတိုးတက်မှု မဟာဗျူဟာ အခြေခံမှာ ရှင်းသည်ဟု Financial Times ၏ ထင်မြင်ချက်ကဏ္ဍ တွင် ဇွန်လ ၂၆ ရက်က ရေးသား ခဲ့သည်။ ယင်းအခြေခံမှာ အာဖ ဂန်နစ္စတန်ရှိ ကန်တပ်ဖွဲ့များ၏ လုံခြုံရေးနှင့် ၎င်းတို့၏ စစ်ဆင်ရေး အောင်မြင်ရန်၊ ဒေသတွင်းတည် ငြိမ်မှု၊ အမေရိကန်နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံး၏ အမျိုးသားလုံခြုံ ရေး အတွက် ဖြစ်သည်ဟု ဂျွန်မက်ကိန်းက  ရေးသားဖော်ပြသည်။
ပါကစ္စတန်ကာကွယ်ရေး ဌာနအရာရှိကြီးတစ်ဦးကမူ အ ကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် ပါကစ္စတန်နိုင်ငံကို အမေရိကန် ဆက်လက် လိုအပ်လိမ့်မည်ဟု ပြောကြားပါသည်။ အာဖဂန်နစ္စ တန်တွင် လှုပ်ရှားနေသော စစ်သွေးကြွများ အတွက် ပါကစ္စတန် နိုင်ငံက အထောက်အပံ့ခိုလှုံစရာ ပေးအပ်နေသည် ဆိုခြင်းကို ပါက စ္စတန်အာဏာပိုင်များက အချိန် ကြာမြင့်စွာကပင် ငြင်းဆိုခဲ့သည်။
‘‘အကြမ်းဖက်ဝါဒကို တိုက် ဖျက်ရင်း ကျွန်တော်တို့အနေနဲ့ ကန်ဒေါ်လာ ဘီလီယံတစ်ရာ ကျော်လောက် ဆုံးရှုံးသွားပါပြီ။ ဒါဟာ ခင်ဗျားတို့ ကျွန်တော်တို့ ကို ပေးနေတာတွေထက် အများ ကြီးပိုများပါတယ်’’ဟု အမည်မဖော် လိုသော ပါကစ္စတန်အရာရှိ ကြီးက ပြောကြားသည်။
မည်သို့ပင်ဆိုစေ၊ ပါကစ္စတန်အနေဖြင့် တရုတ်အပါအ၀င် အ ခြားသော အရင်းအမြစ်များမှ အ ကူအညီရယူနိုင်သည်ဟု ပါကစ္စ တန်အရာရှိကြီးက ပြောသည်။ ပြီးခဲ့သည့်နှစ်အတွင်း ယင်းနှစ်နိုင်ငံ ကြားတွင် ကန်ဒေါ်လာ ၄၆ ဘီလီ ယံတန်ဖိုးရှိ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံစီမံကိန်းများ ပါ ကစ္စတန်တွင် စတင်လုပ်ဆောင်ခဲ့သည်။
တစ်ဖက်တွင်လည်း ပါကစ္စတန်၏ မဟာရန်သူအိန္ဒိယဘက် သို့ အမေရိကန်၏ တိမ်းညွှတ်မှု ဆက်လက်ဖြစ်ပေါ်ဖွယ် ရှိပါသည်။
အမေရိကန် ကာကွယ်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်သော လော့ဟိဒ်မာတင်နှင့် ဘိုးရင်း ကုမ္ပဏီတို့က အိန္ဒိယဈေးကွက်သို့ ၀င်ရောက်နေကြပြီး အိန္ဒိယမှာလည်း ဆော်ဒီအာရေးဗီးယားပြီး လျှင် အမေရိကန်လက်နက်များ ဒုတိယအများဆုံးဝယ်ယူသော နိုင်ငံဖြစ်လာခဲ့သည်။
ယခုနှစ်အစောပိုင်းမှာပင် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ မျှဝေရေးကို အမေရိကန်နှင့်  အိန္ဒိယနိုင်ငံကြားမူအားဖြင့် သဘောတူခဲ့ကြသည်။ ယင်းမှာ ရေကြောင်းဆိုင်ရာတွင် ပိုမို၍ တွန်းတွန်းတိုက်တိုက် ပြောဆိုလာသော တရုတ်နိုင်ငံအား တန်ပြန်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။
—Ref:Reuters

No comments: