Wednesday, June 29, 2016

ဒေါ်စု နှင့် အပေါင်းအပါတစု မပြောရဲသော အမှန်တရား ကို ဒေါက်တာ ခင်မောင်ညွန့်ပြောပြီ ••••••••••••••••••••••••••••••••••••••••••••••••• °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် လုပ်နေတဲ့သူကို
ကျွန်တော်ပြောရရင် ပုဂ္ဂိုလ်ရေးအရမသိပါဘူး။ အဲ့ဒီလူ ဘန်
ကီမွန်း ကိုယ်နှိုက်ကကိုက ကျွန်တော်တို့က လက်မခံပါဘူး
ဆိုတဲ့ ရိုဟင်ဂျာကို လက်ခံပါလို့ပြောနေတာကိုက မှားနေတယ်”

“ဒီတော့ ကျွန်တော်ကသူ့ဆီကို စာတောင်ရေးတယ်။ ဒီလို
ဒီလိုပဲ ခင်ဗျားသည် UN အကြီးအကဲဖြစ်ပြီးတော့ အချုပ်အခြာ
အာဏာပိုင်တဲ့နိုင်ငံတွေ စုပေါင်းထားတဲ့ UN လိုနေရာမျိုးကနေ
အချုပ်အခြာအာဏာပိုင်နေတဲ့ နိုင်ငံကို ခင်ဗျားအနေနဲ့ အတင်း
အဓမ္မသြဇာပေးခွင့်မရှိဘူး။ ကျွန်တော်က စကားပြောရင် နည်းနည်း
ငေါ့တာလေးပါတတ်တယ်။ ခင်ဗျားအနေနဲ့ မြန်မာပြည်ကို သုံးခါ
လေးခါလောက်လာလို့ မြန်မာအကြောင်း၊ မြန်မာ့တိုင်းရင်းသားတွေ
အကြောင်း ဘယ်လောက်သိသလဲ။ ဒီလိုမေးခွန်းမေးပြီး ပို့တယ်။
သူ့ဆီရောက် မရောက်တော့မသိဘူး။ ဒါပဲ ကျွန်တော်တို့က
တတ်နိုင်တယ်။ မျက်နှာချင်းဆိုင်လဲ ကျွန်တော်ပြောရဲပါတယ်။
အပြင်မှာတွေ့လဲ ပြောဦးမယ်။ သူ အကယ်၍ အဲ့ဒီရာထူးစွန့်သွားလဲ
နောက်တက်မယ့်လူရှိတယ်။ ဘယ် ကုလသမဂ္ဂညွှန်ကြားရေးမှူး၊
အထွေထွေအတွင်းရေးမှူးကမှ အဲ့ဒီလို လုပ်မစားဘူး။ ဦးသန့် ဆိုတာ
ဝေလာဝေး။ ဒါတွေကအတော်ခက်တယ်။ ဒါက တစ်ပိုင်း။”

“ကျွန်တော်ငယ်ငယ်က ကြီးသည်ထိအောင် ကျွန်တော့်ဆရာကြီးတွေ
ဖြစ်တဲ့ ဆရာဦးဖေမောင်တင်၊ မစ္စတာဂျီအိပ်ခ်ျလုစ်။ ရှေးဟောင်းသုတေ
သနဌာန၊ သမိုင်းဌာန၊ မြန်မာစာဌာနမှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး
နှစ်ဦးဖြစ်တဲ့ သူတို့ကိုဖိတ်ခေါ်ပြီးတော့ ဆွေးနွေးပွဲလုပ်တယ်။ အဲ့ဒီလို
လုပ်တော့ အထူးသဖြင့် ဆရာဦးဖေမောင်တင်က ပြောသွားတယ်။
ဘာလဲဆိုတော့ ... မျိုးဆက်သစ် လူငယ်ပညာရှင်အပေါင်းတို့၊
တို့ဗမာမှာ ဆိုရိုးရှိနေတယ်။ ပုဂံရာဇ၀င်ကိုပြောရင် တုတ်ထမ်း
ပြောရမယ်လို့ပြောကြတယ်။ တုတ်မထမ်းကြပါနဲ့ တပည့်တို့၊
*ပေါက်တူးထမ်းပါ*တဲ့။ တုတ်ထမ်းပြောတယ်ဆိုတာ
တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရင် ရိုက်ကြနှက်ကြနဲ့
မကောင်းဘူးတဲ့။ အမှန်တရားရှာဖွေလို့ရှိရင် မြေကြီးက သက်သေ
ထူထားတယ်။ ဗုဒ္ဓမြတ်စွာဘုရားတောင်မှ တစ်သက်လုံး သူမကောင်း
တာမလုပ်ထားပါဘူး။ ကောင်းတာတွေချည်းပဲလုပ်တယ်ဆိုတာကို
မြေကြီးကို သက်သေထူခဲ့တယ်။ ဘုရားတောင်မှ သူလုပ်ခဲ့တဲ့
ကောင်းမှုတွေအားလုံး မြေကြီးထဲမြုပ်နေတယ်။ အဲ့ဒီတော့
သုတေသနနည်းအရ တူးကြည့်တဲ့။”

“လက်ခံတာမခံတာအပထားပြီး မြေကြီးက ထိန်းထားတာကို
တူးကြည့်။ အမှန်တရား ပေါ်လိမ့်မယ်။ အဲ့ဒီအမှန်တရားကို
အတင်းငြင်းလို့လဲမရဘူး။ မလိုချင်လို့လဲမရဘူး။ လိုချင်လို့လဲ
မရဘူး။ အဲ့ဒီတော့ အခုဒီနေ့ အာကုန်အော်အော်နေတဲ့ လူ့
အခွင့်အရေးကပ်၊ ဟိုကပ်ဒီကပ် ဘာကပ်ညာကပ်ပြီး အော်နေတဲ့
ပုဂ္ဂိုလ်တို့သည် အမှန်တရားဖြစ်တဲ့ သုတေသနနည်းနဲ့ သမိုင်း
နည်းနဲ့ စစ်ကြည့်တဲ့အခါကြတော့ ရှိသလား မရှိသလားပေါ်လာ
ပါလိမ့်မယ်။”

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ကျောင်းဖတ်စာကော်မတီမှာ ကျွန်တော်
အကြီးအကျယ်ပြောခဲ့ရတယ်။ ပညာရေးတက္ကသိုလ်ဆီကို အဲ့ဒီစကား
ဝင်လာတယ်။ ဒါက ဒီဘက်ပိုင်းမှာ။ လမ်းစဉ်ပါတီခေတ်တုန်းကနော်။
သမိုင်းစာအုပ်တွေပြုစုတဲ့အချိန်ကျတော့ ကျွန်တော်လည်းပါတယ်။
ပညာရေးတက္ကသိုလ်ကပေါ့။ အဲ့ဒီတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ
အဲ့ဒီရိုဟင်ဂျာဆိုတာကို တစ်ယောက်ကသွင်းလာတယ်။ အဲ့ဒီပုဂ္ဂိုလ်
ကတော့ သူ့အကြောင်းနဲ့သူမို့ ရှည်ရှည်ထူးထူးမပြောတော့ပါဘူး။
နောက်က ဘက်ဂရောင်းလေးနဲ့လာတယ်။ ပုဂ္ဂိုလ်ရေးစာလေးတောင်
ပါသေးတယ်။ အဲ့ဒီကိစ္စ အကြီးအကျယ်ပြောကြတော့ ...ကောင်းပြီ
ဆရာသက်သေထူ။ မြန်မာနိုင်ငံတိုင်းရင်းသားမျိုးနွယ်စုပေါင်းမှာ
ကမ္ဘာ့ပညာရှင်တွေက ဘာသာစကားမှာ အုပ်စုသုံးစုလုပ်ထားတယ်။
တိဗက်တိုဘာမန်းအုပ်စု၊ ထိုင်းတရုတ်အုပ်စုနဲ့ မွန်ခမာအုပ်စု။ အဲ့ဒီ
အုပ်စုတွေထဲမှာ ဘယ်ဘာသာစကားနဲ့ပြောသလဲ။ ဆိုတော့ မနုဿ
ဗေဒပညာရှင်ကိုယ်စားလှယ်လဲပါလာတယ်။ မပြောနိုင်ဘူး။ ဒီလိုဆိုရင်
ကောင်းပြီ တူးဖော်ကြည့်ရအောင်။ အဲ့ဒီပုဂ္ဂိုလ်တွေနေခဲ့တဲ့ ရွာတို့၊
မြို့တို့၊ သူတို့ထားခဲ့တဲ့ နေရာတွေကိုပြ။ ကျွန်တော်တို့တူးကြည့်မယ်။
ဒီလိုပြောတော့ ဒါလဲပြန်မပြောနိုင်ကြဘူး။ သူတို့နောက်ကောက်ကျ
သွားတယ်။ အဲ့ဒီတုန်းက ဖတ်စာကော်မတီက လုံးဝဖယ်လိုက်ရတယ်။
သူတို့မထုတ်ဖြစ်ဘူး။”

“အဲ့ဒီလိုပဲ မြေကြီးကသက်သေထူလိမ့်မယ်။ အမှန်တရားသည် ..နော်။
ဒီတော့ ဘာအထောက်အထားမှ အမှန်တကယ်မတွေ့ရတဲ့ ဒီလူမျိုးစု
အကြောင်းကို တိုင်းရင်းသားအဖြစ် အတင်းသြဇာပေးနေတဲ့ ကုလသ
မဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းဆိုတဲ့သူကို ဒါတွေပြောပြ
ပြီးတော့ သူ့ပါးစပ်ကို ပိတ်ခိုင်းထားဖို့ ကျွန်တော်ကပြောချင်တယ်။”

*ဒေါက်တာခင်မောင်ညွန့် - (ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း
သုတေသန-အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် (ငြိမ်း)*

A Seminar on the Cultural History of Rakhine , 28.1.2016

No comments: