Tuesday, May 31, 2016
ကချင်ပြည်နယ်မိုးညှင်းမြို့မှာ၃၀.၅.၂၀၁၆နေ့ကဆိုင်ရှေ့ကားရပ်၍ဆိုင်ရှင်မှfacebookမှာဖွသောကြောင့်ယနေ့facebookပေါ်မှာပြောနေသောစကားသံလေးများဖက်ကြည့်ပါ
၁။ ကိုယ်ပိုင်တဲ့လမ်းမဟုတ်ဘူး လူသွားလမ်းပေါ် ဆိုင်ခင်းထားတယ် အမြင်သာကြီး။
၂။ တနေကုန်ရပ်မည့်ကားလဲမဟုတ်ပါဘူး ဈေးဝယ်ကားဘဲ။
၃။ နှစ် ဘက်လုံးမှားနေတာ မဖွနဲ့။
၎။ြ မန်မာအချင်းချင်းညှိလို့ရရင် အကောင်းဆုံး။
&&&&&&&&
ဆိုင်ရှင်ကလဲ ကားရပ်တာကိုဖယ်ခိုင်းလို့မရပါဘူး။ သူပိုင်တဲ့လမ်းမှမဟုတ်ထှာ။ ပညာတတ်ကြီးကလဲအေးအေးဆေးဆေးဘဲရှင်းပြသင့်တယ်။ ရန်စကားမပြောသင့်ပါဘူး။
&&&&&&&&&
တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင် အရေးတကြီးကိစ္စလေးရှိလို့ ကားခဏရပ်ချင်ရင်တောင် ရပ်စရာနေရာ မရှိဖြစ်ခဲ့ရပါတယ်...ပုံမှာကြည့်ရတာ ဈေးဖြစ်ဖို့များတယ်..ဈေးတွေဆို ပိုဆိုးပါတယ်..ကားလေးခဏရပ်ချင်လို့ ပါကင်ထိုးပြီးတာနဲ့ ထွက်လာပြောလို့ မောင်းသွားခဲ့ရတာလဲ အခါခါပါ ..ဒေါသဖြစ်ရသလို ခေါင်းငုံ့ခံခဲ့ရတာက ခပ်များများပါ....စီးပွားရေး လုပ်နေတာသိပါတယ်..တစ်ခါတစ်လေ ကျန်းမာရေး အပေါ့အပါး သွားဖို့ ရပ်တာလေးတောင် ခွင့်မပြုကြဘူး ...ကျွန်တော့်ကားမှာ ဖုန်းနာပါတ်ကပ်ထားပါတယ်...အခြားသူစီးပွားပျက်လောက်အောင်လဲ တစ်နေကုန်တစ်နေကမ်း ပိတ်ရပ်ထားလောက်အောင်လဲ အောက်တန်းစားမဆန်ခဲ့ပါဘူး ..နှစ်ဦးနှစ်ဖက် နားလည်မှူ့ပေးသင့်ပါတယ်..ပညာရေးဝန်ထမ်းမှမဟုတ်ပါဘူး ..လူတိုင်း ဒေါသနဲ့ပါ..စိတ်ကြည်လင်နေတဲ့အခါရှိသလို စိတ်မကြည်လင် သောကဖြစ်နေရတဲ့ နေ့တွေလဲ ရှိနိုင်ပါတယ် ..အရာရာ တစ်ဖက်ထဲ မတွေးမရေးပါနဲ့ ကိုယ်ချင်းစာပေးပါ ...
ကျေးဇူးတင်ပါတယ်
&&&&&&&&&
ကားပိတ်မရပ်ရအောင် လမ်းက သူတို့ပိုင်လို့လား စိတ်ကုန်တယ်
ဈေးရောင်းပြီး လမ်းပါ အပိုင်စီးချင်တယ် အဲ့လို ဆိုင်တွေ အိမ်တွေကို အရေးယူရမယ် 
&&&&&&
ဆိုင်ထဲဝင်မရလောက်အောင်ပိတ်နေတာမှမဟုတ်တာ, ဝယ်ချင်တဲ့သူက ကွေ့ဝင်လာမှာဘဲ! နေရာအနေအထားကိုကြည့်ပါ, ရပ်တဲ့လူကလဲပြေလည်အောင်ပြောလို့ရနိုင်ပါတယ်, ဘာဘဲဖြစ်ဖြစ် ရှဥ့်လဲလျောက်ပျားလဲစွဲရင်ok သွားမှာပါ..
&&&&&&&&
ကျနော့် အမြင်က တော့ video ဆိုတော့
ယုံနိုင်တယ်
ခု က ဗျ လက်ခုပ်တီးသလိုပေါ့
ဆိုင်ရှင်ကလည်း ကြည့်မရလို့ 
ပြောတာ ဖြစ်နိုင်သလို
ကားသမားကလည်းး မကျေနပ်လို့ 
ပြန်ပြောတာဖြစ်နိုင်တယ်
ဒီ ပိုစ့်အားး မထောက်ခံပါ။။
ဒီမိုကရေစီ ဖြစ်သည်။။ :-)
&&&&&&&&
လမ်းက သူပိုင်လို့လား
ဘယ်ပညာတတ်က ဒီစကားမပြောရဘူး
ပြောထားလဲ
ဆိုင်ရှင်တွေက ပိုနေတဲ့သူကများတယ်
၁မီနစ်တောင် ရပ်လို့မရဘူး သူတို့ဆိုင်အရှေ့ဆို
&&&&&&
ဆိုင်ရှင်ကလမ်းကို ကိုယ်ပိုင်အသုံးပြုခွင့်ရထားလို့လား
ငါ့ကိုလာပြောလဲ အရိယာမဟုတ်လို့ကားပိုင်ရှင်လိုဘဲတုန်င့်္ပြန်မိမှာပါ။  ပညာတတ်တာမတတ်တာနဲ့မဆိုင်ပါ
ပုထုဇဉ်
အမှန်တရားအတွက်ဒေါသသင့်တဲ့အပြုအမူ
&&&&&&&&
ကားဆရာ မှန်တယ်
ရေးတာက တဖက်သက်အရေးနဲ့ တဖက်သက်ဓာတ်ပုံတွေ
ဒါတောင် ဓာတ်ပုံထဲမှာ ဆိုင်ရှင်မိန်းမက ခါးထောက် လက်ညိုးထိုး ရန်တွေ့နေတာပါသေး
ခင်ဗျားတို့ဆိုင်ရှင်လင်မယားကတော့ သေရင် အဲ့ဒီမြေကြီးမှာ ပြိတ္တာဖြစ်မဲ့ဟာတွေ
သောက်ရှက်မရှိဘူးလား
&&&&&&&&
သူဆိုင်နဲ့အကွာ ကြီး   ပါ ပိတ်ရပ်တယ်ဆိုတာ လူဝင်မရတာကိုဆိုလိုတာပါ ဝယ်မဲ့သူ  လာဝယ်ပါမယ်
&&&&&&&&
အများပြည်သူလမ်း မို့
ပိတ်ရပ်တာ ရပ်လို့ရတယ်
လမ်းပြောင်းပြန်ကတော့
ယာဉ်ထိန်းရဲ နှင့်ဆိုင်တယ်
ရန်ဖြစ်တာကတော့
နှစ်ဖွဲ့လုံးနဲ့ ဆိုင်တယ်
ကိုယ့်အသိတရားကို
ထိန်းကြပါ
&&&&&&&&
ပညာရေးမှုးဒေါသဖြင့်ပြီးပြောမိတာဖြင့်မှာပါ တစ်ဘက်ခြမ်းမှာကားရပ်လို့ မှမရတာ ဆိုင် ကလမ်းမ ပေါ်ထိတောင်ရောက်နေသလားလို့ ပါ ဘယ်သူဘဲ့ဖြင့်ဖြင့် အဲဒီလို လာပြောခံထိရင်တော့ တုံ့ပြန်မိမှာပါဘဲ့ နေရာချင်းလဲ ပြီးခံစားကြည့်ကြ လေ
&&&&&&&
ဒီဆိုင်ကစည်ပင်ပိုက်ဆံပေးပြီးလမ်းပေါ်တက်ရောင်းတယ်ကားခဏရပ်တာကိုဒေါသနဲ့ပြောတော့ကားသမားဘက်ကလည်းပြန်ပြောမှာပေါ့ နှစ်ဘက်လုးံကမျှမျှတတပြောကြရင်ဒီသတင်းကဖြစ်လာစရာမရှိပါဘူး
&&&&&&&&&
မိးုညှင်းဆိုတာလမ်းကကျဉ်းကျဉ်းလေးဆိုင်တွေကလမ်းပေါ်တက်ဖွင့် အုပ်ချုပ်မှုကသေချာမကြပ်မတ်သေး ကားရောဆိုင်ကယ်ရောအဆင်ပြေသလိုရပ်နေကြတာပ နားလည်မှုနဲ့ ညှိရင်ရပါတယ်
တစ်စိတ်ရှိ ငါတိုင်လို့ရတာဘဲဆိုတဲ့အတွေးကြီးနဲ့လုပ်လို့ကတော့တက်နေအုံးမှာဘဲပြ ဿဿ       နာက
&&&&&&&
ပညာတတ်ပြီး အဆင့်မရှိဘူးမပြောနဲ့  မင်းတို့ရော သူတို့လို ပညာတတ်လို့လား။ကိုယ်ဖြင့်မတတ်ဘဲနဲ့ တစ်ဦးတစ်ယောက်ကြောင့်  ကျန်တဲ့သူ့တွေကို မထိခိုက်မိပါစေနဲ့။စကားကို ချင့်ချိန်ပြောကြပါ။
&&&&&&&
အိမ်ဆိုင်တွေက ဆိုင်ရှေ့ ကားရပ်ရင်မကြိုက်ကြဖူး။သူတို့ခင်းထားတဲ့လမ်း ထင်နေကြလား?
&&&&&&&
ဆိုင်သမားကပြောလို့ဖြစ်တာ ဆိုင်ပေါ်တက်ရပ်တာမဟုတ် လမ်းပေါမှာရပ်တာ ပြောစရာအကြောင်းမရှိ
&&&&&&
ဆိုင်ရှေ့ အိမ်ရှေ့ကားပိတ်မရပ်ရဘူးဆိုတာမျိုးတွေက စနစ်ဟောင်းမှာ ကျန်ခဲ့ပါပြီ စစ်မှန်တဲ့ဒီမိုကရေစီခေတ်မှာ ဒါမျိုးတွေပြောလို့ တိုင်လို့မရတော့ပါဘူး
&&&&&&&
ဆိုင်ကိုပိတ်ရပ်တယ်ပြောရလောက်အောင်လဲ လူဝင်လို့ထွက်လို့မရလောက်အောင်ရပ်ထားတာမဟုတ်ပါဘူး
ဆိုင်ရှင်တွေကသူတို့ဆိုင်ရှေ့တာလမ်းမအထိပိုင်တယ်များထင်နေလားမသိပါဘူး တကယ်ဆိုရင်သူတို့ဆိုင်နယ်နိမိတ်က
ရေနှတ်မြောင်းအနောက်ဘက်ပိုင်းကိုပဲပိုင်တာပါ အဲဒါကိုဆိုင်ရှေ့လာရပ်တဲ့ကားတိုင်းကိုသူတို့ကရန်လုပ်တတ်ကြပါတယ် လမ်းပြောင်းပြန်ရပ်လို့ပြောရအောင်လည်း သူ့မှာပြောပိုင်ခွင့်မရှိပါဘူး ယာဉ်မှုစစ် က ယာဉ်စည်းကမ်းနဲ့အရေးယူပါလိမ့်မယ်
ဆိုင်ရှင်နဲ့မဆိုင်ပါဘူး
&&&&&
ဆိုင်ကယ်အခွန်တန်ဖိုးများ သတ်မှတ်ထုတ်ပြန် -----------------------------------
မူဆယ်နယ်စပ်မှ တစ်ဆင့် မော်တော်ဆိုင်ကယ်များ တင်သွင်းရာတွင် အခွန်ကောက်ခံနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် ဆိုင်ကယ်အခွန်တန်ဖိုးများကို သတ်မှတ်ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် မော်တော်ဆိုင်ကယ် တင်သွင်းမည် ဆိုပါက ယင်းအခွန်နှုန်းများကို ကြည့်၍ တင်သွင်းရတော့မည် ဖြစ်သည်။
ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော ----------------------------------------------
ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော
----------------------------------------------
သား၊ သမီးများ အမည်ဖြင့် လုပ်ငန်းများ လုပ်ခြင်း၊ မြေသိမ်းခြင်း၊ အစိုးရကန်ထရိုက်များ၊ လုပ်ပိုင်ခွင့်များရကာ ကြီးပွားနေသူများကြား ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန် ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်းသည် ဆင်များကြားတွင် ယုန်လိုက်ဖမ်း နေသည်နှင့်တူကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က နေပြည်တော်၌ ယနေ့ (ဇွန်လ ၂ ရက်) နံနက်ပိုင်းက ကျင်းပသည့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့ကြောင်း သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ဖော် ရေးသားထားသည်။
"ဒီနေ့ခင်ဗျားတို့ ( မီဒီယာတွေ) ပြောနေတဲ့ ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ။ ဒီဆိုင်ကို ဘယ်သူပိုင်တယ်ဆိုတာ ကျွန်တော် မမေးရသေးဘူး။ သို့သော် ဦးသိန်းစိန် ပိုင်တယ်ဆိုရင်တောင် ၁၉၈၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ သား၊ သမီးတွေနာမည်နဲ့ လုပ်ငန်းတွေလုပ်၊ မြေတွေသိမ်း၊ အစိုးရကန်ထရိုက်တွေ၊ လုပ်ပိုင်ခွင့်တွေရပြီး ကြီးပွားနေတဲ့သူတွေကြားမှာ ဦးသိန်းစိန် လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ကိစ္စကို ပြောနေတာဟာ ဆင်တွေကြားမှာ ယုန်လိုက်ဖမ်းနေတာနဲ့တူတယ်။ ဦးသိန်းစိန် တိုင်းမှူး၊ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သူ့သမီး သုံးယောက်အနေနဲ့ အစိုးရနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်တာ ရှိမရှိ ပြန်ကြည့်ပါ။ လုံးဝ မရှိပါဘူး။ အဲဒီလို အခြေအနေမှာ အခုလို သတင်းတွေ ဖြန့်နေတာက နိုင်ငံရေးအရ ထိုးနှက်တာလို့ပဲ မြင်တယ်"ဟု ဖော်ပြထားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် အစိုးရသက်တမ်း ကိစ္စများကို မိမိထံ အချိန်မရွေး မေးမြန်းနိုင်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုမှကချင် ပြည်နယ်ဆော့လော်ရေဘေးအတွက်သိန်း(၅၀) တနိုင်းလေဘေးသင့်သူများအတွက်(၁၀)သိန်းအား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုမှကချင်
ပြည်နယ်ဆော့လော်ရေဘေးအတွက်သိန်း(၅၀)
တနိုင်းလေဘေးသင့်သူများအတွက်(၁၀)သိန်းအား
ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံဦးသိန်းဇော်မှ
သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံပေးအပ်လှုဒါန်း
ခဲ့သည်........
မှတ်ပုံတင် အတုကိုင်၍ စာရွက်စာတမ်း လိမ်လည်သည့် တရုတ်နိုင်ငံသားကို အရေးယူ
မှတ်ပုံတင် အတုကိုင်၍ စာရွက်စာတမ်း လိမ်လည်သည့် တရုတ်နိုင်ငံသားကို အရေးယူ ----------------------------------------------- မန္တလေး၊ မေ - ၃ဝ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သား ဦးအိုက်ပြူး ဆိုသူသည် အမျိုးသားမှတ်ပုံတင် အတုများ ကိုင်ဆောင်၍ စာရွက်စာတမ်းများ လိမ်လည်ကာ မြေယာများ ဝယ်ယူခြင်းနှင့် သားသမီးများကို နိုင်ငံသားမှတ်ပုံတင် ရရှိအောင်ပြုလုပ်သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဦးအိုက်ပြူးဆိုသူသည် ၎င်းကို ပေးအပ်ထားသည့် ဧည့်နိုင်ငံသား မှတ်ပုံတင် ၉/မမန (ဧည့်) ဝဝဝ၃၈၁ကို ၉/မမန (နိုင်) ဝဝဝ၃၈၁ အဖြစ် အသုံးပြုကာ သစ်တောဦးစီးပိုင်မြေ ဧက ၁ဝဝ ကို ဝယ်ယူခွင့် လျှောက်ထားခြင်းများနှင့် တရားရုံးတွင် မှတ်ပုံတင်နှစ်မျိုးလုံးကို အသုံးပြု၍ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနများထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းအား ဧည့်နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးထားသော်လည်း ယင်းကို နိုင်ငံသားမှတ်ပုံတင်အဖြစ် မည်သို့ ပြုလုပ်လိုက်သည်ကို ဌာနအနေနှင့် မသိရှိသေးကြောင်း အဆိုပါဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက ပြန်လည်ဖြေကြားသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် လဝကရုံးတို့ ပူးပေါင်းပြီး ၎င်း၏ ကိုယ်ရေး အချက်အလက်များကို စုံစမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် ဦးအိုက်ပြူးနှင့် ၎င်း၏မိသားစုများကို လိမ်လည်မှုနှင့် လိမ်လည်ရရန် ရည်ရွယ်ချက်ဖြင့် အတုပြုလုပ်မှု (ပ)၁၂ဝ / ၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၄၂ဝ၊ ၄၆၈ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။ ဦးအိုက်ပြူးသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ခြံမြေများကိုလည်း မှတ်ပုံတင်အတုဖြင့် ဝယ်ယူလျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ အနေနှင့် ဝယ်သူ တစ်ဦးတစ်ယောက်ချင်းကို သိရှိရန် ခက်ခဲသည့်အတွက် မည်သည့် နိုင်ငံသားက ဝယ်ယူသည်ကို ပြောကြားရန် ခက်ခဲကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင် ဦးထူးထူးဆန်းက ပြောကြားသည်။
Monday, May 30, 2016
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက် သက်မှတ်ထားခြင်း မရှိသေး -----------------------------------------
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည့်ရက် သက်မှတ်ထားခြင်း မရှိသေး ----------------------------------------- ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း မည်သည့်နေ့တွင် ထုတ်ပြန်မည်ကို လောလောဆယ် သက်မှတ်ထားခြင်း မရှိသေးဘဲ အောင်စာရင်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းက အီးမေးလ်မှတစ်ဆင့် The Voice ၏မေးမြန်းမှုကို ယနေ့ ပြန်လည်ဖြေကြားသည်။ သို့သော် ပညာရေး အသိုင်းအဝိုင်းနှင့် လူထုကြားတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက် သို့မဟုတ် ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခုနှစ် မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ နိုင်ငံခြား စာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန စုစုပေါင်း ၁၄၇၀ ကျော်ရှိပြီး ဖြေဆိုသူ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၆၇၀,၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံက ထုတ်ပြန်ထားသည်။
ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင်
ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းတွင် ကျောင်းသား/သူ ဦးရေ မျှော်မှန်းသလောက် ရောက်မလာသေးသဖြင့် ဇွန်လကုန် အပတ်ထိလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးဝင်းမင်းဆန်း မှပြောသည်။ မေလ ၂၄ ရက်သည် လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် သတ်မှတ်ထားသည်။ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းတွင် ကျောင်းသား/သူ ဦးရေ မျှော်မှန်းသလောက် ရောက်မလာသေးသဖြင့် ဇွန်လကုန် အပတ်ထိလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးဝင်းမင်းဆန်း မှပြောသည်။ မေလ ၂၄ ရက်သည် လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် သတ်မှတ်ထားသည်။ ` သုံးမေဂျာဖွဲ့မယ်၊ကျွန်တော်မျှော်မှန်းတာက ဒီဘက်နေမြေအနေအထားအရတော့ ၄၅ယောက်လောက်ရှိရင်ကို အောင်မြင်ပြီပေါ့ ၊ တစ်မေဂျာ ၁၅ယောက်လောက် ၊ တကယ်တမ်း လက်ခံသင်ကြားပေးနိုင်တာက ဒီ သင်ထောက်ကူပစ္စည်းအခြေအနေအရ ၊ စာသင်ခန်းအခြေအနေအရ တစ်မေဂျာကို အယောက် ၃၀ လောက် လက်ခံပေးလို့ရတယ်´ ဟု ကျောင်းအုပ်ကြီး မှဆိုသည်။ ထိုကျောင်းကို လျှောက်လိုသူများသည် မည်သည့်နှစ်တွင်မဆို အခြေခံပညာအလယ်တန်း ( အဋ္ဌမတန်း) အောင်မြင်သူဖြစ်ရမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ပါက A.G.T.I ပထမနှစ် သင်တန်းသို့ဆက်လက်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ၊သင်တန်း(၂)နှစ်ပြီး၍ အောင်မြင် သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုလိုပါက အပြင်ဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပူတာအိုဒေသ တွင် စက်ရုံ ၊အလုပ်ရုံများ မရှိသောကြောင့် သင်တန်းသားများ တက်ရောကိမှု နည်းပါးကြောင်း ကျောင်းအုပ်ကြီး မှ ပြောသည်။ ` အဓိက ကဒီအမြင်တွေကျယ်ဖို့ ၊ ဒီနယ်မဖွံ့ ဖြိုး မတိုးတက်တော့ ဒီကျောင်းရဲ့ တန်ဖိုးကို မသိရဘူး ´ ဟု ၎င်းက ဆိုသည်။ ကျောင်းတွင် ဖွင့်လှစ်သွားမည့်သင်တန်းများမှာ အဆောက်အဦး နည်းပညာ၊လျှပ်စစ်နည်းပညာ နှင့် မော်တော်ယာဉ်နည်းပညာ သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောငိးသား/သူ များအား လစဉ် ထောက်ပံ့ကြေး (၃၀၀၀၀) နှုန်းဖြင့် သင်တန်းကာလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။ ထိုကျောင်းသည် ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခင်နှစ်တွင် စုစုပေါင်း ကျောင်းသား/သူ ဦးရေသည် ပထမနှစ် ၁၇ဦး နှင့် ဒုတိယနှစ် ၁၀ဦးရှိခဲ့ပြီး အမျိုးသမီးအများစုဖြစ်ကြောင်း စာရင်းအရ သိရသည်။
တပ်မတော်ပိုင်မြေရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စိစစ်မည်ဟုဆို
တပ်မတော်ပိုင်မြေရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စိစစ်မည်ဟုဆို Monday, May 30, 2016 ဒဂုံမြို့နယ် ပြည်လမ်း အနောက်ရပ်ကွက်ရှိ တပ်မတော်ပိုင်မြေတွင် ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံ ခြောက်လုံးကို ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်းပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။ အဆိုပါ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း အဆောက်အအုံများသည် ရန်ကုန်တိုင်း လွှတ်တော်နှင့် အစိုးရရုံးကို အပေါ်မှ စီးမိုးနေမည့် အထပ်မြင့် အဆောက်အအုံဖြစ်သောကြောင့် ဆောက်လုပ်ရန် သင့် မသင့်ကို ပြန်လည် စိစစ်သွားမည်ဟု ၎င်းက ဆိုသည်။ ယနေ့ (မေလ ၃၀ ရက်) နံနက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြည်လမ်း အနောက်ရပ်ကွက်ရှိ အဆောက်အအုံ ခြောက်လုံး တည်ဆောက်နေခြင်းသည် စည်ပင်သာယာရေး ဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ The Voice Weekly
ကျောင်းဆရာမတွေ ကျုရှင်သင်ရင် အရေးယူမယ်ဟုတ်လား... ကျောင်းဆရာမတချို့ကျုရှုင်သင်တယ်ဆိုတာ နှစ်မျိုးရှိတယ်
ကျောင်းဆရာမတွေ ကျုရှင်သင်ရင် အရေးယူမယ်ဟုတ်လား...
ကျောင်းဆရာမတချို့ကျုရှုင်သင်တယ်ဆိုတာ နှစ်မျိုးရှိတယ်
ပထမတစ်မျိုးက.. ရနေတဲ့လခတွေမလောက်ငလို့အပိုငွေရှာကြတာ
ဒုတိယတမျိုးက..ကလေးတွေကိုတိုးတက်စေချင်တဲ့စိတ်နဲ့ ကိုယ်ပိုင်အချိန်တွေဖဲ့ပေးနေတာ.....
အဲဒါ နေပူစပ်ခါး ရိုးမတောင်တန်း
ချောင်းစပ်မြောင်းစပ်မချန် ရွံနဲ့ဗွက်တွေမရွေး
တာဝန်ကိုမငြီးမညူ ထမ်းရွက်နေကြတဲ့ မိန်းမသားတွေဗျ ..။
မြို့ပေါ်ကလူနည်းစုတွေပတ်ဝန်းကျင်မှာသာ
တချို့ကစီးပွားဖြစ်လုပ်ကြပေမယ့်....
ဆရာမအသိုင်းအဝိုင်းလို့ ဆွဲမထည့်ကြနဲ့
အဲကွန်းခန်းထဲ ခေါင်းပေါင်းကွယ်ငိုက်နေတဲ့
နှစ်သီးစားတွေမဟုတ်ဘူး.......။
လခလေးနှစ်ပဲခြောက်ပြားကို ဆက်တိုးမပေးပဲ
ကျုရှင်သင်ရင် အရေးယူသင့်တယ်ဆိုတဲ့လူတွေကြည့်လိုက်တော့
(၃)ယောက်ပေါင်းလို့ (၁၀)တန်းမအောင်တဲ့ဟာတွေ...
တစ်လ (၁၀)သိန်းကို
အဆီတထပ်အသားတထပ်ခွာစားနေတဲ့ဟာတွေ...
အရိုးများသလေး ချေးခါးသလေးနဲ့
ငိုကြီးချက်မ အဲကွန်းတောင်းတဲ့ဟာတွေဖြစ်နေတယ်။
သိက္ခာရှိရှိအလုပ်လုပ်ချင်တယ်ဆိုရင်....
ရသုံးခန့်မှန်းကနေ ဘတ်ဂျက်ကိုသေချာဆွဲ
နိုင်ငံ့ဝန်ထမ်းတွေကို လုံလောက်တဲ့လစာပေး
ပြည့်စုံတဲ့အဆောင်အယောင်ထောက်ပံ့
ဒါဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ အပိုငွေရှာတာကို
သိက္ခာနဲ့ထိန်းသွားလိမ့်မယ်......
သူတို့က ပညာမဲ့တဲ့ (၃) တန်းအောင်တွေမဟုတ်ဘူး....။
ဆရာမတွေ ကျူရှင်သင်လို့အရေးယူမယ်ဆိုရင်
ဆရာဝန်တွေ ဆေးခန်းထိုင်တာအရေးယူမလား
အင်ဂျင်နီယာတွေ ကန်ထရိုက်လုပ်နေတာဖမ်းမလား
အဓိကနဲ့သာမညကို ခွဲခြားသိစမ်းပါ.....။
တိုင်းပြည်ဘတ်ဂျက်တွေ နှမြောတယ်ဆိုရင်တော့
ရန်ပုံငွေ(၂၅)ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်းလစာမှာထည့်ထွက်ပေးလိုက်ပါ....
(၅၀၀)ကျပ်လောက်ပဲ ပိုရရင်တောင်
ခင်ဗျားတို့စေတနာကိုလေးစားမိမှာပဲ.........။
အခုတော့အခန့်သားမိုးကျရွှေကိုယ်
်ဗိုလ်ချုပ်နောက်ကရုပ်သေးတွေထည့်(၂၅) ရာခိုင်နှုန်းဖြတ်
ရံပုံငွေရှာပြီးစီးပွားတွက်တွက်နေကြတယ်....။
စေတနာမှန်ရင် လုပ်ရပ်က သက်သေပြသွားမှာပါ
ဒါတော့
ခင်ဗျားစကားနဲ့ပြန်ပြောရရင် စောင့်ကြည့်ရမှာပေါ့......
ဟုတ်ဘူးလား......
ဗထူး(ဖန်ခါးမြေ)
27.5.2016
Drive ကိုအသုံးပြုနည်း ♫
ပြည်ခိုင်ဖြိုး ပါတီဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန် ခံ ဦးသိန်းဇော်မြစ်ကြီးနားမြို့သို့ ယနေ့နံနက်ပိုင်းတွင်မန်းရတနာပုံလေကြောင်းလိုင်းဖြင့်ရောက်ရှိ
ပြည်ခိုင်ဖြိုး ပါတီဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်
ခံ ဦးသိန်းဇော်မြစ်ကြီးနားမြို့သို့  ယနေ့နံနက်ပိုင်းတွင်မန်းရတနာပုံလေကြောင်းလိုင်းဖြင့်ရောက်ရှိလာရာ
ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးလဂျွန်ငန်ဆိုင်း
နှင့်တာဝန်ရှိသူများကကြိုဆိုနုတ်ဆက်........
Sunday, May 29, 2016
ယခုတော့ဒေါ်စုနားလည်ပြီပေါ့လေ ငှက်တွေကတော့အော်မှာပဲလား
ဒေါ်အောင်ဆန်းစုကြည် ကို ...
ကျွန်တော် အရင်က သိပ် သဘောမတွေ့ တာ ...
လူပိန်းကြိုက် စကားလုံးတွေ ...
ပေါက်ကရတွေ လျှောက်လျှောက်ပြောလို့ ရယ် ...
ဘယ်လိုမျိုးလဲဆိုတော့ ...
နားထောင်လို့ တော့ ကောင်းတယ် ...
လက်ခုပ်သံ တဖြောင်းဖြောင်းရမယ် ...
သို့ သော် လက်တွေ့  အလုပ်ဖြစ်လား ...
လုပ်လို့ ရလား ဆိုတော့ ...
မရဘူး ... မဖြစ်ဘူး ...
ဒီလို ကိစ္စမျိုးတွေ ....
ဥပမာ ... ပြည်သူတွေ ဆင်းရဲချိန်မှာ ...
ကားအကောင်းစားကြီးနဲ့ သွားဖို့  ...
ကျွန်မ ရှက်တယ်ဆိုတဲ့  စကားမျိုး ....
မငြိမ်းချမ်းသော နယ်မြေ ...
တစ်လက်မ မှ မရှိအောင် ကြိုးပမ်းရမယ် ...
အပစ်အခတ်ရပ်စဲရေးကို ...
အရင်စလို လက်မှတ်မထိုးသင့်ဘူး ....
အစိုးရအနေနဲ့  ပဋိပက္ခတွေ ဖြေရှင်းဖို့  ...
လက်နက်ကိုင်တဲ့ နည်းကို စွန့် လွှတ်သင့်ပြီ ...
စသဖြင့် စသဖြင့် ....
ဘာတွေ လျှောက်ပြောမှန်းကို မသိတာ ....
ပြောရင် ဆုံးတော့မယ် မဟုတ် ...
:/ :/ :/ :/ :/
တစ်ခါတစ်လေ စိတ်မကြည်တဲ့ အချိန်ဆို ....
ပြည်သူတွေ ဆင်းရဲနေချိန် ....
အန်တီ တစ်ရက် နဲ့ တစ်ရက် ..
မထပ်အောင် ၀တ်နေတဲ့ ဝတ်စုံဖိုးဟာ ...
ကားအသစ်တစ်စီးစာထက် ဘယ်နည်းမလဲလို့  တောင် ...
သို့ သော် ...
ဒါက ကလေးကလား ပါ ...
ထားပါတော့ ထားပါတော့ ...
:D :D :D :D
အသဲအပေါက်ဆုံးက ...
ကေအိုင်အေ သင်တန်းကျောင်း အမြောက်မှန်တာ ...
ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်တဲ့ ကိစ္စ ...
အားပေးစကားသွားပြောနေတုန်း ...
မဟာမိတ် စစ်သချိုင်းမှာ ပန်းခွေသွားချလိုက်တဲ့ ကိစ္စ ...
အဲဒီကိစ္စတွေပေါ်တော့ ....
တပ်နဲ့  ဒေါ်စု နဲ့  ...
ဒီတစ်သက် ရင်ကြားစေ့လို့ မရတော့ပြီလို့ တောင် ...
စိတ်ပျက်လက်ပျက် တွေးမိတယ် ....
ဘယ်တတ်နိုင်မလဲ ကံပေါ့လေလို့  လဲ ...
ခြေပြစ်လက်ပြစ် ညည်းတွားမိသေးတယ် ...
သို့ သော် ...
အခြေအနေတွေဟာ မထင်မှတ်ပဲ ...
တစ်ခါ ပြောင်းလဲလာပြန်တယ် ...
ဘာလဲဆိုတော့က ...
၂၀၁၅ ရွေးကောက်ပွဲမှာ ...
NLD က မထင်မှတ်ပဲ ...
ထိုင်ခုံအများစု အနိုင်ရသွားတဲ့ ကိစ္စ ....
မဲပေးခွင့်ရှိသူ ၂၃ သန်းမှာ ...
NLD က မဲ ၁၂ သန်းရတယ် ...
ပြည်ခိုင်ဖြိုးက ၆သန်း ...
အခြားပါတီတွေက ၄သန်း ...
ပယ်မဲ ဘာညာ သာရကာ က ၁သန်း ...
ဒါပေမယ့် ရွေးကောက်ပွဲစနစ်အရ ...
Winner take All ဖြစ်နေတော့ ...
NLD ဟာ လွှတ်တော်ထဲမှာ ...
ထိုင်ခုံ အများစု ရသွားတယ် ...
အဲဒီမှာ အိုးနင်းခွက်နင်း ဇာတ်လမ်းစတော့တာပဲ ...
NLD ဟာ အုပ်ချုပ်ရေးအတွေ့ အကြုံ မရှိမှန်း ...
လူတိုင်း သိတယ် ...
သို့ သော် ဒီလောက် ရုပ်ပျက်မယ်တော့ ...
ကိုယ်တွေလဲ ထင်မထားမိ ...
ဝန်ကြီးတွေ ခန့် ဖို့ လူမရှိ ...
ဒေါ်စုကိုယ်တိုင် လေးနေရာ တွဲကိုင် ...
ပြီးတော့မှ နှစ်နေရာ ပြန်ပေး ...
ခန့် လိုက်တဲ့  ၀န်ကြီးတစ်ချို့ ကလဲ ...
အပြစ်အနာအဆာ ဗလဗွ ...
လူတွေက ၀ိုင်းပြောလဲ ...
မတတ်သာတော့ မသိကျိုးကျွံပြုရ ...
ဒုဝန်ကြီးတွေ မခန့် ဘူး ကြီးကြီးကျယ်ကျယ်ပြော ...
လစာသက်သာတယ် ...
တိုင်းပြည် ဘဏ္ဍာ မဖြုန်းဘူးကွ ...
ဘာကွ ညာကွ ....
ငှက်တွေက အာချောင် ...
ပြီးတော့ မှ ဒုဝန်ကြီးတွေ ပြန်ခန့်  ...
ငှက်တွေ ဂွမ်း ...
ဝန်ကြီးဌာနတွေ ပေါင်း ...
နာမည်တွေ ပြောင်း ...
ပြီးတော့ နောက်တစ်ခါ ထပ်ပြောင်း ...
အစိုးရ အင်္ဂါစဉ်တွေက မငြိမ် ....
နောက် တစ်ခါ ပြန်ထပ်ချိန်း ...
လာဘ်ပေးလာဘ်ယူကို ...
ဟိုလိုရှင်းမယ် ဒီလိုရှင်းမယ်ပြော ....
ဟိုကတကယ်လဲပေးရော ...
အထုပ်တွေ အများကြီးမှာ ...
တစ်ထုပ်ပဲလာအပ် ...
ဂွတီးဂွကျတွေ ဖြစ် ...
ဒါနဲ့  ကုသိုလ်ရအောင် ရေအလှူ လှူလိုက်ရ ....
ပြီးခဲ့တဲ့ နှစ်လအတွင်း ဖြစ်တာတွေဟာ ...
ဗွက်ကို ပေါက်နေတာ ...
:P :P :P :P
သို့ သော် အဆိုးထဲက အကောင်းက ...
ဒေါ်စုဟာ အုပ်ချုပ်ရေးအတွေ့ အကြုံ မရှိပေမယ့် ...
ခေါင်းမာပေမယ့် ...
အရင်က ထင်ရာမြင်ရာ ပြောပေမယ့် ...
သူလဲ တကယ်တာဝန်ယူရရော ...
အခြေအနေမှန်ကို လျှင်လျှင်မြန်မြန် ...
သဘောပေါက်လာပုံ ရတယ် ...
နိုဝင်ဘာနဲ့  ဖေဖော်ဝါရီကြားမှာ ....
သူ စိုက်လိုက်မတ်တတ် ကြိုးစားခဲ့တဲ့  .....
သူ သမ္မတ ဖြစ်ရေးကို စွန့် လွှတ်လိုက်တယ် ...
( မဖြစ်နိုင်မှန်း သဘောပေါက်သွားပြီ )
ငြိမ်းချမ်းရေးကိစ္စဟာ ...
သူထင်သလောက် မရိုးရှင်းမှန်း ...
ရိပ်စားမိလာတယ် ...
အရင်က သူ ဒီလောက်ထဲထဲဝင်ဝင် မသိဘူး ...
တပ်ဘက်က Voice ကို သူ မကြားရဘူး ...
တစ်ဘက်က အသံပဲ သူသိခဲ့တာ...
အခုက တပ်က ၀န်ကြီးတွေကို ...
သူသိချင်တာ အချိန်မရွေး မေးလို့ ရလာတယ် ...
တကယ့် အခြေအနေမှန်လဲ သိလာရော ...
အရင်က သူဘာပဲ လျှောက်ပြောခဲ့ပြောခဲ့  ...
လက်တွေ့ ကျတဲ့  ဆုံးဖြတ်ချက်တွေ ချလာတယ် ...
ရခိုင်ကိစ္စ ရှမ်းမြောက်ကိစ္စမှာ ...
ဒီအနေအထားဟာ ...
အတော်လေး သိသာလာတယ် ...
ဒါဟာ တပ်နဲ့  ဒေါ်စု ပြန်ပြီး နီးစပ်လာတဲ့ ကိစ္စ ....
ကြိုဆိုရမယ့် ကိစ္စပဲ ...
သို့ သော် ဒေါ်စုအနေနဲ့  ဖြေရှင်းရမယ့် ကိစ္စတွေ ...
အများကြီး ရှိသေးတယ် ...
ဒါတွေဟာ သိပ်အချိန်ဆွဲထားလို့ မရနိုင်တော့ဘူး ...
ဘင်္ဂါလီ ကိစ္စ မြစ်ဆုံကိစ္စ ....
ကျန်တဲ့ အလုပ်သမား ...
လယ်သမား ကျောင်းသား ကိစ္စ ....
မကြာခင် ရောက်လာကြတော့မယ် ...
တပ်ဘက်ကတော့ ...
တိုင်းပြည်ရဲ့ အနေအထားနဲ့ ပတ်သက်ရင် ...
သူ့ သဘောထားကို ရှင်းနေအောင် ကြေငြာထားတယ် ...
သူက တိုင်းပြည် တည်ငြိမ်ရေး ...
အမျိုး ဘာသာ သာသနာ တိုးတက်ထွန်းကားရေး ...
တို့ တာဝန်အရေးသုံးပါး ...
ဒါတွေကို အခြေခံပြီး ရပ်တည်သွားမှာပဲ ...
ဒေါ်စုအနေနဲ့  ...
ဒီ အခြေခံတွေ နဲ့  မဆန့် ကျင်ရင် ...
တပ် နဲ့  ပို ပို ပိုပိုပြီး ရင်ကြားစေ့လာရင် ...
သိပ်ကောင်းမယ် ...
ဒါဆို တိုင်းပြည်ရဲ့ ပြသနာ ...
၇၀  ရာခိုင်နူန်းလောက် ပြေလည်သွားမယ် ....
ကျန်တဲ့  ၃၀ ရာနူန်းလောက်ကလဲ ...
ဒေါ်စု နဲ့ တပ်နဲ့  လက်တွဲပြီး ရှင်းရင် ...
အချိန်အတိုင်းအတာ တစ်ခုမှာ ပြေလည်သွားမယ် ...
ဒါဆို ကျွန်တော်တို့  တိုင်းပြည် ...
ရှေ့ ကို မြန်မြန်ဆန်ဆန် ခရီးပေါက်ပြီ ...
တစ်ချို့ ငှက်တွေကတော့ ...
ဒီလို အခြေအနေကို သိပ်ကြိုက်မယ် မထင် ...
အွန်လိုင်းပေါ်မှာ ....
တွန်ကြ အာကြ ဖျက်ကြ အုန်းမှာပဲ ....
သူတို့  အလုံးအကြီးကြီးတွေ ပြောထားပြီး ...
ပြန် ဂွမ်းမယ့် ကိစ္စကိုး ...
ငှက် အစစ်လဲ ဟုတ်ချင်မှ ဟုတ်မှာပါလေ ...
ငှက်လား လဒလား သေချာမသိတဲ့  ...
အကောင့်ပုန်းတွေနဲ့  ...
တွန်နေကြတာ များတာကိုး ...
:P :P :P :P :P
ကချင်ပြည်နယ် ပူတာအိုလမ်းပိုင်မကြာမီပြုပြင်မယ်
လွှတ်တော်တွင် ပူတာအိုလမ်းတွေပြင်ဖို့
(ဗွက်တန်းအတွက် ၇ ဘီလီယံ နဲ့
ကွန်ကရစ် လမ်းပိုင်းများလုပ်ဖို့က
၁၂ ဘီလီယံ စုစုပေါင်း ၂၀ ဘီလီယံ) ကုန်ကျခံပြင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြားသွားပါတယ်
ဝမ်းသာစရာသတင်းကောင်းလေးပါ!!!
Hi ဘော်ဘော်တွေ အားလုံးပဲ Morning နော် ....... နန်းမွေစံ
Hi ဘော်ဘော်တွေ အားလုံးပဲ
Morning နော် .......
နန်းမွေစံ
အိဝါ ၊ မာယာအိန်ဂျယ် ရွှေမြန်မာတေလေ
အိဝါ ၊ မာယာအိန်ဂျယ်အားပေးလိုက်ကြပါ
ကျွန်တော့်ရဲ့ အိပ်မက်ကတော့ မြန်မာနိုင်ငံမှာ တစ်နေ့ ကျရင် ဒုံးပျံနဲ့ အာကာသနုည်းပညာတွေ တိုးတက်ဖွံ့ဖြိုးစေရမယ်။
မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ေ၇း ဝန်ကြီးဌာနနဲ့ IntelSat တို့ ဒီနေ့ စာချုပ် ချုပ်ကြတဲ့ သတင်းကို IntelSat အင်တာနက် စာမျက်နှာမှာဖတ်လိုက်ရတယ်။ လက်ရှိအခြေအနေအရ ကိုယ်ပိုင် ဂြိုလ်တု မရှိသေးတဲ့ အချိန်မှာ မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ေ၇း ကဏ္ဌ ပိုမိုတိုးတက် ရေးအတွက် ငှားသုံးတာကို ကျွန်တော့် အနေနဲ့ လက်ခံပေမယ့် ရေရှည်မှာတော့ ကိုယ်ပိုင်ဂြိုလ်တု ပိုင်ဆိုင်နိုင်ရေး ကို နိုင်ငံတော် အစိုးရ အနေနဲ့ စီမံဆောင်ရွက်ရမယ်လို့ထင်ပါတယ်။
...........................................................
ကိုယ်ပိုင်ဂြိုလ်တုပိုင်ဆိုင်နိုင်ရေးအတွက် နိုင်ငံတော် အဆင့် မူဝါဒရေးရာကော်မတီကို သက်ဆိုင်ရာဝန်ကြီး များ တပ်မတော်က သက်ဆိုင်ရာအရာရှိချုပ်များ၊ ညွန်ကြားေ၇းမှူးများ နဲ့ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် (အခုလက်ရှိ အစိုးရလက်ထက်မှာတော့ ) နိုင်ငံတော် အတိုင်ပင်ခံ က ဖြစ်ဖြစ်၊ ဒုတိယ သမ္မတ တစ်ဦးဦး က ဖြစ်ဖြစ် တာဝန်ယူ ကာ အတွင်းရေးမှူးအဖြစ် အသက်ဆိုင်ဆုံး ဝန်ကြီးက တာဝန်ယူ ဖွဲ့စည်းစေချင်ပါတယ်။ အဲဒီ မူဝါဒရေးရာကော်မတီရဲ့ အောက်မှာမှ လုပ်ငန်းကော်မတီကို သက်ဆိုင်ရာညွန်ချုပ်များ၊ တပ်မတော်မှာ တာဝန်ရှိသူများနဲ့ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် မူဝါဒရေးရာ ကော်မတီ အတွင်းရေးမှူး က ဆောင်ရွက်စေချင်ပါတယ်။
.............................................................
ဒါနဲ့ ပတ်သက်ပြီး ဟိုတစ်နေ့ က နောင်တော်တစ်ယောက်က သံတမန်လောက မှာ အောင်မြင်စွာကျင်လည်နေတယ် လို့ ကျွန်တော်ရေးတော့ ဦးသိန်းရော ဘယ်လောက မှာ ကျင်လည်မှာလဲ ဆိုပြီး မိတ်ဆွေတစ်ယောက်က မေးတယ်။ အခုရေးပြတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ပြန်လည် ဖြေကြားရမယ်ဆိုရင် အထက်မှာ ကျွန်တော်ရေးထားတဲ့ လုပ်ငန်းကော်မတီမှာ အနည်းဆုံးအဖွဲ့ဝင်အဖြစ် သို့မဟုတ် ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် တွဲဖက်အတွင်းရေးမှူးဖြစ်ဖြစ်၊ အတွင်းရေးမှူး ဖြစ်ဖြစ် ဆောင်ရွက်ချင်တယ်။ ကျွန်တော်က ဒီလိုပြောလို့ ဦးသိန်းတစ်ယောက် ရာထူး ကြီးကြီး ကို လိုချင်တယ်လို့ မထင်စေချင်ပါဘူး။
.....................................................
ကျွန်တော်လိုချင်တာက တာဝန်ပါ။ ကျွန်တော့်ကိုသာအဲဒီ တာဝန်ပေးမယ်ဆိုရင် ၁၀စုနှစ် တစ်ခုအတွင်း ကျွန်တော်တို့ နိုင်ငံ Multifunctional satellite တစ်လုံးပိုင်ဆိုင်ရေး၊ အကုန်အကျ သက်သာစွာနဲ့ ပိုမို အသုံးတည့်နိုင်မယ့် ဂြိုလ်တစ်လုံး ပိုင်ဆိုင်နိုင်ရေး အတွက် Russian Space Agency လက်အောက်ခံ Space Centers များအပြင် တစ်ကမ္ဘာလုံးက ကောင်းမွန်တဲ့ အာကာသ နည်းပညာဆိုင်ရာ ကုမ္ပဏီ တွေနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးနိုင်မယ်လို့ ထင်ပါတယ်။
.........................................................
ဒီနေရာမှာတော့ ကျွန်တော့်ကို တပ်မတော်က ဗိုလ်မှူး တစ်ယောက်အနေနဲ့ သာ မမြင်ဘဲ ဒုံးပျံနဲ့ အာကာသ နည်းပညာဆိုင်ရာ ပီအိပ်ခ်ျဒီ ရထားတဲ့ ဒေါက်တာ  Moscow Aviation Institute က ရရှိထားသူတစ်ယောက်အနေနဲ့ မြင်စေချင်ပါတယ်။ ကမ္ဘာ့ အာကာသ သူရဲကောင်း စာရင်းထဲမှာ  Moscow Aviation Institute ကျောင်းဆင်း အရေအတွက်က Califonia Institute of Technology ထက်ပိုများပါတယ်။ ခုလောလောဆယ်တော့ Space systems and rocket engineering department မှာ အချိန်ပိုင်း Associated professor လုပ်ရင်း သုတေသန လုပ်ကာ  ဒုံးမျံနဲ့ အာကာသယာဉ်များရဲ့ လမ်းကြောင်းတွက်ချက်မှုဆိုင်ရာ နည်းလမ်းအသစ် တွေ ချပြပြီး Doctor of Science ဘွဲ့ကို ရယူဘို့ ကြိုးစားနေပါတယ်။
.........................................................
ကျွန်တော့်ရဲ့ အိပ်မက်ကတော့ မြန်မာနိုင်ငံမှာ တစ်နေ့ ကျရင် ဒုံးပျံနဲ့ အာကာသနုည်းပညာတွေ တိုးတက်ဖွံ့ဖြိုးစေရမယ်။ တပ်မတော်အတွက် ပြည်တွင်းမှာသုံဘို့ ဒုံးပျံတွေ ကိုယ်တိုင် ထုတ်လုပ်နိုင်ရမယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်လို့ ဝယ်သုံးရမယ့် ဒုံးပျံတွေ ရှိလာရင်လဲ အကောင်းဆုံး အသုံးချ နိုင်ရမယ်။ အိပ်မက်တွေက တော့ အများကြီးဘဲ။ ဒီစကားတွေကို လွန်ခဲ့တဲ့ ၁၈ နှစ်ထဲက ကျွန်တော်နဲ့ အပတ်စဉ်တူ တွေ ကို ကျွန်တော်ပြောခဲ့တာ။ အခုလဲ ပြောတုန်းဘဲ။
.........................................................
ဒီထက် အိပ်မက်တွေ ပိုများအောင် ခဏနေရင် အိပ်တော့မယ်။
တပ်မတော်နဲ့ တအာင်းတပ်ဖွဲ့ တိုက်ပွဲတွေ ထပ်ဖြစ် -----------------------------
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရေးအတွက် ဒေါ်အောင်ဆန်း စုကြည် ဉီးဆောင်ပြီး ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည် မြောက်ပိုင်းမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာ အစိုးရ တပ်မတော်အကြား မေလ ၂၈ ရက်က တိုက်ပွဲ ၃ကြိမ် ထပ်ဖြစ်ပွားခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် ပန်လုံ ကျေးရွာနားမှာ နှစ်ကြိမ် ဖြစ်ခဲ့ပြီး ကျောက်မဲမြို့နယ် လွယ်ဆာရွာနဲ့ ပန်ခမ်းရွာ အကြားမှာ တကြိမ် ဖြစ်ခဲ့တာလို့ PSLF/TNLA တအာင်း ပလောင် တပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
TNLA တပ်ဖွဲ့ရှိရာ နယ်မြေတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရ တပ်မတော် ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာရာကနေ အခုလို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲ အပြီး ကွတ်ခိုင်မြို့နယ်တွင်းမှာ တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ ထပ်မံ ပစ်ခတ်ခဲ့ကြောင်း TNLA ပြောခွင့်ရ ပုဂ္ဂိလ် မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
တခါ TNLA နဲ့RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့အကြား အခြေအနေတွေ တင်းမာနေပေမယ့် အခုရက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
TNLA နဲ့RCSS/SSA အကြား တိုက်ပွဲတွေအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပန်ရွာ မီးရှို့ ခံရတာနဲ့ ပတ်သက်လို့ မေလ ၁၈ရက်နေ့မနက်က ကျောက်မဲမြို့မှာ ရှမ်းသံဃာတော်တွေ ဉီးဆောင်ပြီး လူထောင်နဲ့ချီ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
TNLA အဖွဲ့ကတော့ ဒီမီးရှို့မှုဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုထားပါတယ်။
၂၁ရာစု ပင်လုံ ညီလာခံကနေ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်သွားမယ် ဆိုရင်တော့ ပဋိပက္ခ တိုက်ပွဲတွေ ချုပ်ငြိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း TNLA ပြောခွင့်ရ ပုဂ္ဂိုလ် မိုင်အိုက်ကျော်က ပြောပါတယ်။
BBC Burmese