Wednesday, June 29, 2016

‘‘တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၁၀၀ ကို တစ်ပုံစံတည်းဆောက်ပါမယ်။ ၂ နှစ်အတွင်းမှာ အပြီးဆောက်သွားမှာပါ’’ လွင်မိုးနှင့်တွေ့ဆုံခြင်း

ဓာတ်ပုံ-နစ်ကီ

ရုပ်ရှင်လောက၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သော ရုပ်ရှင်ရုံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သရုပ်ဆောင် လွင်မိုးနှင့် မိတ်ဆွေတစ်ဦးတို့ ပူးပေါင်းတည်ထောင်ထားသော Maze ကုမ္ပဏီက တစ်နိုင်ငံလုံးတွင် ၂ နှစ် အတွင်း ရုပ်ရှင်ရုံ ၁၀၀ ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ်သည်။ ထို့ကြောင့် လွင်မိုးကို ၎င်းတို့၏ လုပ်ငန်းစဉ်များ အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရုပ်ရှင်ရုံတစ်ရာတည်ဆောက်ဖို့ လုပ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ကိုလွင် မိုးအနေနဲ့ ဘယ်လိုတာဝန်ယူ ဆောင်ရွက်သွားမယ်ဆိုတာ ပြောပြပေးပါလား။

အဓိကက ကိုယ်တို့မှာ အ ခက်အခဲဖြစ်တာ ငွေရေးကြေးရေးအပိုင်း။ အဲဒါကို ကမ္ဘောဇဥက္ကဋ္ဌ ကြီး (ကမ္ဘောဇဘဏ်အပါအဝင် စီးပွားရေးလုပ်ငန်းစု)က ကူညီမှာဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတစ်ရာဖြစ်သွားတာ။ အဓိကတစ်ချက်ကတော့ နှစ်ယောက်ဦးဆောင် တာပေါ့။ တစ်ယောက်ကတော့ကိုယ်၊ နောက်တစ်ယောက်က တော့ Studio 35 က ဦးတင်မောင် ဝင်းက ဦးဆောင်တာပေါ့။ ဦးတင် မောင်ဝင်းကတော့ နည်းပညာ ပိုင်း၊ ရုပ်ရှင်ရုံ Structure ပိုင်း၊ ရုပ်  ရှင်ရုံထဲမှာ ထည့်မယ့်စက်ပစ္စည်း ပိုင်း၊လက်မှတ်ရောင်းမယ့် Tick-eting ပိုင်း အဲဒီနည်းပညာပိုင်းတွေ လုပ်တယ်။ ကိုယ်ကတော့ ငွေရေး ကြေးရေးအပိုင်း Flnance ပိုင်းကို လုပ်တယ်။

ပြီးခဲ့တဲ့ရက်ကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနမှာ သွားဆွေးနွေးတာဆိုတော့ အဲဒီအ ကြောင်းလည်း ပြောပြပေးပါဦး။

ကိုယ်တို့ကတော့ ရုပ်ရှင်ရုံ တွေ  မကြာခင်မှာ ဆောက်တော့ မှာဖြစ်တဲ့အတွက် ရုပ်ရှင်လုပ်ငန်း က ပြန်ကြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့အတွက် ပြည် ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံပြီး ကိုယ်တို့ရဲ့လုပ်ငန်းစဉ်တွေကို သွားပြီးတင်ပြခဲ့တာပါ။

ကမ္ဘောဇဘက်က ကူညီခဲ့တာဆို တော့ အကျိုးအမြတ်ပိုင်းခွဲဝေမှု တွေ ရှိဦးမလား။

ရုပ်ရှင်လောက တိုးတက်ဖို့ အတွက် အဓိကကူညီတာ။ ကူညီ ရင်းနဲ့မှ ရုပ်ရှင်လောကသားတွေ၊ စားဝတ်နေရေးအဆင်ပြေအောင် ဆိုပြီး ကိုယ်နဲ့ရင်းနှီးတဲ့ အနုပညာ ရှင်တွေကိုလည်း ဒီအထဲမှာ ရှယ် ယာထည့်ပြီး လုပ်ဆောင်သွားမှာ ပါ။ အဲဒီမှာ ကိုယ်တို့က ထူးထူး ခြားခြား Investment ရဲ့ ၃ ရာခိုင် နှုန်းကို ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အတွက် ရာသက်ပန်ရှယ်ယာ ထည့်ပေးလိုက်ပါတယ်။ နောက် ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး အ များပိုင်အတွက်က ၅ ရာခိုင်နှုန်း။ ကိုယ်တို့ရဲ့ Investment ကနေ ထည့်ပေးထားပါတယ်။ ပြီးတော့ အဲဒီကနေရလာတဲ့ အမြတ်ငွေ ၅ ရာခိုင်နှုန်းကို ရုပ်ရှင်အစည်းအရုံး ကို ငါးနှစ်စာလှူဒါန်းသွားမှာဖြစ် ပါတယ်။

ရုပ်ရှင်ရုံတွေဆောက်ဖို့အတွက် ဘယ်တော့လောက်အကောင်အ ထည်ဖော်သွားမှာလဲ။ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ဆောက်မှာ ဆိုတော့ မြို့ကြီးတွေမှာ အရင်ဆုံးဆောက်သွားမှာလား။

ကိုယ်တို့ရဲ့ ရည်ရွယ်ချက်က ရုပ်ရှင်ရုံမရှိသောမြို့မှာ ရုပ်ရှင်ရုံ စဆောက်ပါမယ်။ ရုပ်ရှင်ရုံပေါ များတဲ့ မြို့ကြီးတွေကိုတော့ နောက်ဆုံးအစီအစဉ်မှာပဲ လုပ်ပါ မယ်။ အခု Pilot Project (ကနဦး စီမံချက်)အနေနဲ့ ရုပ်ရှင်ရုံနှစ်ရုံ ဆောက်ပါမယ်။ တစ်ရုံက အောင် ပန်းမှာ။ အောင်ပန်းကတော့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကြီးရဲ့မြေ ပါ။ ဘဏ်ဝန်ထမ်းတွေနေဖို့ဆို ပြီး ဝယ်ထားတဲ့မြေမှာ ရုပ်ရှင်ရုံ စဆောက်ပါမယ်။ နောက်တစ်ခု ကတော့ တိုက်ကြီးမှာနေရာရွေး ထားပါတယ်။ ရုပ်ရှင်ရုံနှစ်ရုံ Pilot Project အနေနဲ့ ဆောက်ပါမယ်။ တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၁၀၀ ကို တစ်ပုံစံတည်းဆောက်ပါမယ်။ အဲဒီနှစ်ရုံမှာ တပ်ဆင်မယ့်စက် တွေ၊ ခုံတွေ၊ ကိုယ်တို့က Steel Structure နဲ့ဆောက်မှာဖြစ်တဲ့အ တွက် တပ်ဆင်မယ့် Steel တွေရဲ့ Measurement (အတိုင်းအတာ) တွေကို အဲဒီရုံနှစ်ရုံမှာ သေချာ အောင် လုပ်ရပါမယ်။ ပြီးသွားရင် တော့ အဲဒီအတိုင်းကိုပဲ ရုံတစ်ရာလုံးကို တစ်နိုင်ငံလုံးဆောက်သွား မှာပါ။ ၂ နှစ်အတွင်းမှာ အပြီး ဆောက်သွားမှာပါ။

လက်ရှိရုံတင်စနစ်က ရုပ်ရှင်တွေ ကို အကန့်အသတ်နဲ့ ပြသနေရ တာဆိုတော့ ရုပ်ရှင်ရုံတွေ တည် ဆောက်တာက ဘယ်လိုအကျိုး တွေရရှိမယ်လို့ ယုံကြည်ထားလဲ။

ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က အခိုင်အမာရှိတယ်။ သူတို့ရုပ်ရှင် မကြည့်ရတာ ရုံတွေမရှိလို့ မကြည့်ရတာ။ ပြီးတော့ နယ်မှာရှိတဲ့ ရုံ တွေကလည်း လက်ရှိယူထားတဲ့ သူတွေက စီးပွားရေးသော်လည်း ကောင်း၊ ခေတ်ကာလအခြေအ နေအရသော်လည်းကောင်း မြို့ လယ်ကောင်တွေမှာဖြစ်တဲ့အ တွက် ဒီမှာ ရုပ်ရှင်ရုံတစ်ခုတည်း ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တခြား စီးပွားရေးနဲ့ယှဉ်ရင် အလှမ်းကွာ တဲ့အခြေအနေရှိနေတယ်။ နယ် တွေမှာ လက်ရှိပြသနေတဲ့ရုံတွေ ကလည်း ပြုပြင်နိုင်မှု အားနည်း တဲ့အတွက် နယ်မှာရှိတဲ့ ရုပ်ရှင် ပရိသတ်တစ်ယောက်တောင် ရုံ မှာသွားကြည့်ဖို့ အခက်အခဲဖြစ် နေတယ်။ ဒါပေမဲ့ သူတို့အသီးသီး သည် မြန်မာ့ရုပ်ရှင်ကို အလွန်အ မင်းကြည့်ချင်တဲ့ ဆန္ဒပြင်းပြသူ တွေဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တို့ရုပ်ရှင်ရုံတစ်ရာက ရုပ်ရှင်ရုံထဲကို ဝင်သွားရင်၊ ဟိုတယ်တစ် ခုထဲကို ဝင်သွားရသလို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရုပ်ရှင်ရုံ မှာ အဲကွန်းကအစ၊ အသံကအစ၊ ပြသတဲ့စက်ကအစ ဟောလိဝုဒ် မှာပြတဲ့ စက်အစစ်တွေကိုဝယ်ဖို့ သဘောတူညီမှုတွေ ပြီးသွားပါပြီ။ အဲဒါတွေ တပ်ဆင်ပြီး နယ်ရော၊ မြို့ရော ထိုင်ခုံတွေကအစ တစ်ပုံ စံတည်းဖြစ်အောင် ကွာလတီက အစ တစ်ပုံစံတည်းဖြစ်အောင် နယ်နဲ့၊ မြို့နဲ့ မခွဲခြားဖို့ကိုလည်း ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကြီးက ညွှန် ကြားထားပါတယ်။ နောက်ပြီး ကိုယ်တို့က ရုံတစ်ရာကို စလိုက် ပြီးတော့ Demand (ဈေးကွက်) ရှိရင် ရှိသလို နယ်တွေမှာ ရုံတွေ ဆောက်သွားမယ်။ အဲဒီတော့ ကိုယ်တို့ကုမ္ပဏီအနေနဲ့ ငါးနှစ် ကြာတဲ့အချိန်မှာ ရုံနှစ်ရာလည်း ဖြစ်မယ်၊ သုံးရာလည်းဖြစ်ရင်ဖြစ် မယ်။ ဆယ်နှစ်ကြာတဲ့အချိန်မှာ လေးရာဖြစ်ရင်ဖြစ်မယ်၊ ငါးရာ လည်းဖြစ်ရင်ဖြစ်မယ်။ မြန်မာ နိုင်ငံတစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံက ခုံလိုအပ်ချက်က အရေအတွက် အနည်းဆုံး သုံးသိန်းလောက်လို အပ်နေတာပါ။ အခုလက်ရှိ လည် ပတ်နေတာက ခုံရှစ်ထောင် လောက်နဲ့ လည်ပတ်နေတာပါ။

အရင်ကတော့ စီးပွားရေးအနေနဲ့ တခြားနေရာတွေမှာပဲ ရင်းနှီးမြှုပ် နှံမှုတွေလုပ်တယ်။ အခုရုပ်ရှင်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်ဖြစ်တာက ဘာကြောင့် လဲ။

စီးပွားရေးအရ လုပ်မယ်ဆို ရင်တော့ ငွေရေးကြေးရေးအမြတ် အစွန်းကို ဦးစားပေးပြီးလုပ်ကြ တာပေါ့လေ။ နောက်တစ်ခုက ကိုယ်ကျင်လည်ခဲ့တဲ့ လောကအ တွက် ပြန်ပြီးကြည့်မယ်ဆိုရင် တော့ ငွေကြေးအမြတ်အစွန်းမရှိ ပေမယ့်လည်း တစ်ခါတလေကျ ရင် လောကတိုးတက်ဖို့ စိုက်ထုတ်ရတာလည်း ရှိရင်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံတည်ဆောက်တဲ့ လုပ်ငန်းဟာ ရုပ်ရှင်လောကသား အတွက် ကောင်းကျိုးဖြစ်သလို ရုပ်ရှင်ရုံတည်ဆောက်တဲ့သူတွေ လည်း စီးပွားဖြစ်တယ်ဆိုတဲ့ နှစ်ခု စလုံးတိုက်ဆိုင်မှုရှိနေပါပြီ။

လက်ရှိအချိန်မှာ ဈေးကွက်ရှိတဲ့ ရုပ်ရှင်ရုံအများစုကို တစ်ဦးတည်း ပိုင်ဖြစ်နေတာကကော ရုပ်ရှင် လောကရဲ့ ဆိုးကျိုးတစ်ခုလို့ ပြောလို့ရလား။

ရုပ်ရှင်အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ပြီးစဉ်းစား ကြည့်လိုက်ပေါ့။ ကိုယ်တို့ငယ် ငယ်တုန်းက ရုပ်ရှင်ရုံတွေမှာ ပိုစတာအကြီးကြီးတွေထောင်ပြီး ဒီဘက်ကတော့ ဦးကျော်ဆွေ ကား၊ ဟိုဘက်က ဦးဝင်းဦးကား၊ ဦးနေအောင်ကား၊ ကျော်သူကား၊ စိုးသူကား အပြိုင်အဆိုင်ပြကြတာ ကိုး။ အပြိုင်အဆိုင်ပြတဲ့နေရာမှာ ပိုင်ရှင်ဘယ်နှယောက်လဲ။ ဘာလို့ အပြိုင်အဆိုင်ဖြစ်ကြတာလဲ။ ဒီ တစ်ယောက်က ဒီကားတော့ရ တယ်။ ဟိုကားက ကွဲတယ်။ ဟို ကားကတော့ အမြတ်အစွန်းရ တယ်။ အဲဒီအချိန်တုန်းက ရုပ်ရှင် ဇာတ်ကားရဲ့ ကွာလတီက အရမ်း အားကောင်းတယ်။ အားကောင်း တဲ့အတွက် ရုပ်ရှင်ကမကျဆုံး ဘူး။ ဒီနေ့ဒီအချိန်ခါမှာ တစ်ဦး တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ အ ဖွဲ့အစည်းတစ်ခုတည်းပဲဖြစ်ဖြစ်၊ တစ်နေရာတည်းမှာပဲဖြစ်ဖြစ် ပြရ တာဖြစ်တဲ့အတွက် ကွာလတီပိုင်း က လျော့နည်းလာတယ်။ လူတွေ မှာ စွန့်စားချင်စိတ်မရှိတော့ဘူး။ ဘာလို့ စွန့်စားချင်စိတ်မရှိလဲဆို တော့ ပြန်ရမှာမသေချာတဲ့အ တွက် မစွန့်စားကြတာပဲ။ ကိုယ် အပါအဝင် လူတွေအကုန်လုံးက ရုပ်ရှင်ရုံတွေကို အာရုံစိုက်လာ မယ်။ ရုပ်ရှင်ရုံတွေဆောက်လာ မယ်ဆိုရင် ရုပ်ရှင်လုပ်ငန်းကြီး တိုးတက်သွားမယ်။ အပြိုင်အ ဆိုင်ဖြစ်လာမယ်။ အပြိုင်အဆိုင် ဖြစ်လာရင် လူတွေမှာ စိုးရိမ်စိတ် တွေ ဝင်လာမယ်။ ကိုယ့်ကား မကောင်းမှာကြောက်လာတယ်။ အဲဒါဆို ဘာလုပ်ရမလဲ။ သူများ ထက်ကောင်းအောင် ကြိုးစားရ မယ်။ အဲဒါရဲ့ Goal က ဘာလဲဆို တော့ ရုပ်ရှင်အဆင့်အတန်းအ ရည်အသွေးမြင့်မားလာမှာပဲ။

လက်ရှိအနုပညာလောကနဲ့ပတ် သက်ပြီး ဘာတွေအကြံပြုချင်တာ မျိုးရှိမလဲ။

အကြံပြုစရာတော့ သိပ်မရှိ ပါဘူး။ ကိုယ်တို့ရွေးချယ်လိုက်တဲ့ ရုပ်ရှင်ရုံဆိုတဲ့ စီမံကိန်းဟာ တော် တော်လေးကို မှန်ကန်တဲ့စီမံကိန်း ပါ။ ရုပ်ရှင်ရုံတစ်ရာမှာ တင်လို့ ဇာတ်ကားပေါက်သွားရင် ပေါက် သလို ပရိုဂျူဆာကလည်း အကျိုး ခံစားခွင့်ရှိတယ်။ မင်းသား၊ မင်း သမီးတွေကလည်း ငွေရေးကြေး ရေးအမြတ်အစွန်းတွေရမယ်။ ဘဝမှာ အာမခံချက်တွေရှိလာ မယ်။ ပရိသတ်တွေကလည်း ကြည့်ရတဲ့အရသာတွေ ပိုပြီး ကောင်းမွန်လာမှာ ဖြစ်တဲ့အတွက် အဘက်ဘက်က ပြည့်စုံနေတယ်။ နောက်ပြီး ခုနကလိုမျိုး ဇာတ်ကား အရည်အသွေးကျတာကို လိုက် ပြီးတော့ တွန်းတင်နေရတာမျိုး၊ ဇာတ်ကားကောင်းအောင် ရိုက် တာမျိုး၊ အင်တာနေရှင်နယ်ဖြစ် အောင် ကြိုးစားကြပါဆိုတာမျိုး၊ သီးခြားကဏ္ဍတွေမရှိတော့ဘဲ ရုပ်ရှင်ဆိုတဲ့ကဏ္ဍတစ်ခုတည်းကနေ တစိုက်မတ်မတ် လုပ်နိုင်မယ်ဆို ရင် ရုပ်ရှင်လုပ်ငန်းက ပြန်ပြီး အောင်မြင်လာမယ်ဆိုတာ တထစ်ချယုံကြည်ပါတယ်။

ရုပ်ရှင်ရုံတည်ဆောက်ရေးအ တွက် သီးသန့်ပဲလုပ်မှာလား။ ဒါ မှမဟုတ် ဈေးဝယ်စင်တာလိုမျိုး တွေနဲ့ တွဲပြီးလုပ်မှာလား။

မတွဲပါဘူး။ ရုပ်ရှင်ရုံသီးသန့် ပဲ ဆောက်မှာပါ။

ပြီးခဲ့တဲ့နှစ်က ဇာတ်ကားပြန်ရိုက် သလို အစ်ကို့ကို အနုပညာအလုပ်တွေ လုပ်စေချင်တဲ့ ပရိသတ်တွေ လည်းရှိသေးတာဆိုတော့ ဇာတ် ကားတွေ ပြန်ရိုက်ဖို့ရှိဦးမလား။

ကြွင်းကျန်နေတဲ့ ကိုလွင်မိုး ရဲ့ ပရိသတ်တွေအတွက်ကတော့ ကျွန်တော့်အနေနဲ့ မင်းသားအနေ နဲ့ ဟုတ်ချင်မှဟုတ်မယ်။ သို့သော် လည်း သူတို့ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ဟာ သူ့ရဲ့မှန်ကန်တဲ့လုပ်ရပ်တွေနဲ့ အနုပညာလုပ်ငန်းအပေါ်မှာ အား ပေးပြီး ကူညီတာကို သိရင်လည်း ဝမ်းသာကြမှာလို့ပဲ ပြောချင်ပါ တယ်။

အစ်ကိုရိုက်မယ်လို့ပြောထားတဲ့ နန်းဟာဗီးရုပ်ရှင်ကော ပုံဖော်နိုင် ဖို့ အချိန်နီးလာပြီလား။

နန်းဟာဗီးကတော့ ၂၀၁၇ မတ်လလောက်မှာ စပြီးရိုက်ဖို့ စီစဉ်နေပါပြီ။ မင်းသား၊ မင်းသမီး တွေကတော့ သေသေချာချာရွေး ရပါမယ်။ အကြံပေးအဖွဲ့တွေခေါ် ရမယ်။ အဲဒါကိုလည်း မြန်မာနိုင်ငံ ထဲမှာ ကျော်ကြားတဲ့ ဇာတ်ကား တစ်ကားဖြစ်အောင် ရိုက်ချင်ပါ တယ်။ အဲဒီအတွက် ကိုယ်အချိန် ပေးရပါဦးမယ်။ ၂၀၁၇ မတ်လဆို ရင် ဇာတ်လမ်းစပါပြီ။ ကိုယ်တိုင် ပဲ ဒါရိုက်တာလုပ်ဖြစ်မှာပါ။ မင်း သားအခန်းကဏ္ဍကနေပါဖို့မရှိပါ ဘူး။

ကျေးဇူးတင်ပါတယ်။

No comments: