Friday, July 29, 2016

" မြိတ်မြို့မှ ရှေးဟောင်းအိမ်တစ်လုံး ပြိုကျ၊ ထိခိုက်ဒဏ်ရာရသူမရှိ "


မြိတ်မြို့ ကမ်းနားလမ်းတွင် လူနေထိုင်ခြင်းမရှိသော ရှေးဟောင်းအိမ်တစ်လုံး ယနေ့(ဇူလိုင် ၂၉ ရက်)မွန်းလွဲ ၃ နာရီ ခန့်က ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။
အိမ်မှာ နှစ် ၆၀ အထက်ရှိပြီး အောက်ထပ်ကို အုတ်ဖြင့် တည်ဆောက်ထားပြီး အပေါ်ထပ်မှာ သစ် သားဖြင့် တည်ဆောက်ထားသော သွပ်းမိုးအိမ်ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
" အိမ်က ဟောင်းနေပြီ။ နှစ်ထပ်အိမ်၊ရုတ်တရက် ပြိုကျတော့ အနီးနားက လူတွေ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတာပေါ့။ တစ်ယောက်မှတော့ ဒဏ်ရာမရကြဘူး။ တစ်ဝက်လောက် ပြိုကျသွားတာ။ အပျက်အစီးတွေကို ရှင်းတုန်းပဲ" ဟု မြိတ်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။
အိမ်ပိုင်ရှင်မှာ လတ်တလော ရန်ကုန်တွင်နေထိုင်ပြီး ရဲတပ်ဖွဲ့က ဆက်သွယ်အကြောင်းကြားရန် စီစဉ် နေကြောင်း အထက်ပါ ရဲအရာရှိကပြောသည်။
မြိတ်မြို့တွင် နေ့စဉ်မိုးကောင်းနေပြီး အိမ်ကြံ့ခိုင်မှု မရှိတော့၍ ပြိုကျခြင်းဖြစ်နိုင်ကြောင်း အိမ်ပြိုကျမှုကို မြင်တွေ့ခဲ့သည့် ကိုမင်းကျော်ဇင်က ပြောသည်။ အိမ်ပြိုကျမှုကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများကို ရဲနှင့် မီးသတ်တပ်ဖွဲ့က ရှင်းလင်းနေကြောင်း သတင်းရရှိသည်။
( အိမ်ပြိုကျမှုကို လာရောက်ကြည့်ရှုနေကြစဉ်)
ဓာတ်ပုံ - မင်းကျော်ဇင်

No comments: