Thursday, June 30, 2016

လျှပ်စစ်ရထား ပြေး ဆွဲ မှု ကို ဇူ လိုင် ၁ ရက် မှ စ ၍ ရပ်နားမည် ….


Thursday, June 30, 2016

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ဝါးတန်းလမ်းမှ လင်းစဒေါင်း လမ်းအထိ လျှပ်စစ်ရထား (TRAM) သည် ဇွန်လကုန် အထိသာ ပြေးဆွဲမည်ဖြစ်ပြီး ဇူလိုင် ၁ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အောက်မြန်မာ ပြည် အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

''အရင်က ခရီးသည်တွေ အထိုက်အလျောက်စီးပါတယ်။ နောက်ပိုင်း တစ်ရက်ကိုပျမ်းမျှ ၄၅ဦး ၅ဝ လောက်ပဲစီးကြ တယ်။ အဲဒီအခါမှာ ထိထိ ရောက်ရောက်ဖြစ်ဖို့ စိစစ်ပါတယ်။

နောက်ဆက်တွဲမှာလည်း ကမ်းနားလမ်းက Inport၊ Exportနဲ့ လုပ်တဲ့ ကွန်တိန်နာကားတွေ အသွားအလာရှိ တော့ ပိတ်ဆို့မှုတွေ ဖြစ်လာတယ်။ အဲဒီလို အခြေအနေတွေမှာ ယာဉ်မတော်တဆမှု တွေလည်းဖြစ်လာတယ်။ ကမ်းနား လမ်းမှာ ကားပိတ်ဆို့မှုတွေဖြစ်လာတာ ဒီလျှပ်စစ် ရထားကြောင့် အနှောင့်အယှက်များ ဖြစ်နေမလား ပြန်သုံး သပ်ကြ ပါတယ်။ ဒီလို စိစစ်မှုတွေ၊ အကြံပြုချက်တွေ၊ သဘောထားတွေနဲ့ အခုလိုရပ်လိုက်ရင် ကောင်းမယ်ဆိုတဲ့ အဖြေထွက် လာပါတယ်။ ဒါကြောင့် ရပ်လိုက်တာပါ'' ဟု ၎င်းကဆက်လက် ပြောသည်။

အဆိုပါလျှပ်စစ်ရထားကို ဝါးတန်း၌ ရပ်နားထားမည်ဖြစ်သော်လည်း ကောင်းမွန်သည့် လမ်းကြောင်းများနှင့် မည်သို့ အသုံးချ မည်ဆိုသည့် နည်းလမ်းများကို ဆက်လက် ရှာဖွေသွားမည်ဖြစ်သည်။ အချိန်မရွေး ထုတ်သုံးနိုင်မည့် အစီအစဉ်များတွင် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်လာပါက ထုတ်သုံးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

''လျှပ်စစ်ရထားစီမံကိန်းကို ဂျပန်နိုင်ငံက West Corporation နဲ့၂ဝ၁၅ ခုနှစ် ဇူလိုင်လမှာ ဂျပန်ယန်း ၄၅၄ ဒသမ ၅၅ သန်းနဲ့ စာချုပ်ချုပ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ဝရက်က စတင်ပြေးဆွဲ ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ တစ်ရက် ၄၅ ဦးလောက်ပဲ စီးတဲ့အခါ ဝင်ငွေအနေနဲ့ ငွေကျပ် ၄၅ဝဝ လောက်ပဲရှိပါတယ်။ လျှပ်စစ်အသုံး စရိတ်အနေနဲ့ဆိုရင် ငွေကျပ် ၁၅ဝဝဝ လောက်ရှိပါတယ်။ များများစီးစေချင်ပါတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။

ဝန်းရံခ၊ ဆုလာဘ်

မြ၀တီ


No comments: