Friday, July 29, 2016

စက်တင်ဘာမှာ ဒေါ်စု ကန်သွားမယ်



နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က ​စက်တင်ဘာလအတွင်း ​အမေရိကန်နိုင်ငံကို ​သွားရောက်လည်ပတ်ဖို့ ​ရှိတယ်လို့ ​အေပီ ​သတင်းမှာ ​ရေးသားထားကြောင်း ​အမေရိကန် ​သတင်းစာတွေမှာ ​ဖော်ပြထားပါတယ်။

အမေရိကန် ​အစိုးရရဲ့ ​လုံခြုံရေး ​အကြံပေး ​ပုဂ္ဂိုလ် ​Ben ​Rohodes ​က ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အရင်သတင်းပတ်တွေတုန်းက ​တွေ့ဆုံတုန်း ​သမ္မတ ​ဘာရက် ​အိုဘားမား ​ကိုယ်စား ​အမေရိကန်ကို ​လာဖို့ ​ဖိတ်ကြားတုန်း ​ဒေါ်အောင်ဆန်းစုကြည်က ​လက်ခံခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​နှစ်နိုင်ငံ ​​ခေါင်းဆောင်တွေအတွက် ​​သင့်တော်အားလပ်မယ့် ​​အချိန်မှာ ​​အလည်သွားဖို့ ​​ရှိတယ်လို့ ​​မြန်မာနိုင်ငံခြားရေး ​​ဝန်ကြီးဌာနက ​​ပြောဆိုခဲ့ပေမယ့် ​ဘယ်အချိန်လည်း ​ဆိုတာ ​ပြောဆိုခြင်း ​မရှိခဲ့ပါဘူး။

စက်တင်ဘာလကျရင် ​နယူးယောက်မြို့မှာ ​​ကုလသမဂ္ဂ ​​အထွေထွေ ​​ညီလာခံ ​ရှိတဲ့အတွက် ​အဲဒီညီလာခံနဲ့ ​​ချိန်ကိုက်ပြီး ​​သွားနိုင်တယ်လို့ ​​ထင်မြင်ချက်တွေ ​ရှိခဲ့ပါတယ်။

အခုအခါမှာ ​စက်တင်ဘာလမှာ ​သွားမယ်ဆိုတာကို ​ဖော်ပြနေကြပေမယ့် ​ကုလသမဂ္ဂ ​ညီလာခံ ​တက်ရောက်မလား ​တခြား ​အချိန်မှာ ​သွားမှာလား ​ဆိုတာကိုတော့ ​မသိရသေးပါဘူး။

ကုလသမဂ္ဂ ​​အထွေထွေ ​​ညီလာခံကို ​​နယူးယောက်မြို့မှာ ​​စက်တင်ဘာလ ​​၁၃ ​​ရက်ကနေ ​​၂၆ ​​ရက်နေ့အထိ ​​ကျင်းပဖို့ ​​ရှိပြီး ​​အဲဒီအတောအတွင်း ​​ဒေါ်အောင်ဆန်းစုကြည် ​​သွားရောက်မလားဆိုတာကိုတော့ ​​စောင့်ကြည့်ရမှာ ​​ဖြစ်ပါတယ်။

ABC Radio Australia

No comments: