Friday, July 29, 2016

မနေ့ကတောင် အွန်လိုင်းမှာ ခင်နေတဲ့ ဗက တစ်ယောက်နဲ့ ပြောဖြစ်သေးတယ်...


စစ်ခွေးတွေ... ဘာတွေ ...
အသံမကြားတာတောင် ကြာပြီတဲ့...

မိုင်ဂျာယန် က လက်ရှိအစိုးရကို
ဒါပဲ ထင်တယ်ဆိုတဲ့ အချိုး ချိုးလာခဲ့ပြီပဲ.....

ရှင်းစရာကတော့
ကျောပိုးအိတ်ပြင် သေနတ်တိုက်ကြပေါ့....
ဒီမိုကရေစီနည်းကျ လူထုက တင်မြှေက်လိုက်တဲ့
အစိုးရရဲ့ အမိန့်ကို စောင့်ကြပေါ့...
(အဲ့ဒီ အခြေအနေ ဖြစ်မလာအောင် ထိန်းနိုင်ဖို့တော့
မျှော်လင့်ပါတယ်.....)

လက်တလော ငှက်တသိုက်နဲ့
ဝန်းရံကြသူများ ....စေတနာပိုသူများက

ခေါင်းမာနေရင်...
မေမေ ညှိပေးနေတာ လက်မခံရင်
တပ်မတော်က အပြတ်ဆော်မယ် ဘာညာပေါ့လေ....

အံ့ဩစရာက ...

အဲ့ဒီ ပါးစပ်တွေဟာ....
"လောက်ကိုင်မှာလေ အတုံးအရုံး"လို့
မာန်ပါပါ အားထည့် အော်ခဲ့ကြတယ်...

အဲ့ဒီပါးစပ်တွေဟာ....
နေဝန်းနီ ပရိုဖိုင်ချိန်းခဲ့သမျှ
"ကြက်ဥကြော်တွေ"လို့ လှောင်ခဲ့ကြတယ်....

အဲ့ဒီပါးစပ်တွေဟာ.....
ကျဆုံး အရာရှိ စစ်သည်သတင်းတွေမှာ
"မသာတမ်းခြင်း"လို့ ရက်ရက်စက်စက်
ပြောထွက်ခဲ့ကြတယ်....

ကာယကံရှင်တွေ ဘယ်လိုနေမယ် မသိပေမယ့်
ဘာမှမသက်ဆိုင်ပဲ ဇာတိသွေးဆူပွက်နေတဲ့ ကိုယ်တွေက
အသားတွေ ဆတ်ဆတ်တုန် အောင် ဒေါသထွက်ခဲ့ဖူးတယ်..

လက်ဖက်ရည်ဆိုင်ကလေးတွေမှာ
အပိုတွေပါကွာ ဆိုတဲ့ မျက်နှာတွေ...
ပေါ်တာ တစ်ခေတ်မှာ စစ်တပ်က လုပ်သွားတာ..
မမှတ်ကြဘူးလား ဆိုတဲ့ စကားတွေကို လျစ်လျူရှု့လို့

"လောက်ကိုင်" ဆိုတာ ဘယ်လိုပါ...
MNDAA ဆိုတာ ဘယ်ဝါ ပါ...
KIA ဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ...

အခုတိုက်နေတာ
ပြည်တွင်းစစ်ထက်ပိုတဲ့ ကျူးကျော်စစ်တပိုင်းပါလို့....

အမြုပ်ထွက်အောင် ခင်တဲ့ညီငယ်တွေကို ရှင်းပြ....
အစ်ကိုတော်တွေ...သူငယ်ချင်းတွေဆီ က
အစ်မကြီး.. ညီမငယ် ခင်မင်သူတွေဆီက စုပေါင်းလို့
သိန်း ဆယ်ဂဏန်းလောက် အလှူခံလို့ ရသမျှ
ဝမ်းသာအယ်လဲ ကိုယ့်အလှူငွေ နဲ့ ရောလွှဲရင်း
ကိုယ့်ကြိုးစားမှုအတွက် ကျေနပ်ခဲ့ရဖူးတယ်.....

အေးလေ.....ပြောင်းခဲ့ပြီပဲ...

အားမနာတမ်း ပြောရရင်
နိုင်ငံရေးအယူအဆ ကွဲပြားတာကို နားလည်လက်ခံပေမယ့်
အရှက်နည်းလွန်းလို့ ..အောက်တန်းကျလွန်းလို့
ဌက်တသိုက် နဲ့ ကျနော် စရွေးမကိုက်ခြင်းပဲ ဖြစ်တယ်...

Chan Thar Toe

No comments: