Wednesday, May 25, 2016

စီးပွားဖြစ် ကျူးကျော်များ နောက်ဆုတ်နေရန်နှင့် ကျူးကျော်များကို သက်သေခံကတ်ထုတ်ပေးမည်ဟု တိုင်းဝန်ကြီးချုပ် ပြော "

" စီးပွားဖြစ် ကျူးကျော်များ နောက်ဆုတ်နေရန်နှင့် ကျူးကျော်များကို သက်သေခံကတ်ထုတ်ပေးမည်ဟု တိုင်းဝန်ကြီးချုပ် ပြော "

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်ခြင်းမရှိစေရန် အစိုးရသစ်မှ လုပ်ဆောင်မည်ဖြစ်ပြီး အမှန်တကယ်အဆင်မပြေသူများအတွက် နေထိုင်ရန် အိမ်ယာနှင့် အလုပ်အကိုင်များဖန်တီးပေးမည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့(မေလ၂၅ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ကျူးကျော်စာရင်းကောက်ယူရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ပြော ကြားလိုက်သည်။
စီးပွားဖြစ်လုပ်စားနေသူများအား နောက်ဆုတ်နေရန်နှင့် ရှိလာပါက တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူမည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများအားလုံးကို သက်သေခံကတ်ပြားထုတ်ပေးမည်ဖြစ်ပြီး ယင်းစီမံချက်ကို ၄၅ရက်အတွင်း ဆောင်ရွက်မည် ဟု ဝန်ကြီးချုပ်က ဆိုသည်။ သို့သော် အဆိုပါစီမံချက် စတင်ဆောင်ရွက်မည့်ကာလနှင့် ပြီးဆုံးမည့်အချိန်ကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။


No comments: