Tuesday, August 30, 2016

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တရားဒပဒေစိုးမိုးမှုရှိစေရေး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် တောင်းဆို



Posted: August 30, 2016

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တရားရုံး၏ တရားစီရင်မှု မှန်ကန်ရေးနှင့် တရားဥပဒေစိုးမိုးခြင်း မရှိမှုအပေါ် မကျေနပ်ဟု ဆိုကာ သြဂုတ်လ (၂၉)ရက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

 

တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင်ကျေးရွာမှ ကိုဇော်လွင်ဖြစ်ပြီး တောင်ကုတ် မြို့နယ်အတွင်း လယ်ယာမြေ၊ ဥယျာဉ်ခြံမြေအစရှိသည့် မှုခင်းဖြစ်စဉ်များအား တောင်ကုတ်မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် တရာစီရင်မှု မှန်ကန်စေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

“တောင်ကုတ်မြို့နယ်တရားရုံးဟာ မြို့နယ်တွင်း လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ အမှုအခင်းတွေမှာ ဘက်လိုက်ပြီး ဆုံးဖြတ်တယ်လို့ ယူဆပါတယ်။ ဒီလိုဘက်လိုက်ဆုံးဖြတ်ချက် အပေါ်မှာ ကျွန်တော်အပါအ၀င် အောက်ခြေ အခြေခံ လူတန်းစားတွေ ခံစားနေရပါတယ်။ ဒါကြောင့် တောင်ကုတ်မြို့နယ် တရားရုံးရဲ့ ရှေ့နေများနဲ့ တရားသူကြီးများကို အခြေခံထားပြီး တစ်နိုင်ငံလုံး တရားစီရင်ရေးစနစ် မှန်ကန်စေချင်လို့ ဆန္ဒဖော်ထုတ်ရတာပါ” ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုဇော်လွင်က ပြောသည်။

 

တောင်ကုတ်မြို့နယ်အတွင်း လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ မှုခင်းဖြစ်စဉ်အတွင်း လာဘ်ပေး လာဘ်ယူမှုနှင့် ဘက်လိုက် ဆုံးဖြတ်မှုများရှိကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။

 

ဆန္ဒထုတ်ဖော်သူ ကိုဇော်လွင်ပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၈-က)သံတွင်းကွင်းရှိ လုပ်ကွက် အမှတ်(N-8)ရှိ ဥယျာဉ်ခြံမြေ (၃.၃၄)ဧကရှိ သီးပင်စားပင်များအား ကျုးကျော်ခုတ်လဲသူများအား ကိုဇော်လွင်မှ ပိုင်နက် ကျူးကျော်မှု ပုဒ်မ-၄၄၇/ ၄၂၇ ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားသော်လည်း တရားရုံးမှ တရားစွဲဆိုမှု ကန်မှန်မှုမရှိကြောင်း ဆုံးဖြတ်ပြီး အမှုအား ပယ်ချခံလိုက်ရကြောင်း ကိုဇော်လွင်ထံမှ သိရသည်။

 

ထိုသို့ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုဇော်လွင်လျှောက်ထားသည့် ခွင့်ပြုချက်အား သြဂုတ်(၂၆)ရက်နေ့တွင် တရားဝင် ခွင့်ပြုပေးလိုက်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သိရသည်။

 

MMK

The Ladies News

No comments: