Wednesday, June 29, 2016

ဂျီစပေါ့ တကြော့ပြန်လာပြီ (ဒေါက်တာတင့်ဆွေ) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆေးပညာစာများ



G-spot (ဂျီ-စပေါ့) လို့ လူခေါ်များလှတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံတဲ့အခါ သာယာမှု အများဆုံးရစေနိုင်တဲ့နေရာ ဆိုတာ တွေ့လာပြီလို့ ထုတ်ဖေါ်ချက် အသစ်တခု ၂၅-၄-၂ဝ၁၂ နေ့မှာ ထပ်ထွက်လာပါတယ်။ အမေရိကန် သားဖွါး-မီးယပ် ပါရဂူ Dr. Adam Ostrzenski (အဒမ်-အော့စ်ဇန်စကီး) ကနေ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အမျိုးသမီးကြီးရဲ့ အလောင်းကို ခွဲစိတ်လေ့လာမှု ပြုပြီးနောက် (ဂျီ-စပေါ့) ကို တကယ်တွေ့ပါတယ်လို့ Journal of Sexual Medicine လိင်-ဆေးပညာ ဂျာနယ်မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။ သူက Sac အိတ်လိုအရာ တခုတွေ့တယ်လို့ ဆိုပါတယ်။

“အခုတွေ့ရှိချက်က တယောက်ထဲကိုသာ ခွဲစိတ်စမ်းသပ်ရတာ ဖြစ်တယ်။ ဒီအမျိုးသမီးကြီး အသက်ရှိတုံးက သူမရဲ့ လိင်အရေးဟာ ဘယ်လိုက ဘယ်လိုပါဆိုတာ မသိနိုင်ဘူး” လို့ ထောက်ပြတာလဲ ရှိတယ်။

G-spot (ဂျီ-စပေါ့) ဆိုတာ ဂျာမန် ပညာရှင် Ernst Graefenberg ကနေ ၁၉၅ဝ တုံးက စတွေ့တာမို့ သူနာမည်ကို ဂုဏ်ပြု ခေါ်ကြတာ ဖြစ်ပါတယ်။ သူပြောခဲ့တာက (ဗဂျိုင်းနား) မှာ အဲဒီနေရာကို နှိုးဆွမှု၊ သက်ရောက်မှု လုပ်ပေးရင် လိင်သာယာမှု အများဆုံးကို ဖြစ်စေတယ်၊ လိင်ဆန္ဒပြည့်ဝတဲ့အခါမှာလဲ (ပါဝါ) အကောင်းဆုံး ရစေတယ်လို့ ပြောထားခဲ့တာပါ။ ဒါပေမဲ့ ဒီနေရာဟာ ဘယ်မှာလဲလို့ တိတိကျကျ အထောက်အထားနဲ့ မပြနိုင်သေးပါ။ မရှိပါဘူး ငြင်းကြတာလဲ ရှိတယ်။ ပြောကြတာတွေ တခုနဲ့ တခုက မတူကြလို့ အငြင်းပွါးနေဆဲ ဆေးပညာ ပဟေဠိတခုအဖြစ် ရှိနေဆဲပါ။ 



၂ဝဝ၈ တုံးကလည်း အီတလီ ပညာရှင်တဦးက အမျိုးသမီးပေါင်း ၂ဝ ကို (အာလ်ထွာဆောင်း) နဲ့ စစ်ဆေးတော့ ၉ ယောက်က Vaginal orgasms (ဗဂျိုင်းနား) ပြီးခြင်း ဆိုတာ ရှိတယ်၊ ၁၁ ယောက်က မရှိဘူးပြောကြတယ်။ (ဗဂျိုင်းနား) ပြီးခြင်း ဆိုတာ (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရာမှာ သုံးလို့ ရလာတဲ့ လိင်သာယာမှု ပြည့်ဝတာကိုဆိုလိုပါတယ်။ 

ဝေဖန်သူတချို့ထောက်ပြတာက “အခုလေ့လာမှုမှာ ဒီခန္ဓာဗေဒအရ တည်ရှိနေမှုမျိုးဟာ တချို့ အမျိုးသမီးတွေမှာ တကယ်ရှိပြီး၊ တချို့မှာ မရှိကြဘူး။” “အဲဒီ တွေ့ရှိတဲ့နေရာဟာ တကယ်ဘဲ ခန္ဓာဗေဒအရ နေရာအသစ်တခုလား၊ ဒါမှမဟုတ် Clitoris (ကလိုက်တောရစ်) မ-အစိနဲ့ ဆက်နေတဲ့နေရာလား မပြောနိုင်ဘူး” လို့ ဆိုပါတယ်။

“ကျမတို့ မပြောနိုင်တာက ဒီနေရာမျိုး အမျိုးသမီး ဘယ်လောက်မှာ ရှိတယ်ဆိုတာရော (ဂျီ-စပေါ့) နဲ့ ဆိုင်-မဆိုင်ပါ မပြောနိုင်ဘူး။” လို့ Daily Beast online magazine မဂ္ဂဇင်းမှာ Debby Herbenick ကနေ ရေးလိုက်ပါတယ်။ 

ခွဲစိတ်လေ့လာသူ ပညာရှင်ဖလော်ရီဒါ အခြေစိုက် Institute of Gynecology က သားဖွါး-မီးယပ်ပညာရှင် Dr. Adam Ostrzenski ကတော့ “ဟုတ်ကို ဟုတ်ပါတယ်။ ဒါဟာ (ဂျီ-စပေါ့) ပါ” လို့ ဆိုပါတယ်။ “ဗဂျိုင်းနား အတွင်းနက်နက်နေရာမှာ ရှိတယ်။ အိတ်လေးလိုဘဲ စောင်ခြုံထားသလို အကာနဲ့ ဖုံးထားတယ်။ အထဲမှာ ပြာလဲ့လဲ့ စပျစ်ခိုင်လိုရှိတယ်။ သေးသေးလေးပါ။ ဒါ (ဂျီ-စပေါ့) ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

သူကဘဲ “အပိုင်း ၃ ပိုင်းရှိတယ်။ ကြိုးစလေးလိုဘဲ။ Erectile tissue လိင်စိတ်နှိုးဆွတဲ့အရာ ဖြစ်ပါတယ်။ (ဗဂျိုင်းနား) အလွှာကြားမှာ နေတယ်။ သွေးတွေနဲ့ပြည့်လာရင် သူ့ဘေးကဟာတွေထက် မြင့်တက် မို့မောက် လာမယ်။”

နယူးဂျာစီ Rutgers University တက္ကသိုလ်က Dr. Beverly Whipple ကတော့ “အမျိုးသမီးတွေဟာ တယောက်နဲ့ တယောက် အတော် မတူကြဘူး။ လိင်စိတ်ဖြစ်ဖြစ် တခြားစိတ်ဖြစ်ဖြစ် မတူကြဘူး။ အခု အမျိုးသမီးကြီးမှာ ရှိတာကို လူတိုင်းကို (အပလိုင်း) လုပ်လို့ မရဘူး” လို့ ပြောပါတယ်။ ဒီ ပါမောက္ဓ အမျိုးသမီးက နာမည်ကြီး လိင်-ကျန်းမာရေး ပညာရှင်တဦးဖြစ်ပါတယ်။ 

သုတေသနလုပ်တဲ့ (အော့စ်ဇန်စကီး) ကတော့ Histology (ဆဲလ်) တွေကို လေ့လာတဲ့ ဆေးပညာဟာ Anatomy ခန္ဓာဗေဒနဲ့ မတူပါ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးရတဲ့ ဆေးပညာဖြစ်ပါတယ်လို့ ပြန်လည်ချေပပါတယ်။ 

ဝေဖန်သူတွေက G-spot (ဂျီ-စပေါ့) ဆိုတာ လိင်စိတ်ပိုကြွစေတာ ဟုတ်ချင် ဟုတ်နိုင်ပေမဲ့ လိင်နဲ့ဆိုင်တဲ့ ရောင်းကုန်တွေအတွက် လိုတာထက်ပို ပြောနေကြတာလို့ ဆိုပါတယ်။

A-spot (အေ-စပေါ့) ဆိုတာလဲ ပြောနေကြတာ ရှိပါသေးတယ်။ (အေ-စပေါ့) ဆိုတာ G-spot (ဂျီ-စပေါ့) နဲ့ Cervix သားအိမ်ဝ ကြားမှာရှိတယ်။ U-spot (ယူစပေါ့) ဆိုတာ Urethra ဆီးထွက်ပေါက် အထက်နဲ့ အနီးအနားမှာရှိတယ် လို့ Beverly Whipple, PhD ကနေ သူမရဲ့ လိင်ပညာပေး ဆဌမမြောက် စာအုပ်မှာ ရေးထားပါတယ်လို့ နာမည်ကြီး ELLE မဂ္ဂဇင်းက ကိုးကားထားပါတယ်။ သူမကို G-spot ရှိ-မရှိ ELLE မေးတော့ ကျမလဲ မပြောနိုင်ဘူးလို့ ဖြေပါတယ်။ သူမဟာ G-spot ကို သုတေသနတွေ အများကြီး လုပ်နေသူ ဖြစ်ပါတယ်။

ဒေါက်တာတင်ဆွေ

No comments: