Sunday, July 31, 2016

အမြန်လမ်းတွင် ထိခိုက်ဒဏ်ရာရအရေးပေါ်လူနာများအတွက်အသက်ကယ်ပစ္စည်း အပြည့်အစုံဖြင့် လူနာတင်ယာဉ်ထားရှိသည့်အစီအစဉ်စတင်

မေ ၃၁ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၃၁၉/၇ အနီး ယာဉ်မတော်တဆဖြစ်ပြီးနောက် ခရီးသည်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − အမြန်လမ်း ရဲတပ်ဖွဲ့)
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ထိခိုက် ဒဏ်ရာရရှိသည့်  အရေးပေါ်လူနာ များကို ကုသကယ်တင်ရန် အရေး ပေါ်လူနာတင်ယာဉ်ဆယ်စီးထား ရှိသည့် အစီအစဉ်ကို ယနေ့(ဇူ လိုင် ၃၁ရက်)တွင် စတင်ပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။
အရေးပေါ်လူနာများကို ကု သကယ်တင်ရန် အမြန်လမ်းတစ်လျှောက်ထောက် ကြန့်လမ်းဆုံမှစ၍ မိုင်တိုင် ၄၀အကွာအဝေးတိုင်းတွင် အရေးပေါ်ကားတစ်စီးနှုန်းဖြင့်စုစုပေါင်း ၁၀ စီးထားရှိသွားမည်ဟု ကုသရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုသည်။
‘‘အမြန်လမ်းပေါ်မှာဖြစ်တဲ့ ယာဉ်တိုက်အရေးပေါ်လူနာတွေ ကို ကယ်ထုတ်မှာပါ။ အရေးပေါ် ကားတွေထဲမှာ အသက်ရှူစက် တွေရော၊ အောက်ဆီဂျင်တွေ ရော၊ နှလုံးကို တူးဆွတဲ့စက်တွေ ရောစက်ပစ္စည်းအပြည့်အစုံပါဝင် မှာပါ’’ဟု ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောသည်။
အမြန်လမ်းတွင် အရေးပေါ် ယာဉ်တိုက်မှုများဖြစ်ပေါ်ပါက အရေးပေါ်ဖုန်နံပါတ် ၁၉၂သို့ ဆက်သွယ်အကူအညီတောင်းနိုင် ကြောင်းနှင့် အဆိုပါ ၁၉၂အရေး ပေါ်ဖုန်းနံပါတ်ကို နေပြည်တော် ခုတင်တစ်ထောင်တွင် ထားရှိမည် ဟုဆိုသည်။
နေပြည်တော်ရှိ ခုတင်တစ် ထောင်အထွေထွေရောဂါကုဆေး ရုံကြီးက အဆိုပါကောလ်စင်တာ ၁၉၂ကို ထိန်းချုပ်ပြီး အမြန်လမ်း မကြီးတစ်လျှောက် နီးစပ်ရာတိုက် နယ်ဆေးရုံများတွင် ထားရှိထား သည့် အရေးပေါ် ယာဉ်များဖြင့် ချိတ်ဆက်ကာ ခုတင်တစ်ထောင် ဆေးရုံက ညွှန်ကြားမည်ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။
‘‘ခုတင်တစ်ထောင်မှာကွပ် ကဲပြီး အဲဒီမှာအရေးပေါ်ကုသတဲ့ ဆရာဝန်တွေက နေပြီးတော့သူတို့ကလိုအပ်တဲ့ညွှန်ကြားမှုတွေလုပ်ပါမယ်’’ဟု ၎င်းကပြောသည်။
အရေးပေါ်ကုသရေးယာဉ် တွင် မြန်မာနိုင်ငံကြက်ခြေနီအ သင်း၊ရန်ကုန်-မန္တလေးအမြန်ရဲ တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ၀န် ထမ်းများ၊ အသက်ကယ်ပစ္စည်း နှင့် ဆေးဝါးများအပြည့်အစုံပါဝင် မည်ဖြစ်သည်။
‘‘အရေးပေါ်ဖြစ်တဲ့လူနာ တွေကို အခုလိုမျိုးကယ်တင်မယ် ဆိုတာ အရမ်းကောင်းတဲ့အစီအ စဉ်တစ်ခုပါ။ သူတို့ပြောသလိုလုပ် မယ်ဆိုရင် အမြန်လမ်းမှာမသေ သင့်ဘဲ သေနေရတဲ့လူတွေမသေ တော့ဘူး’’ဟု အမြန်လမ်းတွင် ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားလာ သူ ကိုအောင်မျိုးကပြောသည်။

No comments: