Wednesday, June 29, 2016

ပင်လုံညီလာခံဖြစ်ရေး တပ်မတော်က ပူးပေါင်းပါဝင်မည်



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးနေစဉ်။ Photo: Senior General Min Aung Hlaing/ FacebooK
လာမယ့် သြဂုတ်လမှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်ဖက်က အတတ်နိုင်ဆုံးပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့ နေပြည်တော်မှာတွေ့ဆုံစဉ် ပြောလိုက်တာလို့ ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပင်လုံညီလာခံမှာ ပါ ဝင်လာနိုင်ဖို့အတွက် တင်ပြခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ်က NCA လက်မှတ်ထိုးမယ်ဆိုရင်တော့ ကြို ဆိုတယ်လို့ ပြောခဲ့ကြောင်း ပြောပါတယ်။

လာမယ့်ဇူလိုင်လဆန်းပိုင်းအတွင်း NCA လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေဟာ အစိုးရနဲ့ လာရောက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

RFA Burmese

No comments: