Tuesday, May 24, 2016

ပြည်သူချစ်သော ပါတီအဖြစ် ပြန်လည်တည်ထောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ဆို

 ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ပြည်သူချစ်ခင်သည့် ပြည်သူ့ ပါတီတစ်ရပ်အဖြစ် ပြန်လည် တည်ဆောက်ရန် ပါတီဥက္ကဋ္ဌ ဦး သိန်းစိန်က မေလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
မေလ ၂၃ ရက်တွင် ရန်ကုန် တိုင်းဒေသကြီးရှိ တိုင်း၊ ခရိုင်၊ မြို့ နယ်ပါတီကော်မတီဝင်များနှင့် ပါတီဥက္ကဋ္ဌတို့ တိုင်းဒေသကြီး ပါတီရုံးချုပ်၌ တွေ့ဆုံရာ၌ အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
ပါတီဥက္ကဋ္ဌဦးသိန်းစိန်သည် ပါတီရှေ့ဆက်သွားမည့်မူဝါဒများ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီစဉ် ဆက်မပြတ် ရှင်သန်ရေးမျိုးဆက် သစ်လူကောင်း လူတော်များကို အချိုးညီထည့်သွင်းဖွဲ့စည်းကြရန် နှင့်ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူချစ်ခင်သည့် ပြည်သူ့ ပါတီအဖြစ် တည်ဆောက်ကြရန် တိုက်တွန်း ပြောကြားကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူအ ချို့ထံမှသိရသည်။
‘‘ပါတီကို အသစ်ပြန်တည် ဆောက်ဖို့ အဲဒါတွေလုပ်ဖို့ မူဝါဒ ပိုင်းဆိုင်ရာတွေကို လုပ်သွားမှာ ကို လာရှင်းပြတာပါ’’ဟုတွေ့ဆုံပွဲ သို့ တက်ရောက်ခဲ့သူ ရွှေပြည်သာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးမောင်မောင်ဝင်းက ပြောကြား သည်။
ပြည်ခိုင်ဖြိုးပါတီသည် ဗဟို အဆင့်ပါတီ ညီလာခံကို သြဂုတ် အတွင်း ကျင်းပမည်ဖြစ်၍ ဗဟို အဆင့်ညီလာခံ မကျင်းပမီ မေလ အတွင်း ရပ်ကွက်၊ ကျေးရွာအဆင့် ညီလာခံများကို အပြီးကျင်းပကာ ဇွန်လ၌ မြို့နယ်အဆင့်ညီလာခံများနှင့် ဇူလိုင်အတွင်း ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ညီလာခံများကို ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အပြီးကျင်းပရန် လျာထားကြောင်း သိရသည်။
နေပြည်တော်ရှိ ပါတီဌာန ချုပ်ရုံးတွင် သြဂုတ်အတွင်း ပြု လုပ်မည့် ပါတီဗဟိုညီလာခံသည် ပါတီ ပြုပြင်ပြောင်းလဲမှုပြုလုပ် မည့် ညီလာခံဖြစ်ကာ ပါတီဗဟို ကော်မတီဝင်များ၊ ဗဟိုအလုပ်အ မှုဆောင်များ၊ အဖွဲ့ဝင်များ၊ ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးရာထူးများကို ပြန် လည်ရွေးချယ်မည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသာဝင်းက မေလဆန်း၌ 7Day သတင်းစာအားပြောကြားသည်။

လက်ရှိ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌသည် သမ္မတဟောင်းဦးသိန်း စိန်ဖြစ်ပြီး အထွေထွေအတွင်းရေး မှူးအဖြစ် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးတင်နိုင်သိန်းကတာဝန် ယူထားကာ ၂၀၁၅ သြဂုတ်အ တွင်းက ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီ က ပြန်လည်ဖွဲ့စည်းထားသည်။

No comments: