Tuesday, May 24, 2016

ကွင်းလမ်းတံတားရေမြုပ်သဖြင့် ပြုပြင်ဆဲကဗာနီတံတားပေါ်မှ ဖြတ်သန်းသွားလာနေရ

ယခုရက်ပိုင်းအတွင်း ရွာသွန်းခဲ့သည့်မိုးကြောင့် တောင်ကျရေများကျဆင်းခဲ့ရာမှ ကွင်းလမ်းအဖြစ် အသုံးပြုထားသည့်တံတား ရေနစ်မြုပ်သွားသည့်အတွက် ပြုပြင်ဆဲကဗာနီတံတားပေါ်မှသာ ယာဉ်နှင့် ခရီးသွားများ အချိန်ပိုင်းဖြင့် ဖြတ်သန်းသွားလာနေကြရသည်။

ယင်းကဗာနီတံတားသည် ၂၀၁၅ ခုနှစ် ဇူလိုင်အတွင်းက ဖြစ်ပေါ်ခဲ့သည့်သဘာဝဘေးဒဏ်ကြောင့် အောက်ခြေယိုင်နဲ့ခဲ့သဖြင့် ပြန်လည်ပြုပြင်နေရသော တံတားဖြစ်သည့်အတွက် တစ်နာရီခြားတစ်ခါ အချိန်ပိုင်းဖြင့် ဖြတ်သန်းသွားလာနေရကြောင်း ယာဉ်မောင်းများက ပြောသည်။

ကဗာနီတံတားသည် မဏိပူရ်မြစ်ပေါ်တွင် ဖြတ်၍ တည်ဆောက်ထားသည့် တံတားတစ်ခုဖြစ်ပြီး ကလေးမြို့ မှ မိုင် ၃၀ ခန့်အကွာတွင်တည်ရှိကာ တမူး-ကလေး-မန္တလေး-ရန်ကုန် စသည့်မြို့များကို ဆက်သွယ်သွားလာရန်နှင့် ကုန်စည်တင်ပို့ရန်အတွက် ဖြတ်သန်းရသည့် တစ်ခုတည်းသော တံတားဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းသူမင်း



No comments: