Sunday, May 29, 2016
ယခုတော့ဒေါ်စုနားလည်ပြီပေါ့လေ ငှက်တွေကတော့အော်မှာပဲလား
ဒေါ်အောင်ဆန်းစုကြည် ကို ...
ကျွန်တော် အရင်က သိပ် သဘောမတွေ့ တာ ...
လူပိန်းကြိုက် စကားလုံးတွေ ...
ပေါက်ကရတွေ လျှောက်လျှောက်ပြောလို့ ရယ် ...
ဘယ်လိုမျိုးလဲဆိုတော့ ...
နားထောင်လို့ တော့ ကောင်းတယ် ...
လက်ခုပ်သံ တဖြောင်းဖြောင်းရမယ် ...
သို့ သော် လက်တွေ့  အလုပ်ဖြစ်လား ...
လုပ်လို့ ရလား ဆိုတော့ ...
မရဘူး ... မဖြစ်ဘူး ...
ဒီလို ကိစ္စမျိုးတွေ ....
ဥပမာ ... ပြည်သူတွေ ဆင်းရဲချိန်မှာ ...
ကားအကောင်းစားကြီးနဲ့ သွားဖို့  ...
ကျွန်မ ရှက်တယ်ဆိုတဲ့  စကားမျိုး ....
မငြိမ်းချမ်းသော နယ်မြေ ...
တစ်လက်မ မှ မရှိအောင် ကြိုးပမ်းရမယ် ...
အပစ်အခတ်ရပ်စဲရေးကို ...
အရင်စလို လက်မှတ်မထိုးသင့်ဘူး ....
အစိုးရအနေနဲ့  ပဋိပက္ခတွေ ဖြေရှင်းဖို့  ...
လက်နက်ကိုင်တဲ့ နည်းကို စွန့် လွှတ်သင့်ပြီ ...
စသဖြင့် စသဖြင့် ....
ဘာတွေ လျှောက်ပြောမှန်းကို မသိတာ ....
ပြောရင် ဆုံးတော့မယ် မဟုတ် ...
:/ :/ :/ :/ :/
တစ်ခါတစ်လေ စိတ်မကြည်တဲ့ အချိန်ဆို ....
ပြည်သူတွေ ဆင်းရဲနေချိန် ....
အန်တီ တစ်ရက် နဲ့ တစ်ရက် ..
မထပ်အောင် ၀တ်နေတဲ့ ဝတ်စုံဖိုးဟာ ...
ကားအသစ်တစ်စီးစာထက် ဘယ်နည်းမလဲလို့  တောင် ...
သို့ သော် ...
ဒါက ကလေးကလား ပါ ...
ထားပါတော့ ထားပါတော့ ...
:D :D :D :D
အသဲအပေါက်ဆုံးက ...
ကေအိုင်အေ သင်တန်းကျောင်း အမြောက်မှန်တာ ...
ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်တဲ့ ကိစ္စ ...
အားပေးစကားသွားပြောနေတုန်း ...
မဟာမိတ် စစ်သချိုင်းမှာ ပန်းခွေသွားချလိုက်တဲ့ ကိစ္စ ...
အဲဒီကိစ္စတွေပေါ်တော့ ....
တပ်နဲ့  ဒေါ်စု နဲ့  ...
ဒီတစ်သက် ရင်ကြားစေ့လို့ မရတော့ပြီလို့ တောင် ...
စိတ်ပျက်လက်ပျက် တွေးမိတယ် ....
ဘယ်တတ်နိုင်မလဲ ကံပေါ့လေလို့  လဲ ...
ခြေပြစ်လက်ပြစ် ညည်းတွားမိသေးတယ် ...
သို့ သော် ...
အခြေအနေတွေဟာ မထင်မှတ်ပဲ ...
တစ်ခါ ပြောင်းလဲလာပြန်တယ် ...
ဘာလဲဆိုတော့က ...
၂၀၁၅ ရွေးကောက်ပွဲမှာ ...
NLD က မထင်မှတ်ပဲ ...
ထိုင်ခုံအများစု အနိုင်ရသွားတဲ့ ကိစ္စ ....
မဲပေးခွင့်ရှိသူ ၂၃ သန်းမှာ ...
NLD က မဲ ၁၂ သန်းရတယ် ...
ပြည်ခိုင်ဖြိုးက ၆သန်း ...
အခြားပါတီတွေက ၄သန်း ...
ပယ်မဲ ဘာညာ သာရကာ က ၁သန်း ...
ဒါပေမယ့် ရွေးကောက်ပွဲစနစ်အရ ...
Winner take All ဖြစ်နေတော့ ...
NLD ဟာ လွှတ်တော်ထဲမှာ ...
ထိုင်ခုံ အများစု ရသွားတယ် ...
အဲဒီမှာ အိုးနင်းခွက်နင်း ဇာတ်လမ်းစတော့တာပဲ ...
NLD ဟာ အုပ်ချုပ်ရေးအတွေ့ အကြုံ မရှိမှန်း ...
လူတိုင်း သိတယ် ...
သို့ သော် ဒီလောက် ရုပ်ပျက်မယ်တော့ ...
ကိုယ်တွေလဲ ထင်မထားမိ ...
ဝန်ကြီးတွေ ခန့် ဖို့ လူမရှိ ...
ဒေါ်စုကိုယ်တိုင် လေးနေရာ တွဲကိုင် ...
ပြီးတော့မှ နှစ်နေရာ ပြန်ပေး ...
ခန့် လိုက်တဲ့  ၀န်ကြီးတစ်ချို့ ကလဲ ...
အပြစ်အနာအဆာ ဗလဗွ ...
လူတွေက ၀ိုင်းပြောလဲ ...
မတတ်သာတော့ မသိကျိုးကျွံပြုရ ...
ဒုဝန်ကြီးတွေ မခန့် ဘူး ကြီးကြီးကျယ်ကျယ်ပြော ...
လစာသက်သာတယ် ...
တိုင်းပြည် ဘဏ္ဍာ မဖြုန်းဘူးကွ ...
ဘာကွ ညာကွ ....
ငှက်တွေက အာချောင် ...
ပြီးတော့ မှ ဒုဝန်ကြီးတွေ ပြန်ခန့်  ...
ငှက်တွေ ဂွမ်း ...
ဝန်ကြီးဌာနတွေ ပေါင်း ...
နာမည်တွေ ပြောင်း ...
ပြီးတော့ နောက်တစ်ခါ ထပ်ပြောင်း ...
အစိုးရ အင်္ဂါစဉ်တွေက မငြိမ် ....
နောက် တစ်ခါ ပြန်ထပ်ချိန်း ...
လာဘ်ပေးလာဘ်ယူကို ...
ဟိုလိုရှင်းမယ် ဒီလိုရှင်းမယ်ပြော ....
ဟိုကတကယ်လဲပေးရော ...
အထုပ်တွေ အများကြီးမှာ ...
တစ်ထုပ်ပဲလာအပ် ...
ဂွတီးဂွကျတွေ ဖြစ် ...
ဒါနဲ့  ကုသိုလ်ရအောင် ရေအလှူ လှူလိုက်ရ ....
ပြီးခဲ့တဲ့ နှစ်လအတွင်း ဖြစ်တာတွေဟာ ...
ဗွက်ကို ပေါက်နေတာ ...
:P :P :P :P
သို့ သော် အဆိုးထဲက အကောင်းက ...
ဒေါ်စုဟာ အုပ်ချုပ်ရေးအတွေ့ အကြုံ မရှိပေမယ့် ...
ခေါင်းမာပေမယ့် ...
အရင်က ထင်ရာမြင်ရာ ပြောပေမယ့် ...
သူလဲ တကယ်တာဝန်ယူရရော ...
အခြေအနေမှန်ကို လျှင်လျှင်မြန်မြန် ...
သဘောပေါက်လာပုံ ရတယ် ...
နိုဝင်ဘာနဲ့  ဖေဖော်ဝါရီကြားမှာ ....
သူ စိုက်လိုက်မတ်တတ် ကြိုးစားခဲ့တဲ့  .....
သူ သမ္မတ ဖြစ်ရေးကို စွန့် လွှတ်လိုက်တယ် ...
( မဖြစ်နိုင်မှန်း သဘောပေါက်သွားပြီ )
ငြိမ်းချမ်းရေးကိစ္စဟာ ...
သူထင်သလောက် မရိုးရှင်းမှန်း ...
ရိပ်စားမိလာတယ် ...
အရင်က သူ ဒီလောက်ထဲထဲဝင်ဝင် မသိဘူး ...
တပ်ဘက်က Voice ကို သူ မကြားရဘူး ...
တစ်ဘက်က အသံပဲ သူသိခဲ့တာ...
အခုက တပ်က ၀န်ကြီးတွေကို ...
သူသိချင်တာ အချိန်မရွေး မေးလို့ ရလာတယ် ...
တကယ့် အခြေအနေမှန်လဲ သိလာရော ...
အရင်က သူဘာပဲ လျှောက်ပြောခဲ့ပြောခဲ့  ...
လက်တွေ့ ကျတဲ့  ဆုံးဖြတ်ချက်တွေ ချလာတယ် ...
ရခိုင်ကိစ္စ ရှမ်းမြောက်ကိစ္စမှာ ...
ဒီအနေအထားဟာ ...
အတော်လေး သိသာလာတယ် ...
ဒါဟာ တပ်နဲ့  ဒေါ်စု ပြန်ပြီး နီးစပ်လာတဲ့ ကိစ္စ ....
ကြိုဆိုရမယ့် ကိစ္စပဲ ...
သို့ သော် ဒေါ်စုအနေနဲ့  ဖြေရှင်းရမယ့် ကိစ္စတွေ ...
အများကြီး ရှိသေးတယ် ...
ဒါတွေဟာ သိပ်အချိန်ဆွဲထားလို့ မရနိုင်တော့ဘူး ...
ဘင်္ဂါလီ ကိစ္စ မြစ်ဆုံကိစ္စ ....
ကျန်တဲ့ အလုပ်သမား ...
လယ်သမား ကျောင်းသား ကိစ္စ ....
မကြာခင် ရောက်လာကြတော့မယ် ...
တပ်ဘက်ကတော့ ...
တိုင်းပြည်ရဲ့ အနေအထားနဲ့ ပတ်သက်ရင် ...
သူ့ သဘောထားကို ရှင်းနေအောင် ကြေငြာထားတယ် ...
သူက တိုင်းပြည် တည်ငြိမ်ရေး ...
အမျိုး ဘာသာ သာသနာ တိုးတက်ထွန်းကားရေး ...
တို့ တာဝန်အရေးသုံးပါး ...
ဒါတွေကို အခြေခံပြီး ရပ်တည်သွားမှာပဲ ...
ဒေါ်စုအနေနဲ့  ...
ဒီ အခြေခံတွေ နဲ့  မဆန့် ကျင်ရင် ...
တပ် နဲ့  ပို ပို ပိုပိုပြီး ရင်ကြားစေ့လာရင် ...
သိပ်ကောင်းမယ် ...
ဒါဆို တိုင်းပြည်ရဲ့ ပြသနာ ...
၇၀  ရာခိုင်နူန်းလောက် ပြေလည်သွားမယ် ....
ကျန်တဲ့  ၃၀ ရာနူန်းလောက်ကလဲ ...
ဒေါ်စု နဲ့ တပ်နဲ့  လက်တွဲပြီး ရှင်းရင် ...
အချိန်အတိုင်းအတာ တစ်ခုမှာ ပြေလည်သွားမယ် ...
ဒါဆို ကျွန်တော်တို့  တိုင်းပြည် ...
ရှေ့ ကို မြန်မြန်ဆန်ဆန် ခရီးပေါက်ပြီ ...
တစ်ချို့ ငှက်တွေကတော့ ...
ဒီလို အခြေအနေကို သိပ်ကြိုက်မယ် မထင် ...
အွန်လိုင်းပေါ်မှာ ....
တွန်ကြ အာကြ ဖျက်ကြ အုန်းမှာပဲ ....
သူတို့  အလုံးအကြီးကြီးတွေ ပြောထားပြီး ...
ပြန် ဂွမ်းမယ့် ကိစ္စကိုး ...
ငှက် အစစ်လဲ ဟုတ်ချင်မှ ဟုတ်မှာပါလေ ...
ငှက်လား လဒလား သေချာမသိတဲ့  ...
အကောင့်ပုန်းတွေနဲ့  ...
တွန်နေကြတာ များတာကိုး ...
:P :P :P :P :P
No comments: