Thursday, August 25, 2016

၂ဝ၁၇ ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အတွက် ကြေညာချက်ထုတ်ပြန်

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရသည်။

 

အဆိုပါကြေညာချက်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာ ပုံစံများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် စက်တင်ဘာ ၁ ရက်မှစ၍ သတ်မှတ်ထား သော နှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း။

စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈)များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက် လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြား ပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထား သည်။

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး ရုံးများတွင် ကျသင့်ငွေသွင်းတံဆိပ်ခေါင်း များ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံး တွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။

 

အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲ များ၊ တွဲဖက်ကျောင်း များနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းမည့် ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဝင်ကြေး အတွက် ကျောင်းအုပ်ကြီးများသည် ကျသင့်ငွေသွင်း တံဆိပ်ခေါင်း များဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဌာန သို့ စက်တင်ဘာ ၁ ရက် မှ စက်တင်ဘာ ၃ဝ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်သည်။

 

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲ ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲ မှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရမည် ဖြစ်သည်။

 

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်း များကို နေပြည်တော် ရုံးအမှတ် (၅၂) မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်တက္ကသိုလ်နယ်မြေ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန် မာနိုင်ငံစာစစ်ဦးစီးဌာန အမှတ် (၁၆၆) လသာလမ်း ရန်ကုန်မြို့တို့တွင် လာရောက် ဝယ်ယူနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

The Ladies News

No comments: