Thursday, June 30, 2016
အိုင်အက်စ်လက်မှ ဖော်လူဂျာကို သိမ်းပိုက်ပြီးနောက် မိုဆူးလ်သို့ ဆက်လက်ချီတက်ရန် အီရတ်စစ်တပ် ပြင်ဆင်
ဖော်လူဂျာမြို့ကို အောင်မြင်စွာ ပြန်လည် သိမ်းယူနိုင်ပြီးနောက် အီရတ်စစ်တပ်သည် အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် မိုဆူးလ်သို့ ဆက်လက်ချီတက်ရန် စီစဉ်နေကြောင်း သိရသည်။
ဘဂ္ဂဒက်မြို့ အနောက်ပိုင်း၊ အီရတ်နိုင်ငံ အလယ်ပိုင်းရှိ ဖော်လူဂျာသည် အိုင်အက်စ်တို့ စတင်အင်အားကြီးမားလာသည့် ၂၀၁၄ ခုနှစ်ကတည်းက အဆိုပါ နာမည်ဆိုးဖြင့် ကျော်ကြားသူ စစ်သွေးကြွများ လက်အောက်သို့ ကျရောက်နေခဲ့သည်။ အိုင်အက်စ်တို့သည် နိုင်ငံမြောက်ပိုင်းရှိ အီရတ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းတွင် အီရတ်စစ်တပ်နှင့် မဟာမိတ် လက်နက်ကိုင်အဖွဲ့များက ဖော်လူဂျာကို အောင်မြင်စွာ တိုက်စစ်ဆင် သိမ်းယူနိုင်ခဲ့ပြီးနောက် မိုဆူးလ်သည် ဒုတိယ ပစ်မှတ် ဖြစ်လာမည်ဟု အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အေဘာဒီက ကြွေးကြော်ခဲ့သည်။ သို့သော် မိုဆူးလ်ကို တိုက်ခိုက်ရန်မှာ အီရတ်စစ်တပ်အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ခုအဖြစ်လည်း ရှိနေသည်။
မိုဆူးလ်သည် ဖော်လူဂျာထက် ၁၀ ဆမျှ ပိုကျယ်ပြီး လူဦးရေကလည်း ၁၀ ဆမျှ ပိုများသည်။ တစ်ဖက်တွင် မိုဆူးလ်ကိုသာ သိမ်းယူနိုင်ခဲ့ပါက အိုင်အက်စ်တို့ကို အီရတ်မြေပေါ်မှ အပြီးတိုင် တွန်းလှန် တိုက်ထုတ်နိုင်ရန် သေချာသလောက် ရှိလာမည် ဖြစ်သည်။
အီရတ်စစ်ဦးစီးများက မိုဆူးလ်မြို့သိမ်း တိုက်ပွဲသည် ပိုမိုခက်ထန် ကြမ်းတမ်းနိုင်ကြောင်း ဝန်ခံထားပြီး လူ့အခွင့်အရေး အဖွဲ့များကလည်း မြို့နေလူထု အထိအခိုက် များမည်ကို စိုးရိမ်နေသည်။ ဖော်လူဂျာ မြို့သိမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူ ပေးခဲ့သည့် အမေရိကန်က မြို့ကို သိမ်းယူပြီးချိန်တွင် ဝန်ကြီးချုပ် အေဘာဒီထံ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
“အထူးသဖြင့် အေဘာဒီဟာ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့အတွက် လုံခြုံတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်ခဲ့တာ ချီးကျူးရပါမယ်။ အီရတ်အစိုးရတပ်တွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး သတိထား ကိုင်တွယ်နေတယ်ဆိုတာ ဒီအချက်က သက်သေပြနေပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာ့ခ်တွန်နာက မှတ်ချက်ပေးခဲ့သည်။
အမေရိကန်သည် ပြီးခဲ့သည့် ၆ လအတွင်း ဒေသခံ တိုက်ခိုက်ရေး အင်အားစုများနှင့် ပူးပေါင်းကာ မိုဆူးလ်ရှိ အိုင်အက်စ် တပ်ဖွဲ့များ၏ ရိက္ခလာမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သည်။ အထူးသဖြင့် ဆီးရီးယားဘက်ရှိ အိုင်အက်စ် တပ်များက မိုဆူးလ်သို့ ရိက္ခာထောက်ပံ့နိုင်ခြင်း မရှိစေရန် လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရှိရသည်။
Ref: VOA
မြေပုံမဆွဲတတ်သော တပည့်နှင့် စီအိုစီဆော့သော ဆရာမ
တစ်ရက် ကျောင်းမှပြန်လာသောသားတော်မောင်က ကျောင်းတွင် သူတို့၏ ဆရာမက ကျောင်း သားများအား ပြဋ္ဌာန်းစာအုပ်ထဲ ၌ ပါရှိသည့် ပထဝီဝင်မြေပုံများ ကို ရေးဆွဲခိုင်းထားပြီး သူကိုယ် တိုင်ကမူ ခုံတွင်ထိုင်ကာ စီအိုစီ (Clash of Clean)အင်တာနက် ဂိမ်းကစားနေကြောင်း သူ့အမေ ကို ပြောပြနေပါသည်။ စာရေးသူ ၏သားမှာ ကျောင်းကပြန်လာ သည်နှင့် လွယ်အိတ်ကိုချကာ ကျောင်းဝတ်စုံပင်မလဲဘဲ ဖုန်း ကောက်ကိုင်တတ်သူဖြစ်၏။ ယခုလည်း သူ့မိခင်က ဂိမ်းမဆော့ရန် ပြောသည်ကို ဆရာမလည်း ဆော့တာပဲဟူသော သဘောနှင့် ဆင် ခြေတက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်း ဆက်သွယ်ရေးကြောင့် စမတ်ဖုန်း များတွင် ကျယ်စွာအသုံးပြုလာ ကြပြီး နေ့စဉ်ဘဝ အချိန်ကာလ အချို့ကို စမတ်ဖုန်းဖြင့် ဖြုန်းတီး လာကြသည်။ အချို့က ဗဟုသုတနှင့် ပညာရှာမှီးရန် အသုံးပြုကြသော်လည်း အချို့မှာ ဂိမ်းကွန်ရက်တွင် နစ်မျောနေကြ၏။ သူငယ်ချင်းအချင်းချင်း လက်ဖက်ရည် ဆိုင် မျက်နှာချင်းဆိုင်ထိုင်နေ သော်လည်း စကားမပြောနိုင် ဂိမ်းဆော့သူကဆော့၊ ဖေ့စ်ဘွတ်ခ် ကြည့်သူကကြည့်နှင့်။ စကားပြောပြန်တော့လည်း ဖေ့စ်ဘွတ်ခ်ထဲက အကြောင်းအရာများသာ။ မိမိတို့၏ မိသားစုအကြောင်းအရာ များနှင့် ပညာ၊ အခွင့်အလမ်းများ သို့ မရောက်တော့ချေ။
မကြာမီကပင် ပုဂ္ဂလိက သတင်းစာတစ်စောင်၌ သီဟ (စခန်းသစ်)၏ ကာတွန်းလက်ရာ ကိုဖတ်ရင်း ပြုံးရသေးသည်။ ဆေးရုံခုတင်ပေါ်၌ လူနာက ပက်လက်၊ ဘေးမှ စားပွဲခုံပေါ်တွင် စမတ်ဖုန်း ကိုတင်ကာ ဘက်ထရီအားသွင်း ထား၏။
  လူနာက သူနာပြုဆရာမ ကို ပြောသော စကားမှာ ‘‘ခုတင် ပြောင်းလို့ရမလားဆရာမ ဒီနား က လိုင်းမမိလို့ပါ’’ဟူ၏။ ကာတွန်းဆရာများ သရော်ချင်စရာဖြစ်နေ ကြသည်။ လူတွင်ဖြစ်သော ရောဂါကို ဆရာဝန်ကကုသပေးနိုင်ကောင်းသော်လည်း ဖုန်းပွတ်သည့်ရောဂါကိုမူ ကုသရန်ခက်ခဲနေဦးမည်ဖြစ်၏။
ယခုစာသင်ခန်းထဲတွင် ဖုန်း ပွတ်နေသော ဆရာမကဲ့သို့ပင် အ လုပ်ခွင်အတွင်း အလုပ်နှင့်မဆိုင် သော ကိစ္စဖြင့် ဖုန်းပွတ်နေသော ဝန်ထမ်းများ များစွာရှိနေသည်။ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက် မှု မည်မျှရှိသည်ကို သူတို့၏ မိတ် ဆွေများက ဒေတာအချက်ပြမီး စိမ်းနေသည်ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။ အလုပ်ခွင် အတွင်း အာရုံစူးစိုက်မှုအားနည်း ခြင်းသည် လုပ်ငန်းခွင်ထိခိုက်ရုံ သာမက မိမိနှင့်ပတ်သက်သော လူ့အဖွဲ့အစည်း၊ ထိုလူ့အဖွဲ့အ စည်းပေါင်းများစွာဖြင့် စုစည်း ထားသော တိုင်းပြည်အကျိုးစီးပွားအထိပါ နစ်နာစေသည်။ အနာ ဂတ် ခေါင်းဆောင်များကို မွေး ထုတ်ပေးနေသော စာသင်ခန်းများထဲတွင် တပည့်များအား ကျောင်းသို့ ဖုန်းယူမလာရဟုစည်းကမ်းချက်ထုတ်ပြန်ထားပြီး  ဆရာ၊ ဆရာမ ကိုယ်တိုင်က အင်တာနက်ဖွင့်ကာ ဂိမ်းဆော့နေခြင်းသည် ဘယ်လိုမှမဖြစ်သင့်သော ကိစ္စတစ်ရပ်သာဖြစ်၏။
မျိုးဆက်သစ်များကို တိုး တက်ရစ်ဖို့ အစဉ်တစိုက်ဆုံးမသွန် သင်ခဲ့သော ကွယ်လွန်သူစာရေး ဆရာကြီး ဦးအောင်သင်းက ကျောင်းစာသင်ခန်းထဲရောက် နေသော ကလေးများအား စိတ် က ဟိုလွင့်ဒီလွင့် တခြားမှာရောက်နေလျှင် လူကကျောင်းမပြေး သော်လည်း စိတ်က ကျောင်းပြေး နေသဖြင့် ပညာရမည်မဟုတ် ကြောင်း ဆုံးမခဲ့ဖူးသည်။ ‘‘မင်းတို့ ဒီနေ့ခေတ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အကြီးဆုံးသော ချို့ ယွင်းချက်ကြီးကို ထောက်ပြချင် တယ်။ မင်းတို့တစ်တွေက စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမသင်ပြ တာတွေကို ဂရုမစိုက်ချင်ဘူး။ ကျူရှင်တွေ၊ မှတ်စုစာအုပ်တွေကို အားကိုးလွန်းကြတယ်။ အဲဒီလို စာအုပ်စာတမ်းတွေကို အလွတ် ကျက်လိုက်ကြမယ်ဆိုတဲ့ စိတ်မျိုး တွေထားတတ်ကြတယ်။ အဲဒါ ဟာ မင်းတို့ရဲ့ အသိပညာအ တွက်၊ မင်းတို့ရဲ့ ကိုယ်ပိုင်ဉာဏ် အတွက် အလွန်ကို ကြီးမားတဲ့ အန္တရာယ်ကြီးတွေ ဖြစ်တယ်ဆို တာ နိုးနိုးကြားကြား သတိပြုကြ ပါလို့ အလေးအနက်သတိပေး  လိုက်ချင်ပါတယ်’’ဟု ဆရာကြီး က ဆိုခဲ့သည်။
ယခု ကျောင်းစာသင်ခန်းထဲ တွင် တပည့်များကို မြေပုံဆွဲမပြ ဘဲ ပုံနှိပ်စာအုပ်ကြည့်ကာ ဆွဲစေ ပြီး ဂိမ်းဆော့နေသည့် ဆရာမ အား ဆရာကြီး၏ ပြောစကားအရ ဆိုရလျှင် လူက ကျောင်းမပြေး သော်လည်း စိတ်ကကျောင်းပြေး နေသည်လားဟု မေးခွန်းထုတ်ရ မလိုဖြစ်နေသည်။ မြန်မာနိုင်ငံ တွင် ကျောင်းသားနှင့် ဆရာအချိုး မညီမျှမှုကြောင့် ဆရာများသည် စာသင်ခန်းထဲတွင် ကျောင်းသား ငါးဆယ်၊ ခြောက်ဆယ်ဦးလောက် ကို စာသင်ကြားနေရသည်။ ဖွံ့ဖြိုး ပြီးနိုင်ငံများမှ ဆရာများကတော့ စာသင်ခန်းထဲတွင် စာသင်သား နှစ်ဆယ်၊ အစိတ်ထက် ပိုမထား။ သင်္ချာတွက်နေသော၊ မြေပုံဆွဲနေ သော တပည့်များကို ဆရာက လိုက်လံကြည့်ရှုစစ်ဆေးနိုင်သည်။ ဘယ်နေရာက မှားနေတယ်၊ ဘယ်စာက သတ်ပုံမှားနေတယ် စသည်ဖြင့် ပြင်ဆင်ပေးနိုင်သည်။
မြန်မာနိုင်ငံမှာက စာသင် ခန်းကျဉ်းကျဉ်းထဲတွင် စာသင် သားက အပြည့်ဖြစ်နေ၍ ဆရာ က ရှေ့နောက်လိုက်မကြည့်နိုင်။ ဆရာသင်ကြားချက်ကိုပင် တပည့်တွေက မနည်းအာရုံစိုက် နား ထောင်နေရ၏။ ထို့ကြောင့်ပင် ရှေ့ဆုံးတန်းလုသော ပြဿနာ တွေဖြစ်လာရ၏။ ဆရာ၊ ဆရာမ အားလုံးကို ဝါးလုံးရှည်နဲ့ ပတ်ယမ်းလိုခြင်းတော့ မဟုတ်။ စာသင်ချိန်တွင် တယ်လီဖုန်းစက် ပိတ်ထားသော၊ အသံတိတ်ထား သော ဆရာ၊ ဆရာမ များစွာရှိကြောင်းကိုလည်း သတိပြုမိပါသည်။ သို့သော် ငါးခုံးမတစ် ကောင်ကြောင့် တစ်လှေလုံးပုပ်ရသကဲ့သို့ မိမိကြောင့် အခြားသူများပါ လက်ညှိုးထိုးခံရမည့်အဖြစ်မျိုး ကိုလည်း မဖြစ်စေလိုပါ။
ကျောင်းတွင် စာသင်သည့် ဆရာကိုယ်တိုင်က သင်ကြားရေး တွင် အာရုံမစိုက်လျှင် ကျောင်း သားများကလည်း ဘာသာရပ် များကို နားလည်နိုင်မည်မဟုတ်။ ကျောင်းတွင် စာမလိုက်နိုင်တော့ ကျူရှင်ပြေးရသည်။ ကျူရှင်များ ပေါ်ပေါက်တွင်ကျယ်လာရခြင်း ၏ အကြောင်းရင်းသည် ကျောင်း သားများဘက်ကချည်းမဟုတ်။ သင်ကြားသူနှင့် သင်ယူသူနှစ်ဦး စလုံး အာရုံစူးစိုက်မှုရှိမည်ဆိုလျှင် ဘာသာရပ်တစ်ခုကို ဟိုဆရာ၊ ဒီ ဆရာနှင့် နှစ်ခါထပ်သင်စရာမလို ဟု ထင်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းရောက်တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်စနစ်နှင့်ပတ် သက်၍ တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေး ခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများ သည် အင်မတန်မှ ညံ့ဖျင်းသူများ ဖြစ်ပြီး ရှက်စရာအလွန်ကောင်း ကြောင်း ထည့်သွင်းပြောကြား သွားသည်။ ဟုတ်၏။ စာရေးသူ တို့ငယ်စဉ်က ကျူရှင်တက်သူများ မှာ စာမလိုက်နိုင်သောသူများသာ ဖြစ်ပြီး မလိုက်နိုင်သော ဘာသာ ရပ်များကိုသာ သင်ယူလေ့ရှိ သည်။ ယခုတော့ မြန်မာစာက အစ ဘာသာစုံကျူရှင်ယူနိုင်သူက ဂုဏ်ရှိနေသလို ဖြစ်နေ၏။ အိမ် မှာ စာမကျက်၊ သင်္ချာမတွက် သောသူများကို စာကျက်ဝိုင်းသို့ ဂိုက်ငှားကာ ပို့ထားရ၏။ ထိုအ တွက်လည်း ဂုဏ်ယူသူက ယူနေ ကြ၏။
ဗြိတိသျှနန်းရင်းဝန် ဒစ္စရေ လီက ‘‘နိုင်ငံတစ်နိုင်ငံရဲ့ ကလေး များအကြောင်း ကျုပ်ကိုပြောပြ ပါ။ အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ဟောကိန်းထုတ်မယ်’’ဟု ဆိုခဲ့ဖူး သည်။
 ယခုမြန်မာနိုင်ငံ၏ အစိုးရ သစ်မှ ပြောင်းလဲချိန်တန်ပြီဟူ သော စကားနှင့်အညီ ပညာရေး အပါအဝင် ကဏ္ဍအားလုံးကို ပြောင်းလဲမှုပြုလုပ်နေပြီဖြစ်သည်။ အမြစ်တွယ်နေသည့် ကျူရှင်စနစ် ကို ပြောင်းလဲမည်ဆို၏။ အဆင့် မြင့်ပညာဥပဒေရေးဆွဲကာ တက္က သိုလ်ကောလိပ်များကို မြှင့်တင် မည်ဆို၏။ ဟိုနေရာတစ်တို့၊ ဒီနေ ရာတစ်တို့မလုပ်ဘဲ စီမံကိန်းရေး ဆွဲကာ ပြုလုပ်သွားမည်ဆို၏။
ပြောင်းလဲမှု၏ အသီးအပွင့် များကို ရရှိခံစားရမည်မှာ မြန်မာ နိုင်ငံသားများနှင့် ၎င်းတို့၏ ရင် သွေးငယ်များသာ ဖြစ်သည်။ မစ္စ တာဒစ္စရေလီအား မြန်မာနိုင်ငံက ကလေးများ မြေပုံဆွဲတော် ကြောင်း သူတို့ကို သင်ပြပေး သော ဆရာ၊ ဆရာမများမှာလည်း သင်ကြားမှုတွင် အာရုံစူးစိုက်ကြ ကြောင်း မကြာမီပြောပြနိုင်ပါစေ ဟူ၍သာ။      
အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပြင်ဖွဲ့ပါ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအလွန် ပြည်ထောင်စု အစိုးရသစ်၊ လွှတ်တော်သစ်များသည် တည်ဆဲဥပဒေအား ပြင်ဆင်လျက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အားကောင်းမောင်းသန် ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ လာမည့်ငါးနှစ်သက်တမ်းတွင် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ထိထိရောက်ရောက် ချဉ်းကပ် အဖြေရှာနိုင်မည် ဖြစ်သည်။ အစိုးရသစ်၊ လွှတ်တော်သစ်များသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အမြန်ဆုံး ပြင်ဆင်ဖွဲ့စည်းကာ တိုင်းရင်းသားပြည်သူလူထုကို အပြောသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြု၊ မျက်နှာမူမည့် လူ့အခွင့်အရေးယန္တရားသစ်ကို ထူထောင်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ ပါပြဋ္ဌာန်း ချက်များအရ၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်တို့နှင့် ညှိနှိုင်း၍ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အစိုးရအကြီးအကဲဟောင်း၊ လွှတ်တော်အကြီးအကဲဟောင်းများက ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်နေသည်မှာ အစိုးရသစ်နှင့်လွှတ်တော်သစ်တို့အတွက် အခက်တွေ့ဖွယ်ရာပင် ဖြစ်သည်။
၂၀၁၁ ခုနှစ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ၂၀၁၄ ခုနှစ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့၏ ဖွဲ့စည်းခြင်းကို နှိုင်းယှဉ်သုံးသပ်မည်ဆိုလျှင် ကော်မရှင်ဥက္ကဋ္ဌနေရာသည် အပြောင်းအလဲ မရှိခဲ့ပေ။ သံအမတ်ကြီးဟောင်း ဦးဝင်းမြသည် ကော်မရှင်ဥက္ကဋ္ဌနေရာကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်ကတည်းက တာဝန်ယူလျက်ရှိသည်။ ၂၀၁၁ ခုနှစ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန)သည် ၂၀၁၄ ခုနှစ် ဖွဲ့စည်းသော ကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ဒေါက်တာဥာဏ်ဇော် (အငြိမ်းစား ပြည်နယ်ဆေးရုံအုပ်ကြီး)၊ ဒေါက်တာဒေါ်သန်းနွဲ့ (အငြိမ်းစား ပါမောက္ခ၊ ဥပဒေပညာဌာန)၊ ဦးခင်မောင်လေး (အငြိမ်းစား ညွှန်ကြားရေးမှူး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) နှင့် ဦးညွန့်ဆွေ (အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန) တို့သည် ၂၀၁၄ ခုနှစ်ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ပြန်လည် ပါဝင်လာသည့် ၂၀၁၁ ခုနှစ် ကော်မရှင်အဖွဲ့ဝင်များဖြစ်သည်။ ၂၀၁၁ ခုနှစ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ (အငြိမ်းစား သံအမတ်ကြီး) သည် ၂၀၁၆ ခုနှစ် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။ ၂၀၁၄ ခုနှစ်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြင်ဆင် ဖွဲ့စည်းလင့်ကစား၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ခြောက်ဦးသည် ကော်မရှင်ဟောင်းမှ လူဟောင်းများဖြစ်ပြီး၊ အဖွဲ့ဝင်သစ် ငါးဦးသာ ထည့်သွင်းဖွဲ့စည်းခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည့် ကော်မရှင်သည် အသွင်သဏ္ဌာန်နှင့် အနှစ်သာရအားဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လူ့အခွင့်အရေး ကော်မရှင်နှင့် ထူးမခြားနားပင် ဖြစ်သည်။ ၀ိုင်ခွက်အဟောင်းနှင့် ၀ိုင်အဟောင်းပင် ဖြစ်သည်။ အစိုးရမဟုတ်သော၊ လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မှုအပိုင်းတွင် အလွန်အမင်း အားနည်းနေဆဲဖြစ်သည်။ ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအ ဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းလက်တွဲလျက်၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စီမံချက်များ ချမှတ်လျက် ကြိုတင်ကာကွယ်နိုင်မှု စသည့်အပိုင်းကဏ္ဍများတွင် အားကောင်းမောင်းသန် ဆောင်ရွက်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်ဟု နှစ်ကာလ ခြားနားလင့်ကစား၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မြင့်မြင့်မားမား မျှော်မှန်းနိုင်ခြေ မရှိသည့်အလျောက်၊ လက်ရှိကော်မရှင် ဖွဲ့စည်းမှုပုံစံနှင့်ဆိုလျှင် လက်ရှိအစိုးရနှင့် လွှတ်တော်သက်တမ်း၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေး၊ လူ့အခွင့်အရေး အသိပညာပေးမှု မြှင့်တင်ရေး အပါအ၀င် ကိစ္စရပ်ကြီးများတွင် စိတ်လှုပ်ရှားဖွယ်ရာ သိသာမြင်သာသည့် တိုးတက်မှုများ၊ အပြောင်းအလဲများ ဖြစ်လာနိုင်စရာ အလားအလာ နည်းသည်ဟု ကောက်ချက်ပြုနိုင်သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၁၃ အရ၊ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည့်အလျောက် သမ္မတဦးသိန်းစိန်လက်ထက် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှသာ သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်လက်ခံထားရမည့်သဘော သက်ရောက်နေသည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် အစိုးရနှင့် မပတ်သက်သူများ၊ အစိုးရအရာရှိဟောင်း မဟုတ်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ၊ ပညာရှင်များ၊ အထူးသဖြင့် ဥပဒေပညာရှင်များကို အများစု ထည့်သွင်းဖွဲ့စည်း နိုင်မည်ဆိုလျှင် ပိုမိုသာလွန်ကောင်းမွန်မည် ဖြစ်သည်။
ဥပဒေပါ သက်တမ်းသတ်မှတ်ချက်သည် ပြဿနာမဟုတ်သော်လည်း၊ ယခင်အစိုးရဟောင်းသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အစိုးရနှင့်နီးစပ် ပတ်သက်သူများနှင့် မဏ္ဍိုင်ပြုဖွဲ့စည်းခဲ့သည်က စိန်ခေါ်မှုဖြစ်နေသည်။ လက်ရှိအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ အားလုံးသည် ဗြူရိုကရက်ဟောင်းများ သို့မဟုတ် အငြိမ်းစား အစိုးရအရာရှိများဖြစ်သည်။ ဥပဒေပညာရှင်ဟု သတ်မှတ်နိုင်မည့် ကော်မရှင်အဖွဲ့ဝင်ဦးရေမှာ နှစ်ဦး၊ သုံးဦးသာဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင် အားလုံးနီးပါးသည် အစိုးရဟောင်း၏ အမာခံများဖြစ်နေသည်ဟု အလွတ်သဘော၊ ကောက်ချက်ပြု၊ သုံးသပ်နိုင်သည်။
၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိထိရောက်ရောက်၊ ထွင်းထွင်းဖောက်ဖောက် ဆောင်ရွက်နိုင်မှုအပိုင်း တွင် အားနည်းခဲ့သည်မှာ အထင်အရှားဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုအများစု အနေဖြင့် လူ့အခွင့်အရေးကော်မရှင်ကို အားကိုးအားထား ပြုလောက်သည်အထိ အားကောင်းမောင်းသန် မရှိခဲ့သည်မှာ ပကတိ အနေအထားပင်ဖြစ်သည်။ ကော်မရှင်သည် လူ့အခွင့်အရေး ဖောက်ဖျက်မှုများနှင့် ပတ်သက်၍ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေး၊ ဖော်ထုတ်နိုင်မှုအပိုင်းတွင်လည်း အားနည်းချိနဲ့နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှု အများအပြားရှိနေသည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဖောက်ဖျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ စုံစမ်းစစ်ဆေး၊ ဖော်ထုတ်နိုင်ရန် ထိုးထိုးဖောက်ဖောက် ဆောင်ရွက်နိုင်မှသာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မူလအခွင့်အရေးများ မြှင့်တင်ရေးကိစ္စများသည် ပိုမိုထိရောက် အလုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မှု အပိုင်းကို လည်း ပိုမိုချဲ့ထွင်လုပ်ဆောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြန်လည်သုံးသပ်၊ ပြင်ဆင်နိုင်ရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း တိုက်တွန်းဆော် သြလိုပါသည်။ အထူးသဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းသတ်မှတ်မှုကို အလေးအနက်ထား သုံးသပ်စဉ်းစားသင့်သည်။ အခန်း ၄၊ ပုဒ်မ ၁၃ ပါ ကော်မရှင် အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်မျိုးကို ပြန်လည် ပြင်ဆင်သင့်သည်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရ၏သြဇာ၊ ပတ်သက်မှု ကင်းကင်း၊ လွတ်လွတ် လပ်လပ် ဖွဲ့စည်းနိုင်လေ၊ ကောင်းလေဖြစ်သည်။ တိုင်းသိပြည်သိ၊ လူရိုသေရှင်ရိုသေ ပြည်သူကိုမျက်နှာမူလေ့ ရှိသည့် အဖွဲ့ဝင်များနှင့် ဖွဲ့စည်းသည့်ကော်မရှင် ဖြစ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ကော်မရှင်၏သက်တမ်းသည် ငါးနှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ဖြစ်ဖြစ် သတ်မှတ်၍ ရသော်လည်း ကော်မရှင်ကိုစဖွဲ့ကတည်းက အစကောင်းဖို့ အရေးကြီးသည်။ လက်ငင်းမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းသည် အစိုးရ၏သက်တမ်းအတိုင်း ဖြစ်သည်ဟု သတ်မှတ်ခြင်းက ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ ဥပဒေပညာရှင်များကို ကော်မရှင်အဖွဲ့ဝင်နေရာအများစုတွင် ပါဝင်ခွင့်ပြုရေးကိုလည်း ဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားနိုင်မည်ဆိုလျှင် ပိုမိုအားကောင်းမောင်းသန်စေမည်ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင် များနေရာတွင် ပြည်သူလူထုအကျိုးကို ရဲရဲဝံ့ဝံ့ မျက်နှာမူနိုင်သူ၊ အဂတိတရားကင်းသူ၊ လူရိုသေ ရှင်ရိုသေဖြစ်သူများကို ရွေးချယ်တာဝန်ပေးနိုင်ရေး လမ်းဖွင့်ပေးမည့် ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေတွင် ပြင်ဆင်၊ ထည့်သွင်းသင့်သည်။
အချုပ်အားဖြင့်ဆိုသော် လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးဆိုးရွားရွားရှိခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ စပ်ကူးမပ်ကူးကာလ၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးမြှင့်တင်ရေးတို့ကို ဆောင်ရွက်မည့် လူ့အခွင့်အရေးကော်မရှင်သည် အစိုးရမဟုတ်သော၊ လွတ်လပ်သော၊ ဘက်မလိုက်သော၊ တိုင်းရင်းသားပြည်သူလူထုကို မျက်နှာမူသော ယန္တရားစစ်စစ်ဖြစ်မှသာ အစိုးရသစ်၊ လွှတ်တော်သစ်များနှင့်ပလဲနံပ သင့်မည်ဖြစ်သည်။ လာမည့် ငါးနှစ်တာကာလတွင် လူ့အခွင့်အရေး အဆင့်အတန်း ပိုမိုမြင့်တက်လျက်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများကို စိတ်လှုပ်ရှားဖွယ်ရာ ဦးဆောင်နိုင်ရေး ရှေးရှုမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလျက်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သစ်ဖွဲ့စည်းနိုင်ရေး အလျင်အမြန် ဖော်ဆောင်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်း ဆော်သြလိုက်ရပါသည်။
Writer: 
ဒေါက်တာရန်မျိုးသိမ်း
ဆိုင်ကယ်အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင်ယာဉ်ငယ်ကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးခဲ့
ဇွန်လ ၃၀ ရက် ၂၀၁၆
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ် နန့်စီးအောင်သစ်ထုတ်လုပ်ရေးဝင်းအရှေ့ တွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီးကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူမှာ ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာဇွန် ၃၀ ရက်နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်က အင်းတော်မြို့နယ် ပေကုန်းရဲကင်း စခန်းပိုင်နယ်မြေတွင် ရဲအုပ်မင်းဇော်ဦးစခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာနန့်စီးအောင် သစ်ထုတ်လုပ်ရေးဝင်းအရှေ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးနဘေး ဈေးဆိုင်အနီးတွင်ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီး (ယာဉ်မောင်းဦးကျော်ဦး ၄၈နှစ် တန့်ဆည်မြို့ စစ်ကိုင်းတိုင်းဒေသကြီး)ကို မော်လူးကျေးရွာဘက်မှ အရှိန်ပြင်းစွာမောင်းနှင် လာသော Kenbo125နက်ပြာရောင်ဆိုင်ကယ်မောင်းနှင်သူ ကျော်ထက်ဇော်၂၀နှစ်ခန့်နှင့်အနောက်မှ စီးနင်လိုက်ပါလာသူ ဒေါ်ရွယ်၄၆နှစ်(ဘ) ဦးဂျာခွန်တူး မြို့မ(၂)ရပ်ကွက် ကားမိုင်းမြို့ တို့နှစ်ဦး ဝင်တိုက်မိရာ၊
 ဆိုင်ကယ်မောင်းနှင် သူ ကျော်ထက်ဇော်မှာ ယာဘက်ဒူးဆစ်အထက်ပေါက်ပြဲသော ပြင်းထန်ဒါဏ်ရာ(စိုးရိမ်သတိမေ့)ဖြင့် ၄င်းနောက်လိုက်ဒေါ်ရွယ်မှာ ယာဒူးပွန်းပဲ့ဒဏ်ရာ ယာလက်မောင်းအဆစ်လွဲဒဏ်ရာနဖူးထိပ် ဖူးရောင်ဒါဏ်ရာတို့ဖြင့်၊
 မြိုင်သာယာရွာဖြူစင်မေတ္တာလူမှု့ ကူညီရေးကားဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာသို့ ပေကုန်းရဲကင်းစခန်းမှူး ရဲအုပ်မင်းဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ လူမှူကူညီရေးအသင်းအဖွဲ့  များနှင့်မြိုင်သာယာရွာဖြူစင်မေတ္တာလူမှုကူညီရေးကားဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ရကြောင်း။
အဆိုပါဆိုင်ကယ်မဆင်မချင်မောင်းနှင်သူကို ပေကုန်းရဲကင်းရဲစခန်းက ထိရောက်စွာ အရေးယူရန်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။ (ဆက်လက်စုံစမ်းသိရှိရသည်မှာ အဆိုပါနေ့ နေ့လည်၃နာရီ၂၀မိနစ်တွင်
ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
ရတနာပုံ သတင်းစာ
ဦးခေါင်းမှာ ပေါက်တူးနဲ့ ထုတဲ့ ဒါဏ်ရာအပြင် ဓားဒါဏ်ရာများ ပါတွေ့ရှိရတဲ့ လူသတ်မှု
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် မြို့လှမြို့ အရှေ့တောင် ဘက် ၃ မိုင်ခန့် အကွာ ဆည် မြောင်းဘောင်အနီးမှာ တစ်ရပ် တည်းသားချင်း ဝိုင်းဖွဲ့ အရက် သောက်စားကြရာက စကားများ ရန်ဖြစ်ကာ လူသတ်မှုတစ်ခု ဇွန်လ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့ပါ တယ်။
သေသူက ကျွန်းပင်စု ရွာနေ ဦးထွန်းလှ ၆၈ နှစ်ဖြစ်ပြီး ဦးခေါင်းမှာ ပေါက်တူးနဲ့ ထုတဲ့ ဒါဏ်ရာအပြင် ဒါးဒါဏ်ရာများ ပါတွေ့ရှိရတဲ့အတွက် နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သန့်ဇော် ဟိန်း နှင့်အဖွဲ့က ပြစ်မှုကျူးလွန် သူကိုစုံစမ်းခဲ့ပြီး ဒီကနေ့ မနက် ပိုင်း ၁၀ နာရီခွဲ အချိန်က စစ် တောင်းမြစ်အရှေ့ဘက်ကမ်း ဘူးအိုင်ရွာ နဲ့ သဲကောကျေးရွာ ကြားမှာ ဖမ်းမိပါတယ်။
ပြစ်မှုကျူး လွန်သူသူနှစ် ယောက်ဟာ ဒေါင်းနန်းကျ ကျေးရွာ နေသူများဖြစ်ပြီး မြို့လှနယ်မြေ ရဲစခန်းအပိုင်မှာ တစ်လအတွင်း ဒုတိယမြောက် လူသတ်မှုဖြစ် ပါတယ်။
Ko Lwin
ဇနီးဖြစ်သူအား ဓါးမြှောင်ဖြင့်(၅)ချက် ထိုးသတ်ခဲ့မှု
ကြာအင်းဆိပ်ကြီး ဇွန် ၃၀
ဖြစ်စဉ်မှာ ၂၉-၆-၂၀၁၆ ရက်နေ့ နံနက် ၇နာရီခန့်အချိန် အဇင်းရဲစခန်းမှူး ရဲအုပ် လှိုင်ဘွားသည် အဇင်းကျေးရွာ၊ အမှတ်(၃) ရပ်ကွက်၊ နှင်းဆီးလမ်းတွင် လူသတ်မှုဖြစ်ပွားကြောင်း သိရ၍ သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အဇင်းကျေးရွာနေ မအေးစန္ဒနှင့် မကြည်အောင်တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် မအေးစန္ဒ၏ လင်ယောကျာ်းဖြစ်သူ ဝေယံဦး (၂၀)နှစ်၊ (ဘ)ဦးသန်းအောင်မှ ဆိုင်ကယ်အား ၀ါးလုံးဖြင့် ရိုက်လိုက်ရာ ဆိုင်ကယ်လဲကျ တိမ်မှောက်စဉ် ဝေယံဦးသည် ဇနီးဖြစ်သူ မအေးစန္ဒ(၂၃)နှစ် အား ဓားမြောင်ဖြင့် (၅)ချက်တိတိ ထိုးခဲ့ခြင်းကြောင်း သိရသည်။
ဓားဒဏ်ရာ ရင်ညွှန့်ဝဲ/ယာ (၁)ချက်စီး ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ(၃)ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။
 တရားခံ ဝေယံဦးသည် ထွက်ပြေးတိမ်းရှောင် သွားသဖြင့် အဇင်းနယ်မြေရဲစခန်း (ပ) ၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပြီး တရားခံအား စခန်းမှူးဦးစီး ပူးပေါင်းအဖွဲ့များဖြင့် ည(၈)နာရီ၊(၃၀)မိနစ်အချိန်ဖမ်းဆီး ရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ် ပဋိပက္ခအတွင်း အရပ်သား ၅ ဦး သေဆုံး
စစ်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာဆန္ဒပြကြစဉ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ မိုင်းယော်ကျေးရွာ အနီးက ပြောင်းခင်းမှာ မြှုပ်နှံထားတဲ့ အလောင်းတွေ ကို တွေ့ရှိကြောင်း ဒေသခံတွေ က ပြောပါတယ်။ သေဆုံးသူတွေဟာ မိုင်းယော်ရွာက ပြောင်းခင်း လုပ်သားတွေဖြစ်ပြီး ပစ်ခတ် တိုက်ခိုက် သံတွေကြားရပြီးနောက် အိမ်ပြန်မလာဘဲ ရှိနေရာက ၄ရက်အကြာ သွားရောက် ရှာဖွေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မိုးယော်ကျေးရွာဟာ လားရှိုးမြို့အရှေ့ဘက်က မိုင်၃၀လောက်အကွာမှာတည်ရှိပြီး လူ၅ယောက် ရဲ့ အလောင်းတွေကိုတော့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းက တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိတဲ့အကြောင်းကို မိုင်းယော်ရွာသားတဦးက အခုလို ပြောပါတယ်။
" မိုင်းယော်၊ မိုင်းယော်၊ ရွာအဝင် ပြောင်းခြံနားမှာ တွေ့တာ။ တောင်ပေါ်မှာ။ မနေ့က နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ။ မြေကြီးထဲမှာ မြှုပ်ထားတာ။ သိပ်ပြီးတော့ မနက်တော့ ယင်ကောင်တွေ တလောင်းလောင်းနဲ့ အပုတ်နံ့ပါ ရတယ်လေ။ အဲ့ဒီ့မိုင်းယော် ရွာထဲကပဲဗျ။ ရပ်ကွက်ထဲက ကလေးတွေ ရှမ်းနှစ်ယောက်၊ ပလောင်ဝ်သုံးယောက်ဗျ။ "
ရွာသား၅ယောက် ပျောက်ဆုံးတဲ့ဖြစ်စဉ်ကိုတော့ မိုင်းယော်ရွာခံက အခုလို ဆက်ပြောပါတယ်။
" ၂၅ရက်နေ့က အဲ့တာ ပစ်တာခတ်တာ တချက်ဖြစ်သေးတယ်။ ပြောင်းခြံ နားမှာပေါ့။ အဲ့မှာ သူတို့ငါးယောက်ကို ဖမ်းသွားတာ။ အဲ့ကတည်းက သတင်းမကြားတော့ ၂၉ရက်နေ့ စစ်ကြောင်းတွေ အကုန်လုံး ထွက်သွားတော့မှ သူ့မိဘတွေ၊ ရွာသားတွေ လိုက်ရှာတာပေါ့ဗျာ။ အဲ့ဒီ့ပြောင်းခြံအပေါ်မှာ အပုတ်နံ့ရတော့ အဲ့မှာ သွားဖော်ကြည့်တော့မှ ငါးယောက်စလုံး သေသွားမှန်း သိတယ်။"
ပြောင်းခြံ အနီးအနားမှာလည်း သေနတ်ကျည်ဆံခွံ အတော်များများ ကို တွေ့ရှိရကြောင်း ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဈာပနကို မိုင်းယော်ရွာမှာ ဒီကနေ့ပြုလုပ်ပြီး ဒီဈာပနကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်း က ဖြစ်ပျက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"ဒေသခံတွေ ပြောပြချက်ပေါ့လေ မျက်မြင်ကိုယ်တွေ့ အဲ့ဒီ့ ထိတွေ့မှုတွေဖြစ်တယ်ဆိုတဲ့ ၂၅ရက် မိုင်းယော်၊ လားရှိုးလမ်းမကြီးပေါ်မှာ ကားတွေရပ်ထားတယ်။ ဆိုင်ကယ်တွေရပ်ထားတယ်။ အဲ့ဒီ့ရွာသားငါးဦးကို ပြောင်းခြံထဲကနေ ဖမ်းသွားတာလို့ပြောပါတယ်ခင်ဗျ။ ဖမ်းသွားတာကတော့ တပ်မတော်စစ်ကြောင်းပေါ့လေ။ ဖမ်းသွားပါတယ်။ ဒါပေမဲ့ သတ်တာဖြတ်တာတော့ ကျနော်တို့ အတိအကျတော့ မသိရဘူးပေါ့လေ။ ဖမ်းသွားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မနေ့ကပေါ့လေ ၂၉ရက်နေ့က အလောင်းတွေ မြှုပ်ထားတာ တွေ့ရတာပေါ့လေ။ "
ဒီသေဆုံးမှုတဲ့ပတ်သက်ပြီး သေဆုံးသူတွေရဲ့ မိဘဆွေမျိုးသားချင်းတွေက ရဲတပ်ဖွဲ့နဲ့ တခြားသက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားတိုင်ကြားတာမရှိကြောင်းနဲ့ ဦးစိုင်းဝမ်းလှိုင်ခမ်း အနေနဲ့လည်း ဒီလိုအဖြစ်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် မိခင်ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ဆက်ပြောပါတယ်။
ဒီအခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အခုလို ပြောပါတယ်။
" အတည်ပြုလို့တော့ မရသေးဘူးပေါ့နော်။ အဲ့ဒီ့နေရာက သောင်းကျန်းသူ ဧရိယာဖြစ်တော့ သွားဖို့ခက်တယ်။ အဲ့တာကို တရားဝင် တိုင်ချက်လာဖွင့်မလားလို့ ကျနော်တို့ကလည်း စောင့်နေတယ်။ အခုအချိန်အထိကတော့ တရားဝင် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ သတင်းလာပေးတာတို့ တိုင်ကြားတာတို့ မရှိသေးဘူးခင်ဗျ။ hear say တွေပဲ ကြားနေရတယ်။"
အခင်းဖြစ်ပွားတဲ့ မိုင်းယော်ရွာတိုက်နယ်အတွင်းမှာ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်စစ်ကြောင်းတွေသွားလာလှုပ်ရှားနေပြီး ပလောင်၊ ရှမ်းနဲ့ ကချင်စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ မိုင်းယော်ရွာနဲ့ မိုင်၃၀အကွာ တောင်ပေါ်ဒေသတွေမှာ လှုပ်ရှားတာတွေရှိကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြထားပါတယ်။
 မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာငွေ ကျပ် ၃၀၀၀ ကျော်နဲ့ရောင်းချမည့် စမတ်ဖုန်း အိန္ဒိယတွင် မကြာမီဖြန့်ချိမည် ======= ====== ======= ====== =======
ကမ္ဘာပေါ်တွင် ဈေးအချိုဆုံး ပေါင်စတာလင် ၃ ပေါင်နှင့် ရောင်းချမည့်
စမတ်ဖုန်းကို ယခုသီတင်းပတ်အတွင်း စတင်ဖြန့်ချိတော့မည်ဟု သိရသည်။
အဓိကအားဖြင့် ဆင်းရဲသားအများစုရှိသော အိန္ဒိယကဲ့သို့ နိုင်ငံများကိုအဓိက
ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည် ဟုသိရသည်။
အိန္ဒိယရှိ သန်းပေါင်းများစွာသော လူထုအတွက် အင်တာနက်ဆက် သွယ်မှုရရှိစေရန်ရည်ရွယ်ပြီး Freedom 251 ဟု အမည်ပေးထားသော ယင်းစမတ်ဖုန်းကို ဇွန်လ ၃၀ ရက်နေ့စတင် ရောင်းချပြီး အိန္ဒိယ၌ ကြိုတင်မှတ်ပုံတင်ထားသူများကိုသာ ရောင်းချပေးမည်ဟု ဆိုသည်။
ယင်းကိရိယာကို Noida အခြေစိုက် Ringing Bells ကုမ္ပဏီက ထုတ်လုပ်ထားပြီး ပထမအသုတ် ထုတ်လုပ်တင်ပို့ရောင်းချရာတွင် အလုံးရေ ၂၀၀,၀၀၀ ကျော်သာ ရောင်းချနိုင်မည်ဟု သိရသည်။
ယင်းစမတ်ဖုန်းသည် လေးလက်မမျက်နှာပြင်အကျယ် ပါရှိပြီး၊ 8 megapixel အနောက်ကင်မရာနှင့် 3.2 megapixel အရှေ့ ကင်မရာ၊ Storage 8GB ၊ RAM 1 GB တို့ ပါရှိသည်။
Facebook ,You Tube, Google Play WhatsApp စသည်တို့ အသင့်သုံးနိုင်ရန် ထည့်သွင်းထားပြီး အဖြူရောင်နှင့် အနက်ရောင်ကိုယ်ထည်များဖြင့် ထုတ်လုပ်ထားသည်။
အဆိုပါစမတ်ဖုန်းသတင်းကို ပြီးခဲ့သော ဖေဖော်ဝါရီလက စတင်ကြေညာခဲ့ရာ၌ ယင်းကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် လူပေါင်း ၇ သန်းက ကြိုတင်မှတ်ပုံတင်ခဲ့ကြရာမှ ၀က်ဘ်ဆိုက် crash ဖြစ်ပွားခဲ့ပြီးနောက် ရောင်းချမှုကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။
TWT-Ref; CNN
လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ကချင်ပြည်နယိ၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွှန့်က ပြောကြား
#ကချင်တွင်ဖမ်းမည်
ပြည်ထောင်စုအစိုးရအဖွဲ့ညွှန်ကြားချက်အရ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ကချင်ပြည်နယိ၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွှန့်က ပြောသည်
နုတ်ထွက်စေချင်ကြပါက နုတ်ထွက်ပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ပြောကြား
မန္တလေးမြို့တော်ဝန် အဖြစ်က ၄င်းအား နုတ်ထွက် စေချင်ကြပါက နုတ်ထွက်ပေးသွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ဇွန်လ ၂၉ ရက်နေ့က စည်ပင်သာယာရေး ကော်မတီ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
မီးလောင်ခဲ့တဲ့ မင်္ဂလာဈေး အဆောက်အအုံကို ဖြိုဖျက်ကာ အသစ် တည်ဆောက်မယ့်အပေါ် ဈေးသူ ဈေးသားတွေက မြို့တော်ဝန် ဖြုတ်ချပေးရေး ကြွေးကြော်ချက် အပါအ၀င် အချက် ခြောက်ချက်နဲ့ ဆန္ဒ ထုတ်ဖော်မှာနဲ့ ပတ်သက်ပြီး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြုလုပ်စဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၁၀ တန်းကျောင်းသူလေးတစ်ဦး ဘဝကို အရှုံးပေးသွား --------------------------------------------------------------------------
မွန်ပြည်နယ် ရေးမြို့ အပေါ်ကျုံးတွင် ဘ၀ကိုအရှုံး ပေးလိုက်သော ၁၀ တန်းကျောင်းသူလေး အမျိုးသမီး အလောင်းတစ်လောင်း ပေါ်ကြောင်း သိရှိရပါသည်။
ကိုရင်လေး ပုပ္ဖ၀တီကျေးရွာနေ ကိုဇော်မိုး+မစိုးသီတာ တို့၏ သမီး ယခု ၁၀ တန်းကျောင်းသူလေး မယွန်းယွန်း ဟု သိရှိရပါသည်။ ဒီနေ့ မနက် ၄း၀၀ အချိန် အိမ်မှ ထွက်သွားပြီး အခုလို ဘ၀ကို အရှုံးပေးလိုက်ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
Photo ကိုမင်း/Ko Kyaw Naing
ဟန်ကို ဟန်ကို
ဆိုင်ကယ် မောင်းကျွမ်းပါသည်ဟုသော စတန့်မင်းသားတွေသနားတယ် ဆိုင်ကယ်ဖြင့် အုန်းကောက်ညှင်းပေါင်း လိုက်ရောင်းတဲ့ စစ်ကိုင်းတောင်ရိုးပေါ်က ဈေးသယ်အမျိုးသမီး။
ဆိုင်ကယ် မောင်းကျွမ်းပါသည်ဟုသော စတန့်မင်းသားတွေသနားတယ်
ဆိုင်ကယ်ဖြင့် အုန်းကောက်ညှင်းပေါင်း လိုက်ရောင်းတဲ့ စစ်ကိုင်းတောင်ရိုးပေါ်က ဈေးသယ်အမျိုးသမီး။
cre post
###သူရဲသမိန်ရွာအမှန်အမှားနောက်မှစဉ်းစား…
                  ယခုပြဿနာကို အတွင်းကျကျမကြည့်လျှင် ဗုဒ္ဓဘာသာဝင်တွေက မွစ်စလင်တွေကို ဖိနှိပ်ရက်စက်တယ်လို့သာမြင်ကြရမှာပါပဲ။ရဲအစီရင်ခံစာမှာ အိမ်ခြေထောင်ကျော်ရှိတဲ့ရွာမှာ မွစ်စလင်မိသားစု ၄၄စုရှိတယ်လို့ဖော်ပြတယ်။ ဗလီကတော့ ၂လုံးတဲ့။
             ရွာတစ်ရွာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုတည်ဆောက်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၅၀နဲ့အထက်ရှိမှ သာသနာရေးကတည်ဆောက်ခွင့်ပေးတယ်။ သူရဲသမိန်ရွာမှာ မွစ်စလင်အိမ်ထောင်စု ၄၄စုသာရှိတာ ဗလီက ၂လုံးဆိုတော့ ဘယ်သူကဆောက်လုပ်ခွင့်ပေးတာလဲဆိုတာနဲ့၊ တရားဝင်ဗလီဟုတ်မဟုတ် အရင်ဖြေရှင်းဖို့လိုပါတယ်။   ။
                          Lu Myanmar
ဘုန်းကြီးလူထွက် ငှားချင်လို့ပါ ------------------------------------------
အသက်ကြီးမှ အထုအထောင်းခံချင်နေတာ :P
.......................................................
ဘုန်းကြီးလူထွက် ငှားချင်လို့ပါ
------------------------------------------
"ဆရာတော် အပြင်မှာ ဧည့်သည်ရောက်လို့ပါဘုရား''
ဒီနေ့ နေ့ခင်း (၂) နာရီလောက်က အခန်းထဲမှာ စာကြည့်နေတုန်း ကျောင်းသားလေး လာပင့်လို့ ဧည့်ခန်းထဲကို လိုက်လာပါတယ်။
  ဧည့်ခန်းထဲရောက် အသက်(၇၀)ကျော်အရွယ် ဒကာမကြီးတစ်ဦးနဲ့ အဖော်ဒကာတစ်ဦးကို တွေ့ရပါတယ်။
  အသက်(၇၀)ကျော်ဆိုပေမဲ့ ရိုးရိုးယဉ်ယဉ်ဝတ်စားထား
တာတော့မဟုတ်ပါဘူး။ ဒူးခေါင်းနားထိတိုတဲ့ ဂါဝန်စကပ် အင်္ကျီကလည်းကြောင်ကြောင်ကြားကြားနဲ့
´´ဘင်လာဒင် ပုတီးကိုင်သလို'' အကြည့်ရ အတော်ဆိုးလှပါတယ်။
စာရေးသူကိုတွေ့တော့ ပေါက်စိန်ပေါက် ဦးချပြီး
"ဘုန်းဘုန်းလေးကို အကူညီတောင်းချင်လို့ပါ''
''ပြောပါ ဒကာမကြီး ကူညီနိုင်တဲ့ဟာဆို အားလုံးကူညီပါ့မယ်''
''ပြောကို မပြောချင်ပါဘူး အိမ်ကမျက်နုကြိုက်ကြီးပေါ့ဘုရား''
''မျက်နုကြိုက်ဆိုတာ ဘာကိုပြောတာလည်း ဒကာမကြီးရဲ့''
'' ရော် ဘုန်းကြီးရယ် ရိုးပ၊ နွားအို မျက်နုကြိုက်ဆိုတဲ့ စကားရှိတယ်လေ၊ တပည့်တော်အိမ်ကဟာကြီးက အသက်(၇၁)နှစ်ရှိပြီးဘုန်းဘုန်းရေး ခုသူက သူ့ထက်အသက်တအားငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဘာညာသာရကာ နေကြာကွာစေ့ မရိုးမသား ခိုးစားပြီး စနိုက်ကြော်နေလို့ ဘုန်းဘုန်းရေ..''
ဗျာ.....
(၇၀)ကျော် မော်ဒယ်အဖွားကြီးရဲ့ စကားကြောင့် စာရေးသူလည်း "ဗျား'' လို့ တစ်ခွန်းပဲ အသံထွက်နိုင်ပါတယ်။
"မဗျာနဲ့ ဘုန်းဘုန်းရေ ဒီမှာကြည့်ပါအုံး"
လို့ ပြောပြီး သူ့ဒကာကြီးနဲ့ စနိုက်ကြော်တို့ ပုံတွေကို
ထုတ်ပြပါတော့တယ်။
"ရတယ် ရတယ် ဒကာမကြီး မပြနဲ့တော့ ရတယ်"
လို့ တားလိုက်ပြီး၊ ကိလေသာမီး တောက်လောင်နေတဲ့ ဒကာမကြီးကို တရားနည်း ဘုရားနည်းနဲ့ မီးငြိမ်းဖို့ တရားစခန်းဝင်ဖို့ အကြံပေးလိုက်ပါတယ်။
''အမလေး တရားစခန်းကို လင်မယားနှစ်ယောက်စလုံး
ဝင်ပါသကောဘုရား...။ (၇) ရက်တရားစခန်းမှာ နှစ်ရက်နဲ့ပြန်လာတာ''
''ဘယ်လိုဖြစ်ပြီး နှစ်ရက်နဲ့ ပြန်လာတာလည်း ဒကာမကြီးရဲ့''
''ဘယ်လိုဖြစ်ပါ့ဘုရား စနိုက်ကြော်တွေကြောင့်ပေါ့ဘုရား၊ ရိပ်သာမှာ ထမင်းကျွေးတော့ ထမင်းကျွေးတဲ့နေရာမှာ တာဝန်ယူတဲ့ ကောင်မတွေကတပည့်တော် အိမ်ကဟာကို ဟင်းထည့်ပေးတာ အမြင်ကပ်လို့
(၂)ရက်နဲ့ပြန်ခဲ့တာ''
မော်ဒယ်အဖွားကြီး စကားကိုကြားတော့မှ ဒီဒကာမကြီးရဲ့ အနေထားကို သဘောပေါက်သွားတယ်။
''တရားဖက်ရမယ့် အရွယ်မှာ တဏှာမက်'' နေတော့ စိတ်ထဲမှာလည်း အတော်လေး အချဉ်ပေါက်သွားတယ်။
ဒါကြောင့် စချင်စိတ်လည်း ပေါက်လှတာမို့ ခပ်တည်တည်နဲ့ စာရေးသူရဲ့ ဟန်းဖုန်းကိုထုတ်ပြီး..
''ကဲဒကာမကြီး မယားကြီးရှိပါရက်နဲ့ စမောဆွဲတဲ့ ဒကာကြီးကို တလင်တမယား ဥပဒေနဲ့ တရားစွဲချင်တာမို့လား၊ ခု ရန်ကုန်တိုင်း ရဲမှူးဆီကို ဖုန်းဆက်ပြီး ဒကာကြီးကို ဖမ်းခိုင်းလိုက်တော့မယ်''
ဟု ခပ်တည်တည်နဲ့ စလိုက်ပါတယ်။ ဒီတော့ မော်ဒယ်အဖွားကြီး ထိပ်ထိပ်ပြာပြာနဲ့
'' မ...မဟုတ်ပါဘူးဘုန်းဘုန်းလေးရယ်။ တပည့်တော်က ဘုန်းဘုန်းလေးတရားကို Sky Net ကနေ နာပြီးကတည်းက ကြည်ညိုပြီး ဖူးချင်နေတာပါဘုရား။
ခုက ဒကာကြီးကို လာတိုင်တာ မဟုတ်ပါဘူးဘုရား ဘုန်းဘုန်းလေးကို လာဖူးတာပါဘုရား. . .''
လို့ ပြောပြီး ပိုက်ဆံ(၁၅၀၀)ကို ဇွတ်လှူနေတာကြောင့်
''ဦးဇင်း ငွေလက်မခံဘူး'' လို့ ညင်းလိုက်ရပါတယ်။
အဖွားကြီးရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး စနောက်ချင်စိတ်က ပေါက်လာပြန်တာမို့။
''ဒကာမကြီးကို ဦးဇင်းအကြံတစ်ခုပေးမယ်နော်''
''ပေးပါဘုရား ဘုန်းဘုန်းလေးတို့ ပညာရှိကပေးတဲ့ အကြံကို တပည့်လေး လိုက်နာပါ့မယ်ဘုရား''
''ခု ဒကာကြီးကိုက စမောတွဲတာကို ဒကာမကြီးက အူတိုနေတာမို့လား၊ ဒီတော ဒကာကြီးကို ပြန်ပြီးအိုတိုအောင် ဒကာမကြီးလည်း ပြန်ပြီး စမောဆွဲလိုက်ပေါ့''
စာရေးသူစကားကြားတော့ မော်ဒယ်အဖွားလည်း
မျက်လုံးတွေ လင်းလက်လာပြီး ။
'' ဟုတ်တယ်ဘုန်းဘုန်းလေးဘုရား... တပည့်တော် အဲ့လိုလုပ်ဖို့မေ့နေတာ၊ အဲ့လိုလုပ်မယ် စမောဆွဲမယ် စပါယ်ယာကော ဒရိုက်ဘာပါဆွဲတော့မယ်''  ဘုရားလို့
အားတက်သရောပြောပြီး.
'' ဒါပေမယ့် တစ်ခုတော့ရှိတယ်ဘုန်းဘုန်းရဲ့ ဘုန်းဘုန်းတပည့်တော်ကို ဆက်ကူညီပေးအုံး''
''ဘယ်တစ်ခုရှိပြန်တာလဲ ဒကာမကြီးရဲ့''
''ဒီလိုလေ ဘုန်းဘုန်းလေးရဲ့ ခုခေတ်ကောင်လေးတွေက လွယ်တာမဟုတ်ဘူး။
တပည့်တော်က အိမ်ကမျက်နုကြိုက်ကြီးကို မခံချင်လို့
အူတိုအောင် တွဲလိုက်တာတော့ ဟုတ်ပါတယ်။
ကိစ္စတွေပြီးလို့ တပည့်တော်ကို မခွဲနိုင်ဘူးဆိုရင်ခက်မယ်ဘုရား၊ နောက်ပြီး ပစ္စည်းဝယ်ပေးရ ၊ အဝတ်စားဝယ်ပေးရ၊ မုန့်ဖိုးပေးရနဲ့
အကုန်အကျများမှာ''
''အဲ့ဒီတော ကျုပ်က ဘယ်လိုကူညီရမှာလဲ'
စာရေးသူ စကားဆုံးတော့ စာရေးသူဘေးနားမှာ ထိုင်နေတဲ့ ကျောင်းသား(၃)ယောက်ကို မေးငေါ့ပြပြီး။
''ဟိုလေ ဘုရား.. ဘုန်ုးဘုန်းလေးဆီမှာ ဦးဇင်းလူထွက်လေး ဘာလေးရှိလားဘုရား''
''ရှိတယ်လေ ခု ဦးဇင်းနား ထိုင်နေတဲ့ (၃)ယောက်က
ဘုန်းကြီးလူထွက်တွေချည်းပဲ၊ ဒကာမကြီး စမောဆွဲမှာ သူတို့နဲ့က ဘာဆိုင်လို့လဲ''
''ဒီလိုပါဘုရား... ဘုန်းကြီးလူထွက်''တစ်ပါး''လောက်
တပည့်တော် စမောဆွဲချင်လို့ပါဘုရား... အလကားမဆွဲ ပါဘူးဘုရား တရက်ကို(၁၅၀၀) ပေးမှာပါ၊ သူတို့လည်း အလုပ်ရ တပည့်တော်အတွက်လည်း အဆင်ပြေတာပေါ့ဘုရား''
မော်ဒယ် အဖွားရဲ့စကားလည်းကြားရော... ဘုန်းကြီး လူထွက်(၃) ယောက်မှာ။
'' ဟာ...ဟာ...ကျုပ်တို့က ခဏလေး လူထွက်တန်း ကစားနေတာပါ၊ ခဏနေရင် ပြန်ဝတ်တော့မှာပါဗျား၊
တကယ်ပြန်ဝတ်တော့မှာပါဗျား''
လို့ ကြောက်လန့်တကြားအော်ပြီး ကျောင်းပေါ်က ဆင်းပြေးသွားပါတော့တယ်။
''မနက်ဖြန် ပြန်လာခဲ့မယ်ဘုရား'' လို့ အကြိမ်ကြိမ်ပြော ပြီး မော်ဒယ်အဖွားပြန်သွားပါတယ်။
မော်ဒယ်အဖွားကြီးလည်းပြန်တော့မှ အမောတကောနဲ့-
''ဆရာတော်ဘုရား တပည့်တော်တို့(၃)ယောက်ကို
အမြန်စုံး သင်္ကန်းပြန်ဝတ်ပေးပါဘုရား၊ ညနေက အဖွားကြီးကို ကြောက်လို့ပါ အမြန်သင်္ကန်း ပြန်ဝတ်ပေးပါဘုရား''  ဟု
တစာစာနဲ့ တောင်းဆိုနေပါတော့တယ်။
အခုချိန်ထိကား သင်္ကန်းပြန်ဝတ်မပေးရသေးပါချေ၊
စမောဆွဲလိုသူ၊ စနိုက်ကြော်လိုသူ ''ဘုန်းကြီးလူထွက် တစ်ရက်(၁၅၀၀) နဲ့ ငှားလိုသူများ စာရေးသူထံ ဆက်သွယ်ကြပါကုန်.........
ဤပိုစ်ကို တင်ခြင်းအားဖြင့် စာမေးပွဲကျ၍ လူထွက်ချင်နေသော နောင်တော် ညီတော်များ...
(ဘဝအမော၊တစ်ခဏတော့၊ပြေလျှော့ကြပါစေ)
***မေတ္တာဖြင့်ရန်ကင်းစံရာ***
မူရင်း ''ဓမ္မဝီရ အရှင်''
တနင်္သာရီတိုင်းအစိုးရအဖွဲ့ လာဘ်ပေး၊ လာဘ်ယူမှု ပြုလုပ်နေမှု နိုင်ငံတော်အစိုးရသိစေရန် ============================
၂၉..၆...၁၆
-
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ရဲ့ ဖေ့ဘွှတ် စာမျက်နှာမှ 
ယနေ့  နံနက် ၁၀း၄၀ တွင် Myanmar Rock Mountain Co.,Ltd. မှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်သူသူမြင့်  နှင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်စည်းရုံးရေးမှူး ဦးစိုးမိုးအောင် တို့ မှ တိုင်းဒေသကြီးအတွင်း
လိုအပ်သည်များကို အသုံးပြု နိုင်စေရေးအတွက် ငွေကျပ် (သိန်း ၅၀ ) လာရောက် လှူဒါန်းသွားပါသည် ဟု ရေးသား တင်ပြထားပါတယ် ။
-
အောက်ပါ ငွေကြေးသိန်း ၅၀ ကျပ်ကို   M-R-M ( Co.,Ltd )ဒါရိုက်တာ ဒေါ်သူသူမြင့် + nld စည်းရုံးရေးမှူး ဦးစိုးမိုးအောင် တို့က တနင်္သာရီတိုင်း
ဒေကြီး လိုအပ်သည်များ အသုံးပြုရန်ဆိုတဲ့  ခေါင်းစဉ်တခု တပ်လိုက် ကတဲ့က ဒါဟာ လာဘ်ပေးလာဘ် ယူမှုကို ဖုံးကွယ် လိုက်တဲ့ ခေါင်းစဉ်တခုသာ ဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်
-
ဇနီးလုပ်သူက  ( Co.,Ltd ) ရဲ့ မန်နေဂျင်း ဒရိုက်တာတစ်ယောက် မိမိကိုယ်တိုင် က nld ပါတီက စည်ရုံးရေးမှု  တိုင်းဒေသကြီးလိုအပ်ချက် မိမိကိုယ်တိုင်သိနှင်း နေပြီးသားဖြစ်တဲ့ nld ပါတီဝင်တစ်ယောက်က တိုင်းဒေသကြီး အတွင် လိုအပ် သည်များ အသုံးပြုနိုင်စေရန် ဆိုပြီး
-
ဝန်ကြီးချုပ်လက်ထဲကို ငွေကျပ်သိန်း ၅၀ ကို သွားရောက် လှူဒါန်းပါတယ်
လို့ ဆိုလိုက်ကတဲ့က နိုင်ငံတော်က အစိုးရ ထုတ်ပြန်ထားတဲ့ လာဘ်ပေးလာဘ်ယူမှုကို ဘာမှရေရာမှု မရှိတဲ့ အလှူဆိုတဲ့ ခေါင်းစဉ်ပြောင်းတပ်ပြီး ပြောင်ပြောင်တင်းတင်း လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေခြင်းသာ ဖြစ်ပါကြောင်း မြင်တွေ့နေရပါသဖြင့်
-
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော်၏  အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သိစေရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ် ခင်ဗျာ
=============
ဧပရယ်မောင်မောင်
ပျောက်ဆုံးသမီးပျို ( ၂ )ဦးအား MAT နှင့် မြန်မာလူကုန်တားတပ်ဖွဲ့တို့ပူးပေါင်းကယ်တင် +++++++++++++++++++++++++++++++++++
၂၀၁၆ ၊ ဇွန်လ ၂၉
#ကိုခွန်
တရုတ်ပြည်သို့ တရုတ်မယားအဖြစ် ရောင်းချခံရဆဲ မြန်မာအမျိုးသမီးငယ် ၂ဦး အား MAT နှင့်မြန်မာလူကုန်တားရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။
ပခုက္ကူမြို့နယ်၊……မှ အသက် ၂၅ နှစ်အရွယ် မစန်းနွဲ့နှင့် အသက် ၁၉နှစ် မမေသင်္ကြန် တို့ကို ဦးလော ဆိုသည့် တရုတ်တစ်ဦး ခေါ်ဆောင်သွားကြောင်း မိဘ များ က အုန်းချောရပ်ကွက် NLD သတင်း နှင့် ပြန်ကြားရေး နှင့် ရွှေချောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က MAT အဖွဲ့သို့ အကူညီတောင်းခံလာခဲ့သည်။ အဆိုပါနေရာသို့ ရောက်ရှိနေသော MAT အဖွဲ့ဝင် ကိုစောခွန်နောင်ဦးက ဘန်ကောက်MATရုံးသို့ သတင်းပေးပို့သည်။ ထိုမှ မန္တလေးလူကုန်တားတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ စုံစမ်းဖေါ် ထုတ်ခဲ့သဖြင့် ဇွန်လ ၁၆ ရက်နေ့က မိဘများလက်သို့ ပြန်လည်အပ်နှံနိုင်ခဲ့သည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ဇွန်လ ၁-ရက်နေ့ညဥ့် က ရန်ကုန်မြို့ အင်းစိန် ရွှေဝါ၂လမ်း အိမ်အမှတ် (၁၄၃) တွင် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တရားမ၀င် စုဆောင်းထားသည့် စစ်ကိုင်းတိုင်း တမူမြို့မှ အမျိုးသမီး ၁၈ ဦးကို ရန်ကုန်တိုင်း လူကုန်တားတပ်ဖွဲ့မှူး ဦးရဲဝင်းအောင် ၏ အကူညီဖြင့် စုံစမ်းဖေါ်ထုတ်နိုင်ခဲ့သည်။ အလားတူ ယခုလအတွင်း ချင်းပြည်နယ်မှ မလးရှားသို့ လူကုန်ကူးသူ ၂ဦးကိုလည်းပူးပေါင်း ဖမ်းဆီးနိုင်ခဲ့သည်။
ရန်ကုန်တိုင်းလူကုန်တား ရဲတပ်ဖွဲ့မှူးနှင့်အတူ ၂၀၁၅ ခု နိုဝင်ဘာကလည်း ထိုင်းနိုင်ငံ ငါးဖမ်းလှေသို့ပို့ ဆောင်မည့် အလုပ်သမား၂ဦးနှင့် ပွဲစားတစ်ဦးတို့ကို ရန်ကုန်ကမ်းနားလမ်း River View ဟိုတယ်တွင်ဖမ်းဆီးကယ်ထုတ်နိုင်ခဲ့သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ဒီနှစ် ၆လအတွင်းမှာ လူကုန်ကူးခံရသူပေါင်း သုံးရာကျော်ကယ်ထုတ်နိုင်လိုက်ပြီ။ အယင်နှစ် အရေအ တွက် ၂ဆလောက်ဖြစ်နေပြီ။ ဒီနှစ်ထဲမှာ ထူးခြားတာက မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကော့သောင်း၊ စစ်ကိုင်း၊ ချင်းပြည်နယ်ကအစ ကျနော်တို့MAT ကို လှမ်းပြီးတော့ အကူညီတောင်းနေကြတယ်။
သတင်းအချက်အလက်တွေကိုအတိအကျစုဆောင်းပြီး မြန်မာအစိုးရလူကုန်တား တပ် ဖွဲ့နဲ့ပူးပေါ င်းေ ဆာင်ရွက်ကြတာပါ။ အထူးသဖြင့်တရုတ်ဘက်ကို ပိုဂရုစိုက် ဖို့လို သလို ထိုင်းဘက်ကို ထွက်ခွာလာတဲ့သူတွေကိုလည်း နယ်စပ်မှာမှတ်တမ်း ကောင်းေ ကာင်းပြုထားနိုင်ဖို့လိုပါမယ်” ဟုပြောသည်။
မြန်မာနိုင်ငံတွင်လူကုန်ကူးမှုလျှော့မသွားသည့်အပြင်ပိုမိုများပြားလာခြင်းကြောင့်
အမေရိကန်နိုင်ငံကလူကုန်ကူးမှုအဆိုးဆုံးစါရင်းTair3ထည့်သွင်းတော့မည်ဖြစ်သည်။
အီးယူနှင့်အမေရိကန်တို့ လူကုန်ကူးမှုအဆိုးဆုံးစါရင်းတင်သွင်းခြင်းနှင့် ထိုင်းနိုင်ငံ မှ ကျွန်ပြုခံ အလုပ်သမား၏ လုပ်အားဖြင့် ထုတ်လုပ်သည့် ပင်လယ်အစားအစာများ ကို စုံသုံးရန်ပိတ်ပင်ခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း လူကုန်ကူးမှုသားကောင်းဖြစ်ရသည့်
မြန်မာပြည်ထွက်ကုန်များကို ပိတ်ပင်ရန်မသင့်ပေ။
အစိုးရကိုဖိအပ်တစ်ရပ်အနေဖြင့် သတ်မှတ်ခြင်းကသပ်သပ်ဖြစ်သင့်ပြီး အရာရာ ချို့ငဲ့နေသည့် မြန်မာလူကုန်တားရဲတပ်ဖွဲ့အား (လူအင်အားဖြည့်တင်းခြင်း၊ နည်းပ ညာနှင့်
ထောက်ကူပစ္စည်းများပံ့ပိုးခြင်းများအပြင် စရိတ် စကများ)အပြည့်အဝ
ကူညီပေးခြင်းများ ပြုလုပ်သင့်သည်။ မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံကဲ့သို့
လူကုန် ကူးခံရသူများဖြင့်ကုန်ထုတ်လုပ်ငန်းကို
လုပ်ကိုင်နေသည့် နိုင်ငံမဟုတ်ပါ။
အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါး၍
ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ကြရာမှအမြတ်ထုတ်ခံရခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသားများ လူကုန်ကူးမှု ကိုဖြစ်ပေါ်စေသော
အဓိကအကြောင်းတရားမှာမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသူများက
၈၀ ရာခိုင်နုန်းကျော်သော တောနေလူတန်းစား တောင်သူလယ်သမား များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုင်ခြင်းသာမက လယ်ယာမြေများနှင့် မြစ်ချောင်းအင်းအိုင်များကို အာဏာပိုင်များ နှင့် နီးစပ်သည့် ခရိုနီများက သိမ်းပိုက်ကြခြင်းများကြောင့် အဓိကဖြစ်သည်။ ထို့ကြောင့် အလုပ်လက်မဲ့ပိုင်ဆိုင်မှုမဲ့ကာ ရေကြည်ရာမျက်နုရာကို ထွက်ခွာဖို့ တွန်းအားဖြစ်စေသည်။နေရပ်ရင်းတွင်ဆက်လက်အသက်ရှင်
ရပ်တည်ရေးအတွက်မဖြစ်နိုင်တော့သည့်အခြေအနေကို
အစိုးရများကဖန်တီးခဲ့ပါသည်။
ထို့အပြင် ပညာတတ်လူတန်းစားများအတွက်လည်း ဘ၀ရပ်တည်ရေးအတွက် လုံလောက်သည့်လစာဖြင့် အလုပ်အကိုင်များမရရှိနိုင်ခြင်းတို့ကြောင့်
မြန်မာနိုင်ငံမှ အရွယ်ရောက်ပြီးသူတိုင်း ပြည်ပနိုင်ငံများသို့ ရရာလမ်းမှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ဦးကျော်သောင်း ကသုံးသပ်ပြောဆိုသည်။
NLD အစိုးရသစ်အနေဖြင့် မြန်မာအများစုလူကုန်ကူးခံနေကြရသော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် သက်ဆိုင်ရာနိုင်ငံ လူကုန်တားတပ်ဖွဲ့များနှင့် အလျှင်အမြန် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူကုန်တားရဲအရာရှိများခန့်ထားရန် အလျှင်အမြန်
စီစဉ်ဆောင်ရွက်သင့်ကြောင်း MAT အဖွဲ့ကအကြံပြုပြောဆိုသည်။
via # ကျိုက်မရော မုဒုံ