Saturday, July 30, 2016

အင်းဝမြို့ဟောင်းနဲ့ တံတားဦးမြို့နယ်အတွင်း ကျေးရွာတချို့ ရေနစ်မြုပ်



(မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ ဇူလိုင်လ ၂၉ ရက်နေ့က တိမ်းမှောက်စဉ်) Photo: Than Htay
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က အင်းဝမြို့ဟောင်းနဲ့ ကျေးရွာ ၁၁ ရွာမှာ ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ်ထားရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ရေကင်းတွေလည်း ချထားပေးတယ်လို့ တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင် က ပြောပါတယ်။

မနေ့ကစပြီး လူနေအိမ်တွေထဲကို ရေဝင်လာတာဖြစ်ပြီး လက်ရှိ ရေကြီးနစ်မြုပ်တဲ့ ကျေးရွာတွေအနီးက ကုန်းမြင့်ပိုင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားပါတယ်။

တံတားမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ ရေနစ်မြုပ်နေတဲ့အတွက် သွားလာရေးခက်ခဲနေပြီး လှေတွေနဲ့ သွားလာနေရပါတယ်။

မနေ့က မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ တိမ်းမှောက်ခဲ့ပြီး ကျောင်းဆရာတစ်ဦး ဆရာမတစ်ဦးနဲ့ ဒေသခံတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟသာင်္တမြို့နယ်နဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတာ ၂ ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအခြေအနေမှာ ရေကင်းစောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

No comments: