Saturday, May 28, 2016

မြစ်ကြီးနား-မန္တလေး အမှတ်(၄၂) အစုန် ဒုတိယအမြန်ရထားတွဲ ဘီးချော်မှုဖြစ်ပွား


နဘား မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားဘူတာအဝင် ၌ မေ ၂၇ ရက် ညနေ ၃ နာရီက အမှတ်(၄၂) အစုန် ဒုတိယအမြန် ရထားတွဲ ဘီးချော်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်ခေါင်းအမှတ်(DD/ 962) စက်ခေါင်းမောင်း ဦးသန်းဇော် နှင့် ရထားထိန်း ဦးစိုးမြင့်ဦးတို့ မောင်းနှင်လာသော အမှတ် (၄၂)အစုန် ဒုတိယအမြန်ရထားသည် ပင်ဝဲ ဘူတာမှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မန္တလေးဘက်သို့ ထွက်ခွာခဲ့ရာ စာတိုက်တွဲအမှတ်-၁၉၂ဝ၊ ဘီးအမှတ် ၁ယ ၂ အပြင် ၇ယ ၈ အတွင်း သံလမ်းအနီး ကပ်ကျတွဲအမှတ်-GBHV 40259 ဘီးအမှတ်-6,7,8 အတွင်းသို့ ရထား မိုင်တိုင်အမှတ် (၅၉ဝ။၅ - ၅၉ဝ။၆) ကြားအရောက် ညနေ ၃ နာရီတွင် ဘီးချော်ကျမှုဖြစ်ပွားခဲ့သည်။

ယင်းချော်ကျသည့်ဘီးအား နဘား တွဲပြင်၊ တွဲစစ်နှင့် လမ်းလုပ်သားများက လမ်းပိုင်းပွင့်နိုင်ရေးကို ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ဆောင်ရွက်ခဲ့ရာ နဘား ဘူတာရုံပိုင်ကြီး ဦးစန်းတင့်က အနီး ကပ်ကြီးကြပ်ခဲ့သည်။ ရထားလမ်းပိုင်း သည် မည်သည့်အချိန်တွင် ပြီးဆုံးမည် ကို မသိရှိရသေးကြောင်း မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းပိုင်းပွင့်နိုင်ရေးဆောင်ရွက် နေချိန်တွင် ခရီးသည်များ စားသောက် မှု အဆင်ပြေစေရန်အတွက် (၅၆) အစုန် အထူးအမြန်ရထားအား မော်လူးဘူတာတွင် ရပ်နားထားပြီး (၅၅)အဆန် အထူးအမြန်ရထားအား အင်းတော်ဘူတာတွင် ရပ်နားထား မည်ဟု သိရသည်။

ခင်မောင်ဆွေ(မော်လူး)
The Mirror Daily

No comments: