Sunday, July 31, 2016

နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ထိပါးသည် ဟူသော စွပ်စွဲချက်ဖြင့် ဂျပန် နိုင်ငံသား တစ်ဦးကို တရုတ်အစိုးရ ဖမ်းဆီး စစ်ဆေး


Sunday, July 31, 2016

နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ထိပါးသည်ဟူသော စွပ်စွဲချက်ဖြင့် သံသယရှိသူ ဂျပန်နိုင်ငံသား တစ်ဦးကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃ဝ ရက်တွင် Reuters သတင်းဌာနသို့ ပြောကြားသည်။

အသက် ၅ဝ ကျော် အရွယ်ရှိ ဖမ်းဆီးခံရသူ ဂျပန်အမျိုးသားသည် ပေကျင်းမြို့တွင် ဇူလိုင် ၁၅ ရက်အထိ ငါးရက်သာ နေထိုင်ရမည် ဖြစ်သော်လည်း ယနေ့အချိန်ထိ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အပြင် ၎င်းနှင့် ဖုန်းအဆက်အသွယ်လည်း မရရှိကြောင်း ဂျပန်အစိုးရ၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာန၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဂျပန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံရသည်ဟူသော သတင်းကို ဂျပန်အစိုးရက ဇူလိုင် ၂၈ ရက်တွင်ထုတ် ဖော်ပြောကြားခဲ့သော်လည်း မည်သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ထို့နောက် တရုတ်နိုင်ငံတွင် သူလျှိုလုပ်ကြောင်း သံသယရှိသည်ဟု စွပ်စွဲချက်ဖြင့် ၎င်းအမျိုးသားကို ဖမ်းဆီးထားခြင်းနှင့် စပ်လျဉ်း၍ သတင်းဌာနက မေးမြန်းခဲ့ရာ ဂျပန် နိုင်ငံသည် မည်သည့်နိုင်ငံကိုမျှ သူလျှိုလုပ်ခြင်း မရှိကြောင်း အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီဟိုက်ဆူဂါက ပြောကြားထားသည်။

တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် နယ်မြေပိုင်နက် အငြင်းပွားမှုအပြင် ဂျပန်နိုင်ငံ၏ စစ်အတွင်း ကျူးကျော်မှုမှ ရရှိလာသော ဆိုးမွေတို့နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ယိုယွင်းလျက် ရှိသည်။

Ref: Reuters
မြ၀တီ


No comments: