Monday, August 29, 2016

စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်နှစ်လုံးဖြစ်နိုင်ကြောင်း မိုးဇလသတိပေး

ရန်ကုန်မြို့လှည်းတန်းခုံးကျော်တံတားအနီး မိုးသည်းထန်စွာရွာသွန်းနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)

တတိယရေကြီးကာလ ဖြစ်သော စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိ အားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ် နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနက သတိပေးထား သည်။

သြဂုတ် ၂၈ ရက်က ထုတ် ပြန်သည့် စက်တင်ဘာအတွင်း မိုးလေ၀သခန့်မှန်းချက်တွင် ယင်း ကဲ့သို့ သတိပေးထားခြင်းဖြစ်ပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ထား သင့်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောကြားသည်။

စက်တင်ဘာသည် အ နောက်တောင်မုတ်သုံလေ ပြန် လည်ဆုတ်ခွာသည့်ကာလဖြစ်ပြီး မိုးကြီးသည့်ဖြစ်စဉ်ကြောင့် မြစ် ချောင်းများ ရေပြန်တိုးသော ကာ လဖြစ်သည်။ ဘင်္ဂလားပင်လယ် အော်မှ   မုန်တိုင်းများ    မြန်မာ နိုင်ငံသို့ ၀င်ရောက်လေ့ရှိသကဲ့သို့ တောင်တရုတ်ပင်လယ်မှ မုန် တိုင်းအရှိန်ကြောင့် နေရာကွက် မိုးကြီးသည့် အန္တရာယ် ရင်ဆိုင်ရ လေ့ရှိသည်။

စက်တင်ဘာအတွင်း ဧရာ ၀တီနှင့် ချင်းတွင်းမြစ်အပါအ၀င် မြစ်များအားလုံးနီးပါး စိုးရိမ်ရေ မှတ်အထက် မြင့်တက်လာနိုင် ကြောင်း မိုးဇလဌာနက သတင်း ထုတ်ပြန်ထားသည်။ လတ်တ လောအခြေအနေတွင်လည်း ဘင်္ဂလားပင်လယ်အော်အတွင်း သြဂုတ် ၂၆ ရက်မှစကာဖြစ်ပေါ် ခဲ့သော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေသေးပြီး ကချင်ပြည်နယ်၊ မကွေး၊မန္တလေး၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း သတိပေးထား သည်။

သြဂုတ် ၂၈ ရက်ကလည်း မန္တလေးတိုင်းဒေသကြီးတွင် နေ ရာကွက်    မိုးကြီးပြီး    ယင်းဒေသ နှစ်ခုရှိ မြို့နယ်အချို့ ရေလွှမ်းမိုး မှုရင်ဆိုင်နေရသည်။

No comments: