Thursday, May 26, 2016

ခရိုင်ပညာရေးရုံးမှ တချို့ပုံနှိပ်စာအုပ်များ မဖြန့်နိုင်

ခရိုင်ပညာရေးရုံးမှ တချို့ပုံနှိပ်စာအုပ်များ မဖြန့်နိုင်

ပူတာအိုဒေသတွင် ကျောင်းဖွင့်ချိန်နီးကပ်လာသော်လည်း
အထက်တန်းဖြစ်သည့် ၈တန်း ၊ ၁၀တန်းအတွက် ပုံနှိပ်စာအုပ်များ ယခုအချိန်ထိမရောက်ရှိသေးကြောင်း ပူတာအိုခရိုင်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး (စီမံကိန်းများ ကြီးကြပ်အကဲဖြတ်) ဦးအမ်ထင်ဆန်းမှဆိုသည်။

“ ဒီနှစ်က သူငယ်တန်းသင်ရိုးသစ်ဖတ်စာအုပ်တွေ ဘာသာစုံ အချိန်မီရောက်တယ်။ မူလတန်းက အစောကြီးရောက်တယ်။ အလယ်တန်းကနောက်မှ ရောက်တယ်။ အထက်တန်း ၈နဲ့ ၁၀ကတော့လုံးဝမရောက်သေးဘူး” ဟုလက်ထောက်ညွှန်းကြားရေးမှူးမှဆို သည်။

မြို့နယ်အလိုက် ယမှန်နှစ်စာရင်းအရ ကျောင်းဝတ်စုံများ နှင့် ကျောင်းပြဌာန်းစာအုပ်များကို အကုန်ဖြန့်ပေးနိုင်ခဲ့ ပြီး ဝေးလံသောဒေသများအတွက် ကြိုတင်အချိန်စောအောင်ဖြန့်ဝေပေးခဲ့ကြောင်း ခရိုင်ပညာရေးရုံးမှ ဦးစီးအရာ ရှိ ဦးဟေချန်းမှဆိုသည်။

ကျောင်းသားများ ကျောင်းအပ်ရန်အတွက် ယခုလ မေ ၂၅ ရက်နေ့မှ ၃၁ရက်နေ့အထိ စာရင်းလက်ခံနေပြီဖြစ် ရာ ဇွန်လ ၁ရက်နေ့ ကျောင်းစဖွင့်မည်ဖြစ်ကြောင်း သိရသည်။


No comments: