Tuesday, May 24, 2016

ကသာခရိုင် ၊ ထီးချိုင့်မြို့ နယ် ၊ အလယ်တောအုပ်စုနယ်မြေအတွင်း၊ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်းဆီကားမောက်

 23•5•2016 ရက်နေ့ ၊နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့ နယ် ၊ အလယ်တောအုပ်စုနယ်မြေအတွင်း၊ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း၊မိုင်တိုင်အမှတ်(၁၁၂/၇)နှင့် (၁၁၂/၈)ကြား ၊ ဒိုးပင်တောင်အဆင်းတွင် ယာဉ်မောင်းဦးအောင်မြင့်ရွှေ မောင်းနှင်လာသော ယာဉ်အမှတ် MDY(7E-6317)၊ဒေါင်ဖန်း(၈)ဘီးအဖြူရောင်၊ ဒီဇယ် ၃၂၀၀ဂါလန်ဆန့် ဆီဘောက်ဆာယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိမ်းနိုင်ဘဲ ကားလမ်းဘယ်ဘက်သို့ ကန့်လန်ဖြတ်တိမ်းမှောက်ခဲ့ရာ ဒီဇယ်ဆီ(၁၆၀၀)ဂါလန်ခန့်ယိုစိမ့်ထွက်ကျခဲ့ပြီး ရှေ့လေကာမှန်ကွဲကြေခဲ့ပါသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ(၃၃.၅)သိန်းကျပ်ခန့်ဖြစ်ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ထိခိုက်မှုမရှိပါ။ အဆိုပါသတင်းအား ကသာခရိုင်မီးသတ်စခန်းမှသတင်းရခဲ့၍ ထီးချိုင့်နှင့် အင်းတော်မြို့ နယ်မီးသတ်စခန်းသို့ အဆိုပါနေရာသို့စေလွတ်ခဲ့ပါသည်။ ထီးချိုင့်မြို့ နယ်မီးသတ်ဦးစီးမှူးဦးစိုးသူနှင့် အင်းတော်မြို့ နယ်မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များမှ တိမ်းမှောက်သည့် ဆီသည်ယာဉ်မှ လက်ကျန်ဆီများအား အခြားဆီသယ်ယာဉ်သို့ ရွှေ့ပြောင်းပေးခြင်း၊ တိမ်းမှောက်သည့်ယာဉ်အား လမ်းနှင့်လွတ်ကင်းသည့်နေရာသို့ ကရိန်းဖြင့်ရွှေ့ပြောင်းပေးခြင်းဆောင်ရွက်စဉ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသင့်စောင့်ဆိုင်းခြင်း ၊ လိုအပ်သည်များကူညီပေးခြင်းများ လုပ်ငန်းတာဝန်ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးခဲ့ပါသည်။













No comments: