Wednesday, June 29, 2016

ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာ


မြို့တစ်မြို့မှာ အဒေါ်ကြီးတစ်ယောက်က အမြဲတမ်း သူ့အိမ်သားတွေအတွက် မုန့်လုပ်ပြီးရင် လမ်းပေါ်က တောင်ရမ်းစားသောက်နေတဲ့ ခါးကုန်းကြီးအတွက် အမြဲတစ်ခုပို လုပ်ပေးနေကျ ဖြစ်ပါတယ်။ ပြီးတာနဲ့ သူမက ပြတင်းပေါက်ဘောင်လေးပေါ်မှာ တင်ထားပေးတတ်တယ်။ ခါးကုန်းကြီးက နေ့တိုင်းလာယူပြီး စားလေ့ရှိတယ်။ မုန့်လာယူတိုင်းမှာ သူဖုန်းစားကြီး ပြောလေ့ရှိတဲ့ စကားကတော့ “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။” ဆိုတာပါပဲ။ နေ့စဉ်နေ့တိုင်း ဒီစကားပဲ ကြားနေရတော့ မုန့်ကျွေးနေကျ အဒေါ်ကြီးက စိတ်ပေါက်လာတယ်။ အမှန်ဆို ကျေးဇူးတင်စကားလေးဘာလေး ပြောသင့်တာပေါ့ဆိုပြီးတော့လည်း တွေးမိလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ ဒေါသကလည်းထွက်လာတော့ တစ်နေ့မှာ ခါးကုန်းကြီးအတွက် လုပ်ထားတဲ့ မုန့်ထဲကို အဆိပ်တွေထည့်လိုက်ဖို့ ကြံစည်တော့တယ်။ ထည့်ပြီးပြီးချင်း ပြတင်းပေါက်ဘောင်ပေါ် မတင်ခင်မှာပဲ ချက်ချင်းသတိဝင်လာပြီး လက်ထဲကပေါင်မုန့်ကို လွှင့်ပစ်လိုက်ပြီး အကောင်းတစ်ခုနဲ့ လဲထားလိုက်တယ်။ အဲဒီနေ့လည်း ခါးကုန်းကြီး မုန့်လာယူတဲ့ အခါ ခါတိုင်းပြောနေကျ “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။” ဆိုတဲ့ စကားကိုပဲ ပြောသွားခဲ့ပါတယ်။

အဲဒီအဒေါ်ကြီးဟာ သူ့သားလေး စီးပွားရှာရင်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ပျောက်သွားခဲ့တာ ကို တစ်နေ့မှ စိတ်မအေးနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ သူ့ခမျာ နေ့ရှိသရွေ့ ဒီသားလေးအတွက်ပဲ စိုးရိမ်သောက ရောက်နေရပါတော့တယ်။ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိမ်တံခါးခေါက်သံကြားလို့ သွားအဖွင့် သူ့သားကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ သားဖြစ်သူခမျာ စားရမဲ့မဲ့ သောက်ရမဲ့မဲ့နဲ့ ခန္ဓာကိုယ်ကလည်း ပိန်လှီပြီး အသားရေတွေ မွဲခြောက်နေပါတော့တယ်။ အဝတ်အစားတွေက ဟောင်နွမ်းနေတာကိုမြင်ပြီး အဒေါ်ကြီးဟာ အရမ်းကို ဝမ်းနည်းကြေကွဲ သွားပါတော့တယ်။ အဲဒီအချိန်မှာ သားဖြစ်သူက “မေမေ သားကို ဒီလိုအနေအထားနဲ့ မြင်လိုက်ရလို့ စိတ်မကောင်းဖြစ်သွားလား။ သားကံပေါ့ မေမေရယ်။ ဒါတောင် ဒီမနက် သားကံကောင်းလို့။ ရွာထိပ်မှာ အစားအသောက်ငတ်ပြတ်ပြီး သေလှုမျောပါး ဖြစ်နေချိန်မှာ ခါးကုန်းဦးလေးကြီးက ပေါင်မုန့်ကျွေးလိုက်လို့ အစာ စားရတာပါ။ အရမ်းသဘောကောင်းတာပဲ။ အဲဒီဦးလေးကြီးက ပြောသေးတယ်။ ငါက အမြဲစားနေရတာ မင်းစား… ရော့။ မင်းက ငါ့ထက်ပို လိုအပ်နေတာ။ မင်းစားလိုက်ဆိုပြီး ကျွေးလိုက်တာ သိလားမေမေ။” ဆိုပြီး အားရဝမ်းသာ ပြောနေပါတော့တယ်။

သားဖြစ်သူစကားလည်းဆုံးရော မိခင်ဖြစ်သူဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။ ခါးကုန်းအဖိုးကြီးပြောတဲ့ စကားကိုပဲ နားထဲမှာ ထပ်တလဲလဲ ကြားယောင်လာတော့တယ်။ တော်သေးတာပေါ့။ မနက်ကသာ အဆိပ်ခပ်ထားတဲ့ ပေါင်မုန့်ပေးလိုက်မိရင် ကျွန်မသားလေးအဆိပ်မိပြီး အသက်ဆုံးရတော့မှာပါလားဆို နောင်တတွေ ရသွားပါတော့တယ်။

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။

No comments: