Wednesday, June 29, 2016

ဖားကန့်ကျောက်တောင်ကမ်းပါးပြိုကျမှုမှ အလောင်းများ ပြန်တွေ့ ----------------



၂၄.၆.၂၀၁၆ နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု ဆိုင်းအောင် အပိုင် ရပ်ကွက် (၄) မှော်လကင် မှော်ရှိ ကျောက်စိမ်းသစ်ရွက်( ယခင် ရတနာစမ်းရွှင် ) ကျောက်မျက်ကုမ္မဏီ လုပ်ကွက်အတွင်းရှိ ကျောက်တောင် ကမ်းပါးပြတ်ကျမှုကြောင့် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်သူ (၇) ဦး ထိခိုက် ဒါဏ်ရာရခဲ့ပြီး (၂) ဦးမှာ လုပ်ကွက်ကျင်းထဲရှိ ရေအိုင်ထဲသို့ ပြုတ်ကျ ပျောက်ဆုံးသည်ဟု ဖော်ပြခဲ့သော်လည်း ၂၆.၆.၂၀၁၆ နေ့တွင် လုပ်ကွက်ရေကန်အတွင်းမှာ အမျိုးသားအလောင်း (၂)လောင်း ၊၂၇.၆.၂၀၁၆ နေ့တွင်၎င်း နေရာမှပင် အမျိုးသားအလောင်း (၁)လောင်း ၊စုစုပေါင်း (၃) လောင်း တွေ့ရှိခဲ့ပြီး သင်္ခါလူမှုကူညီရေးအသင်းမှ ဖားကန့်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၊ နာရေးကိစ္စများကို သင်္ခါ လူမှုကူညီရေးအသင်းကြီးကပင် မီးရှို့  သဂြိုလ်ပေးခဲ့ကြောင်း သိရပါသည် ။

သတင်းနှင့် ဓါတ်ပုံ - ဇော်မိုးထက်

The Ladies News


No comments: