Wednesday, August 31, 2016

တောင်ဒဂုံတွင် ညအချိန်ချိန်းတွေ့သည့် သမီးရည်းစားနှစ်ဦး စကေဘာဖြင့် ထိုးခံရ

ဒဂုံတောင်မြို့နယ် အ မှတ် ၁၇ ရပ်ကွက် ဣစ္ဆိတံကွင်းအ တွင်းချိန်းတွေ့နေသည့် စုံတွဲကို အမျိုးသားနှစ်ဦးက စကေဘာဖြင့် ထိုးပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်တွင်နေထိုင်သည့် အ သက် (၂၄)နှစ်အရွယ် အမျိုးသမီး သည် သြဂုတ် ၂၉ ရက် ည ၇ နာရီ ခန့်က ရည်းစားဖြစ်သူ အသက် (၂၈)နှစ်အမျိုးသားတစ်ဦးနှင့် ဣစ္ဆိ တံကွင်းအတွင်း အတူရှိနေစဉ် အ မျိုးသားနှစ်ဦးရောက်ရှိလာရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဆိုသည်။

‘‘သူတို့ဘာလို့ ထိုးတာလဲဆို တာတော့ မသိသေးဘူး။ တရားခံ တစ်ယောက်တော့ရထားပါပြီ။ နောက်တစ်ယောက်က လိုက်နေ တုန်းပါပဲ’’ဟု ၎င်းကဆိုသည်။

ထိုသို့ အမျိုးသားနှစ်ဦးရောက် ရှိလာပြီး တစ်ဦးက ကိုမျိုးမင်းသိန်းကို စကေဘာဖြင့် ထိုးကာ ကျန်တစ်ဦးက အမျိုးသမီးကို လက်သီးဖြင့်ထိုးခဲ့ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

ထို့နောက်  မတင်အေးခိုင်က ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းသဖြင့် ရပ်ကွက်အတွင်း နေထိုင်သူများက ၀ိုင်းဖမ်းရာမှ အသက်(၃၅)နှစ်ရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ၎င်းကဆို သည်။

ဖမ်းမိခဲ့သည့် အမျိုးသားသည် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက်အ တွင်း နေထိုင်သည့်အသက် (၃၅) နှစ်အရွယ် စည်သူဆိုသူဖြစ်ပြီး လှထွေးဆိုသည့် အမျိုးသားတစ်ဦး  ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ထိုသို့ အမျိုးသားနှစ်ဦးက စကေဘာဖြင့် ထိုးပြီးလက်သီး ဖြင့် လေးချက်ခန့်ထိုးခဲ့သဖြင့် ကိုမျိုးမင်းသိန်း၏ လည်ကုပ်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ မတင် အေးခိုင်၏ မျက်နှာတွင်နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်း ကျွန်းစံပြဆေးရုံသို့ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

ချိန်းတွေ့နေသည့် စုံတွဲကို စကေဘာဖြင့် ထိုးခဲ့သည့် အမျိုးသားနှစ်ဦးအား ဒဂုံတောင်မြို့မရဲစခန်းက ပြစ်ပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်

No comments: