Tuesday, May 24, 2016

အနှိပ်ခန်းဖွင့်ထားသော နေပြည်တော်ရှိ အိမ်များကို ချိပ်ပိတ်အရေးယူမည်

 နေပြည်တော် ကောင်စီနယ်မြေတွင် အနှိပ်ခန်း များဖွင့်လှစ်သည့် အိမ်များကို ချိပ်ပိတ်သည်အထိ အရေးယူ ဆောင်ရွက်မည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။
‘‘ချိပ်ပိတ်ဖို့က နောက်ပိုင်း တော့ ကျွန်တော်တို့ ဆောင်ရွက် မှာပါ။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ အရေးယူရင် သိပ်ပြီး ထိထိရောက်ရောက်မရှိလို့ ရှိရင် ခဏခဏ ပြန်လုပ်နေမှာပဲ။ ထိထိရောက်ရောက် အရေးယူပြီး နောက်ထပ် ပြန်မဖြစ်အောင် ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်’’ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။
နေပြည်တော်ကောင်စီနယ် မြေရှိ အနှိပ်ခန်းများကို အပြီး သတ်ပိတ်ခိုင်းထားသည်ဟု ညွှန် ကြားချက်ရှိပြီး အနှိပ်ခန်းဖွင့်လှစ်သည့်အိမ်များကို ဥပဒေကြောင်းအရ ခြောက်လအထိ ချိပ်ပိတ်မည်ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

ဒီချုပ်အစိုးရသစ် တာဝန်ယူ ပြီးနောက်ပိုင်း ဧပြီမှစ၍ နေပြည်တော်ရှိ အနှိပ်ခန်းများကို ဖမ်းဆီးမှု များရှိနေပြီး အပြီးသတ် ပိတ်ခိုင်းထားသည်ဟု အနှိပ်ခန်းပိုင်ရှင်အချို့က ပြောသည်။

No comments: