Wednesday, June 29, 2016

ထူးအိမ်သင်ရေးသား၊ သီဆိုခဲ့သော သီချင်းများကို တစ်စုတစ်စည်းတည်း သီချင်းစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေမည် --- --- --- ---



ကွန်လွန်သွားပြီဖြစ်သော နာမည်ကျော်အဆိုတော်နှင့် ဂီတပညာရှင် ထူးအိမ်သင် ကိုယ်တိုင်ရေးသား သီဆိုခဲ့သော သီချင်းများကို သီချင်းစာအုပ်အဖြစ် ထုတ်ဝေမည်ဖြစ်ကြောင်း ထူးအိမ်သင်နှင့်နီးစပ်သော အသိုင်းဝိုင်းထံမှ သိရသည်။

ယခင် ၁၉၉၀ ပြည့်နှစ်ကျော်ကာလများက ထူးအိမ်သင်တေးပေါင်းချူပ်အမည်ဖြင့် သီချင်းစာအုပ်များထွက်ရှိခဲ့ဖူးသော်လည်း ပြည့်စုံမှုမရှိခြင်းနှင့် သမိုင်းမှတ်တမ်းတရပ်အနေဖြင့် သီးခြား ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ထုတ်ဝေရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထူးအိမ်သင်နှင့်နီးစပ်သူ ဒီဇိုင်းမျိုးဆွေသန်းက ၄င်း၏ ဖေ့ဘုပ်လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဒီဇိုင်းအဆင်အပြင်ကို ၄င်းကိုယ်တိုင် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ထူးအိမ်သင်နှင့် ပတ်သက်သော ဓါတ်ပုံမှတ်တမ်း ၊ ပန်းချီမှတ်တမ်းများ မူရင်းသီချင်းစာသားလက်ရေးများကိုလည်း စုဆောင်းနေသည်ဟု သိရသည်။

' ကိုငှက်ကို ချစ်ခင်တဲ့သူတွေက ကိုငှက်နဲ့ ပါတ်သက်တဲ့ ပုံလေးတွေ ရေးဆွဲထားတာကို ထည့်သွင်းပုံနှိပ်ပေးမယ်လို့ ကျွန်တော်ကြေငြာပေးတဲ့အခါ ကိုငှက်ကို ချစ်ခင်တဲ့သူတွေက ပုံတွေ
ပေးပို့ကြပါတယ်၊ အဲဒါတွေအားလုံးကို ရောင်စုံပုံနှိပ်ပြီး သီချင်းစာအုပ်
အတွင်းမှာ ထည့်သွင်းပေးပါမယ်။အဲဒီတုန်းက ကျွန်တော်ကြေငြာပေးတဲ့အခါ၊ အသုံးပြုမယ် မပြုဖူးဆိုတာ ကျွန်တော်တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။
ပြီးတော့ ကိုငှက်က ကျွန်တော်တို့အတွက် ထားခဲ့တာအများကြီးပါလားလို့ခံစားရရင် သူပြောခဲ့သလိုပဲ ချစ်ခြင်းအားဖြင့်သာ ပေးပါ၊ အခကြေးငွေ ချီးမြှင့်မှာ မဟုတ်သလို မိသားစုကထုတ်ဝေတာဖြစ်လို့ စာအုပ်တစ်အုပ်မှ မရခဲ့လျင်လည်း နားလည်ပေးကြပါ၊ ချစ်ခြင်းအားဖြင့်သာလို့ ပြောခဲ့တာ
အခုလည်း အဲဒီအတိုင်းပါပဲ။ ' ဟု ဒီဇိုင်းမျိုးဆွေသန်းက ဆိုသည်။

၁၉၈၆ ခုနစ်က ထုတ်ဝေခဲ့သည့် နာရီပေါ်က မျက်ရည်စက်များ တေးစီးရီးဖြင့် စတင်ကျော်ကြားလာခဲ့သူ အဆိုတော် ထူးအိမ်သင်မှာ ၂၀၀၄ ခုနစ်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သည်မှာ ၁၀ နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန်အထိ ထူးအိမ်သင်၏ တေးသီချင်းများမှာ လူထုအကြား နားဆင်ခံစားနေကြဆဲဖြစ်ကြောင်းလည်း သိရသည်။

The Ladies News


No comments: