Thursday, June 30, 2016

နုတ်ထွက်စေချင်ကြပါက နုတ်ထွက်ပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ပြောကြား

မန္တလေးမြို့တော်ဝန် အဖြစ်က ၄င်းအား နုတ်ထွက် စေချင်ကြပါက နုတ်ထွက်ပေးသွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ဇွန်လ ၂၉ ရက်နေ့က စည်ပင်သာယာရေး ကော်မတီ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မီးလောင်ခဲ့တဲ့ မင်္ဂလာဈေး အဆောက်အအုံကို ဖြိုဖျက်ကာ အသစ် တည်ဆောက်မယ့်အပေါ် ဈေးသူ ဈေးသားတွေက မြို့တော်ဝန် ဖြုတ်ချပေးရေး ကြွေးကြော်ချက် အပါအ၀င် အချက် ခြောက်ချက်နဲ့ ဆန္ဒ ထုတ်ဖော်မှာနဲ့ ပတ်သက်ပြီး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြုလုပ်စဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

No comments: