Thursday, June 30, 2016

ဈေးပေါတဲ့ အိန္ဒိယ စမတ်ဖုန်း၊ အမှန်အကန်လား အကြံအဖန်လား



အိန္ဒိယ နိုင်ငံမှာ တစ်လုံးကို ဒေါ်လာ ၄ ဒေါ်လာ၊ ပေါင်အားဖြင့်ဆို ၃ ပေါင် တောင်မှ မကျတဲ့ စမတ်ဖုန်း အလုံးရေ ၂ သိန်း ဖြန့်ဖို့ အသင့်ဖြစ် နေပြီလို့ Ringing Bells ဆိုတဲ့ ဖုန်းကုမ္ပဏီ က ကြေညာပါတယ်။

စမတ်ဖုန်းတွေကို ဈေးပေါပေါနဲ့ ထုတ်မယ် ဆိုပြီး Ringing Bells က အခု နှစ်ဆန်း ကတည်းက ကြွေးကြော် နေတာပါ။

အခုတော့ Freedom 251 လို့ နာမည် ပေးထားတဲ့ Android စံနစ်သုံး ဖုန်းတွေကို အိန္ဒိယ ငွေကြေး၂၅၁ ရူပီး တည်းတဲ့ ရောင်းမယ်လို့ ဆိုပါတယ်။ အမေရိကန် ၄ ဒေါ်လာတောင် မရှိတဲ့ သဘောပါ။

ဈေးချိုသလို စမတ်ဖုန်း လို့ ခေါ်နိုင်တဲ့ သွင်ပြင် လက္ခဏာတွေ ပြည့်စုံပါတယ်။ ကင်မရာ အရှေ့အနောက် နှစ်ဘက် စလုံးပါတယ်၊ ဖုံး မျက်နှာပြင်က ၄ လက္မကျယ်တယ်၊ အလုပ်လုပ် နိုင်စွမ်း 1GB Ram၊ အချက်အလက်တွေကို 8 GB ပမာဏ သိမ်းထား နိုင်ဖို့ ဖုန်းထဲ တခါတည်း ထည့်ပေးပြီးသား ဖြစ်တယ်… အင်တာနက်၊ အီးမေးလ် သုံးလို့ရတယ်၊ သီချင်း နားထောင် နိုင်တယ် စတဲ့ အရည်အသွေးတွေ ရှိပါတယ်။

အရောင်ရွေးမယ် ဆိုလည်း အဖြူရောင် ကြိုက်လား အမည်းရောင် ကြိုက်လား ရွေးချယ် ခွင့် ရှိမယ်လို့ ဆိုပါတယ်။

ဖုန်းကို လက်ထဲ ကိုင်ကြည့်၊ သုံးကြည့်ခဲ့တဲ့ ဒေလီက ဘီဘီစီ သတင်းထောက် ရှီလ်ပါး ကာနန်ကတော့ Apple iPhone 5 ရဲ့ အထိအတွေ့လိုပဲ၊ သုံးရတာလည်း အခြေခံ စမတ်ဖုန်းတွေလို ကောင်းကောင်း အလုပ် လုပ်တယ်လို့ ဆိုပါတယ်။

သန်းပေါင်း များစွာ ရှိတဲ့ အိန္ဒိယ ဈေးကွက်ကြီးရဲ့ ၀ယ်လိုအားကို ပြည့်မှီအောင် Ringing Bells ဖုန်းကုမ္ပဏီ က ဖြည့်ဆည်း ပေးနိုင်မှာလား ဆိုတဲ့ မေးခွန်းတော့ ပေါ်ပေါက် နေပါတယ်။

ပါလီမန် အမတ် တစ်ယောက် ဖြစ်တဲ့ ကီရစ် ဆိုမိုင်ရားက ဘယ်လောက်ထိအောင်များ မယုံသင်္ကာ စိတ်နဲ့ စွပ်စွဲနေလဲဆို ဖုန်းကုမ္ပဏီဘက်က တစ်ခုခုကို အချီကြီး ညာဖို့ ခြေလှမ်းနေတာ ဆိုပြီး သူ့ ရဲ့ သံသယကို ဘီဘီစီကို ပြောပါတယ်။

BBC Burmese

No comments: