Thursday, May 26, 2016

ကျွန်းပင် (၄ဝဝဝ) ကျော် ခုတ်လှဲခွင့်ပြုရန် လမ်းဦးစီး တင်ပြ

ကျွန်းပင် (၄ဝဝဝ) ကျော် ခုတ်လှဲခွင့်ပြုရန် လမ်းဦးစီး တင်ပြ
.................................................................................
ရှမ်းပြည်နယ်၊ မန္တလး - လားရှိုး လမ်းတစ်လျှောက်ရှိ ကျွန်းပင်ပေါင်း (၄ဝဝဝ)ကျော် ခုတ်လှဲရန် ရှမ်းပြည်နယ် လမ်းဦးစီးဌာနက တင်ပြထားကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာနထံက သိရသည်။
မန္တလေး- လားရှိုးလမ်းမကြီးအား အာဆီယံအဆင့်မီ လမ်းမကြီးအဖြစ် အဆင့်မြှင့်ရာတွင် လမ်းနှင့်မလွတ်ကင်း သည့် ကျွန်းပင်ပေါင်း (၄၅၄၁)ပင် ခုတ် လှဲရန်တင်ပြထားခြင်း ဖြစ်ပြီး သစ်တော ဦးစီးဌာနအနေဖြင့် ကန့်ကွက်ထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
''ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုမှ သူတို့လုပ်လို့ရမှာပေါ့။ ကျွန်တော်တို့ ဌာန ဆိုင်ရာအဆင့်အနေနဲ့ ဒါကို ခွင့်မပြုနိုင် ပါဆိုပြီး ကန့်ကွက်ထားတယ်။ လမ်းတစ် လျှောက်မှာရှိတဲ့ ကျွန်းပင်တွေက ခန့်မှန်း ခြေနှစ် (၁ဝဝ) ဝန်းကျင် ရှိတယ်။ ရှေး ဟောင်းအမွေအနှစ်လို ဖြစ်နေပြီ။ ဒီလို အရွယ်မျိုး မြင်ဖို့ခက်သွားပြီ။ လမ်းမလွတ် လို့ ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ခုတ်လှဲရင် ရှေးအမွေအနှစ်တွေ လွယ် လွယ်နဲ့ ပျောက်ပျက်သွားမယ်''ဟု ၄င်းက ပြောသည်။
အဆိုပါ အာဆီယံအဆင့်မီ လမ်း မကြီးအဖြစ် အဆင့်မြှင့်တင်မှုကို လမ်းဦးစီး ဌာနနှင့် Oriental Hightway ကုမ္ပဏီ တို့က တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး ယခင်လမ်းအကျယ် (၂၄)ပေကို (၄၈) ပေအထိချဲ့ထွင် ဖောက်လုပ်မည်ဖြစ်ကြောင်း အဆိုပါဌာနထံက သိရသည်။


No comments: