Wednesday, August 31, 2016

ရခိုင်ပြည်နယ်တွင် ရှားပါးရွှံ့ကဏန်းကောင်ရေ တစ်သောင်းကျော်ကို ချောင်းအတွင်း ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်တွင် မျိုးပြုန်းရှားပါးလာပြီဖြစ်သော ရွှံ့ ကဏန်းကောင်ရေ ၁၆,၀၀၀ ကို မောင်တောခရိုင်ငါးလုပ်ငန်းဦးစီး ဌာနကချောင်းအတွင်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
ပြန်လွှတ်ပေးခဲ့သည့် ရွှံ့က ဏန်းများမှာ ၁၀၀ ဂရမ်အောက် အကောင်ငယ်များဖြစ်ပြီး သြဂုတ် ၂၉ ရက်က မောင်တောချောင်းဝ နယ်စပ်ခြံစည်းရိုးအနီး ဒီရေတော အတွင်းသို့ လွှတ်ပေးခြင်း ဖြစ် ကြောင်း မောင်တောခရိုင်ငါးလုပ် ငန်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
‘‘စံမမီရောင်းတန်းမဝင်သေး တဲ့ အကောင်သေးတွေပါမကျန် ဖမ်းဆီးလိုက်တဲ့အတွက် ရွှံ့က ဏန်းတွေ ရှားပါးလာတာဖြစ်ပါ တယ်။ အဲဒါကို ပြန်လည်အစား ထိုးနိုင်ဖို့အတွက် အခုလို ပြန်လွှတ်ပေးတာဖြစ်ပါတယ်။ ပြန်လွှတ်ဖို့ ကဏန်းတွေကို အဝယ်ဒိုင်တွေဆီ ကပဲ ဝယ်ယူပြီး ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်’’ဟု အထက်ပါတာ ဝန်ရှိသူက ဆိုသည်။
 မောင်တောခရိုင် ငါးလုပ် ငန်းဦးစီးဌာနက ဇွန်လ ၁၂ ရက်ကမြို့အဝင် တံတားအနီးချောင်း၊ ပန်းတောပြင်ချောင်း၊ ရွှေဇား ချောင်း စသည့်နေရာများတွင် ၁၀၀ ဂရမ်အောက် ရွှံ့ကဏန်း ကောင်ရေ ၅,၀၀၀ ကျော် လွှတ် ပေးခဲ့သည်။
ယခုကဲ့သို့ ရောင်းတန်းမဝင် သေးသည့် ရွှံ့ကဏန်းများကို ပြန် လည် လွှတ်ပေးနေသော်လည်း ဖမ်းဆီးသူများအနေဖြင့် ဥပြည့် ချိန်နှင့် ရောင်းတန်းမဝင်သေး သည့် အကောင်သေးများကို မဖမ်းဆီးရန် လိုအပ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာနတာဝန်ရှိသူများက ပြောသည်။

Top News

No comments: