Wednesday, August 31, 2016

မွေးကင်းစကလေးကို ပုံးထဲထည့် စွန့်ပစ်သည့် မိဘများကို ထိုင်းရဲရှာဖွေနေ

1472545950_1-org
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ ဘုန်းကြီးကျောင်းတခုမှာ မွေးကင်းစကလေး ငယ်တဦးကို ထမင်းပေါင်းအိုးပုံးထဲထည့်ကာ စွန့်ပစ်ခဲ့တဲ့အတွက် သက်ဆိုင်ရာ မိဘတွေကို ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။
ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ပရွန် သက်အငူဘုန်းကြီးကျောင်းမှ ဘုန်းကြီးတွေက မနက်ပိုင်း ၈ နာရီအချိန်လောက်မှာ တွေ့ ရှိခဲ့ကြတာလို့ ရာဝေဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမား နတ် တပိုလ်ကျူးပရာဂျူးက ပြောပါတယ်။
ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး သူဟာ ၅ ရက်သားလောက်သာရှိဦးမယ်လို့ ဖူးခက်နယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ကလေးငယ်ကို အနီရောင်အ၀တ်တခုနဲ့ ပတ်ပြီး ထမင်းပေါင်းအိုးထည့်တဲ့ ပုံးထဲမှာ စွန့်ပစ်ထားခဲ့တာပါ။
“ကလေးရဲ့ ကိုယ်ဟာ ပုရွက်ဆိတ်ကိုက်တာထင်တယ် ကိုက်ရာသေးသေးလေး တခုတွေ့ရတယ်။ ဒါပေမယ့် ကျန်းမာရေးအကုန်လုံးကောင်းပါတယ်”လို့ နတ်တပိုလ်က ဖူးခက်နယူးစ်သတင်းကို ပြောပါတယ်။
သူတို့အသင်းအနေနဲ့ ကလေးငယ်ကို ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုတွေဆက် လုပ်နိုင်ဖို့ ဗက်ချီရာဖူးခက်ဆေးရုံဆီ အကြောင်းကြားပြီး ပို့ဆောင်ခဲ့တာပါ။
“ဒီမွေးကင်းစ ကလေးကို ဘယ်သူထားခဲ့သလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဒါပေ မယ့် ရဲတွေက စီစီတီဗွီကင်မရာကနေတဆင့် စစ်ဆေးနေပြီး အနီးအနားက လူတွေကိုလည်း လိုအပ်တဲ့ မေးမြန်းမှုတွေလုပ်နေပါတယ်”လို့ နတ်တပိုလ်က ပြောပါတယ်။

No comments: