Wednesday, May 25, 2016

ကျောက်မျက်အခွန်ကောက်ခံမှု ရှင်းတမ်းထုတ်ပေးရန် ဒုတိယအကြိမ် စာတင် .....................................................................................

ကျောက်မျက်အခွန်ကောက်ခံမှု ရှင်းတမ်းထုတ်ပေးရန် ဒုတိယအကြိမ် စာတင်
.....................................................................................
နှစ်စဉ်ကျင်းပလျက်ရှိသည့် ကျောက်မျက်ပြပွဲများတွင် ၂ဝဝ၉ခုနှစ် မှ စတင်၍ ရောင်းရငွေ၏ (၁) ရာခိုင်နှုန်းအား အခွန်ကောက်ခံခဲ့မှု ကို ငွေစာရင်းရှင်းတမ်းထုတ်ပေးရန် မန္တလေးမြို့၊ ကျောက်မျက်လုပ် ငန်းရှင်များက စုပေါင်းလက်မှတ်ရေးထိုးကာ မေလ (၂၃) ရက်နေ့ တွင် ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီသို့ စာ တင်ခဲ့သည်။
ယင်းသို့ ငွေစာရင်းရှင်းတမ်းထုတ် ပြန်ပေးရန် မေလ(၄)ရက်နေ့က စာတင် ခဲ့သော်လည်း ထုတ်ပြန်ပေးခြင်းမရှိသည့် အတွက် ယခုဒုတိယအကြိမ် စာတင်ခြင်း ဖြစ်သည်။
''ငွေစာရင်းရှင်းတမ်းကို လာမယ့် ဇွန်လမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲ ရက်မတိုင်ခင်မှာ ထုတ်ပြန်ပေးစေချင် တယ်။ နောက်ထပ်တော့ စာတင်တော့မှာ မဟုတ်ဘူး။ မထုတ်ပြန်ပေးရင် တစ်နိုင်ငံ လုံးက ကျောက်သမားတွေရော၊ နိုင်ငံခြား က ကျောက်သမားတွေရော စုံတဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်''ဟု ပွင့်ကောင်းကျောက်မျက်ရတနာလုပ် ငန်းမှ ဦးသန်းဝင်းက ပြောသည်။
ယင်းကောက်ခံသည့် ငွေသည် ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟို ကော်မတီက ကောက်ခံခြင်းဖြစ်ကာ ယင်း ကော်မတီတွင် မြန်မာ့ ကျောက်မျက်ရ တနာလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအ သင်းစသည့် အဖွဲ့သုံးဖွဲ့မှ ပုဂ္ဂိုလ်များ ပါဝင် သည်။
''ဒီကောက်ခံတဲ့ငွေက အစိုးရက ကောက်တာလည်း မဟုတ်ဘူး။ သီးခြား ရန်ပုံငွေလို ဖြစ်နေတယ်။ ဒီငွေကို ဝန်ကြီး မဲဆွယ်တဲ့နေရာမှာ တံတားထိုးတာတို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ယူရို နှစ် သန်းလှူတယ် ဆိုတာလည်း ဘာမှတိကျ တဲ့ စာရင်းမထွက်ဘူး''ဟု ကျောက်မျက် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးစိုးလွင်က ပြောသည်။
၂ဝ၁၃ ခုနှစ်က ကျောက်မျက်လုပ်ငန်း ရှင်များအသင်း (ဗဟို)ကို ဥက္ကဋ္ဌ ဦးတေဇ လက်ထက်မှ ဦးယုံးမူသို့ လွှဲပြောင်းပေးခဲ့ရာ တွင် အသင်းရန်ပုံငွေ ယူရိုငွေ (၂၈)သန်း ရှိရာ ယခုအခါ အသင်းရန်ပုံငွေသည် ယူရို ငွေ ခုနစ်သန်းသာ ကျန်တော့ကြောင်းအသင်း ဝင်များထံက သိရသည်။
ထို့ကြောင့် စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်း ရှင်များ အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးယုံးမူအား တာဝန်ရှိစွာ နုတ်ထွက် ပေးစေလိုကြောင်း လည်း ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။


No comments: