Saturday, April 23, 2016
ဘင်္ဂါလီ ကိစ္စဟာ ... ဘာသာရေး ကိစ္စမဟုတ်ပါ ... ဒါကို NLD ထောက်ခံသူများ အားလုံး ... ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်
၂၁.၄.၂၀၁၆ ရက်စွဲနဲ့  ...
RFA က သတင်းတစ်ခု တက်လာပါတယ် ...
ဘင်္ဂါလီ ၃၄၀ ကို ...
( မူရင်းမှာ ရိုဟင်ဂျာလို့ သုံးပါတယ် )
ကြည်ကြည်ဖြူဖြူ ....
ပြန်လက်ခံလိုက်တယ်ဆိုတဲ့  သတင်းပါ ...
ပုံကိုတော့ AFP ကို Credit ပေးပြီး ...
ဒါနဲ့  ဒီသတင်းဟာ ...
၂၂ ရက်နေ့ မှာ ဖေ့စ်ဘုတ်မှာ စပြန့်  ပါတယ် ...
အစပိုင်းမှာ အနည်းငယ် ပြန့် ရာက ...
နောက်ပိုင်းမှာ ပိုမို ကြီးထွားလာပါတယ် ...
ဖေ့စ်ဘုတ်မှာ ဒီသတင်း ပြန့် လာချိန် ...
မူရင်းသတင်းက ပုံမဟုတ်ဘဲ ...
အရင်က ပုံအဟောင်းတွေပါ ...
ရောယှက်ပါဝင်ခဲ့ပါတယ် ...
၂၂ .၄.၂၀၁၆ ရက်နေ့  မှာပဲ ...
ဒီသတင်းကို ...
မဇ္ဇိမသတင်းဌာနက ထပ်မံဖော်ပြပါတယ် ...
RFA သတင်းကို ကိုးကားဖော်ပြတာပါ ...
အဲဒီအချိန်မှာတော့ ...
ဖေ့စ်ဘုတ်ပေါ်မှာ ပိုပွဲဆူကုန်ပါပြီ ...
အရင်က မယုံတစ်ဝက် ယုံတစ်ဝက် ...
ဖြစ်နေသူတွေတောင် ...
ယုံသလိုလို ဖြစ်ကုန်ကြပါတယ် ...
ထုံးစံအတိုင်း ဒီဘက်အုပ်စုက ...
ဒီသတင်းကို ဖော်ပြချိန်မှာ ...
တစ်ဘက် လက်ရှိအစိုးရ ထောက်ခံသူအုပ်စုက ...
အသဲအသန် လိုက်ကာကြပါတယ် ...
ရက်စွဲ အဟောင်းဖြစ်တယ်တို့  ...
ပုံအဟောင်း ဖြစ်တယ် တို့  ...
စသဖြင့် စသဖြင့်ပေါ့လေ ...
ဒါပေမယ့် အမှန်ကတော့ ...
ဒီသတင်းဟာ ...
တရားဝင် သတင်းဌာနကြီး နှစ်ခုက ...
လက်ရှိ ရက်စွဲတွေနဲ့  ဖော်ပြခဲ့တာ ဖြစ်ပါတယ် ...
သတင်းမှာလဲ အစိုးရအသစ်က ...
ဒီ ဘင်္ဂါလီ ၃၄၀ ကို လက်ခံခဲ့တာ ဖြစ်တယ်လို့  ...
တိတိလင်းလင်း ဖော်ပြထားပါတယ် ...
ဒါနဲ့  မနေ့ ညက ကိုးနာရီခွဲခန့် မှာ ...
RFA မှာ ဒီသတင်းဖော်ပြထားကြောင်း ...
ဘယ်လိုဖြစ်ရသလဲ ဆိုပြီး ...
ကျွန်တော့် ဖေ့စ်ဘုတ်မှာ ...
စတင် မေးခွန်းထုတ်ပါတယ် ...
နောက်တစ်နာရီအကြာမှာ ...
လက်ရှိအစိုးရဟာ ...
အမေရိကန် သံရုံးရဲ့ ...
ရိုဟင်ဂျာ အသုံးအနူန်းထုတ်ပြန်ချက်ကို ...
ကန့် ကွက်မထားဘူး ...
အခုလဲ ဒီသတင်းပေါ်နေတယ် ...
ဒီနှစ်ခု တိုက်ဆိုင်နေတဲ့ အခါ ...
ပြည်သူတွေ စိတ်ပူရပါတယ် ...
အစိုးရအနေနဲ့ ဒီကိစ္စကို ...
ပြန်လည်ဖြေရှင်းသင့်ပါတယ်လို့  ...
ကျွန်တော့် အနေနဲ့ ရေးသားခဲ့ပါတယ် ...
ည ၁၂ နာရီ ၀န်းကျင်မှာ ...
နိုင်ငံတော် သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ...
ဒီကိစ္စ မဟုတ်ကြောင်း ပြန်လည်ဖော်ပြခဲ့ပါတယ် ....
သူ ဖော်ပြပြီး ဆယ်မိနစ် အကြာမှာ ...
ကျွန်တော့် အနေနဲ့  ပြန်လည် ကူးယူဖော်ပြခဲ့ပါတယ် ...
ဖြစ်စဉ်ကို ပြန်သုံးသပ်ရရင် ...
ဒီကိစ္စဟာ ဖေ့စ်ဘုတ်က စတဲ့ ဇာတ်လမ်းမဟုတ်ပါ ...
တရားဝင် သတင်းဌာန နှစ်ခုက ...
၂၁.၄.၂၀၁၆ ရက်စွဲ ....
အင်္ဂလိပ်ဘာသာနဲ့  ...
တရားဝင်ဖော်ပြခဲ့တဲ့  သတင်း ဖြစ်ပါတယ် ...
လက်ရှိလဲ ဖော်ပြထားဆဲပါ ....
သတင်းမှာလဲ အစိုးရသစ်လက်ထက်မှာ ...
ဒီ ဘင်္ဂါလီ ၃၄၀ ကို လွှဲပြောင်းခဲ့တာ ဖြစ်ကြောင်း ...
အတိအကျ ဖော်ပြထားပါတယ် ...
ဆိုလိုတာက ...
တရားဝင် မီဒီယာက အတိအကျ ဖော်ပြခဲ့လို့  ...
ဒီသတင်းက ဖေ့စ်ဘုတ်မှာ စပြန့် တာပါ ...
ဖေ့စ်ဘုတ်သုံးစွဲသူတွေက စဖွတာ မဟုတ်ပါ ...
တရားဝင် မီဒီယာတစ်ခုက ...
အတိအလင်း ဖော်ပြနေတဲ့ အတွက် ...
ဖေ့စ်ဘုတ် သုံးစွဲသူတွေကြားမှာ ...
သို့ လော သို့ လော သံသယပွားကုန်ကြတာကို ...
အပြစ်တင်လို့ မရနိုင်ပါ ...
ဒီလို သံသယ၀င်ကုန်တာ သဘာဝကျပါတယ် ...
ဒီလိုမျိုး တရားဝင်ဖော်ပြလာပြီဆိုရင် ...
မလွဲမသွေ ဖြေရှင်းရမှာ ဖြစ်ပါတယ် ...
အရင်အစိုးရ လက်ထက်မှာလဲ ...
ဖြေရှင်းလေ့ ရှိတတ်ပါတယ် ...
အထူးသဖြင့် ဒီ ဘင်္ဂါလီ ကိစ္စကို ...
အရင်အစိုးရက ချက်ချင်း ...
ပြန်လည်ဖြေရှင်းလေ့ ရှိတတ်ပါတယ် ....
ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ် နဲ့  မြန်မာအကြား ...
ကူးချည်သန်းချည် လုပ်လေ့ရှိပါတယ် ...
ဟိုဘက်က ဖမ်းတာတွေ ရှိသလို ...
ဒီဘက်က ဖမ်းတာတွေလဲ ရှိပါတယ် ...
လက်ရှိ ဘယ်ဘက်မှာနေကြောင်း ...
အထောက်အထား ခိုင်လုံအောင် ပြနိုင်ရင် ...
လက်ရှိနေတဲ့ ဘက်က ပြန်လက်ခံထားရပါတယ် ...
ဒါ နယ်စပ်မှာ လက်ရှိ ဖြစ်နေတဲ့  အနေအထားပါ ...
ဒီလို အခြေအနေတွေကြားမှာ ...
ဘင်္ဂါလီအရေး စိတ်ပူသူတွေက ...
ဒီလို သတင်းတွေ ထွက်ပေါ်လာတဲ့  အပေါ် ...
အစိုးရကို ပြန်လည်ဖြေရှင်းဖို့  ...
သတင်းထုတ်ပြန်ပေးဖို့  တောင်းဆိုတာ ...
သဘာဝကျပါတယ် ...
ဖြစ်လဲ ဖြစ်သင့်ပါတယ် ....
ဘင်္ဂါလီ ကိစ္စဟာ ...
ဘာသာရေး ကိစ္စမဟုတ်ပါ ...
ဒါကို NLD ထောက်ခံသူများ အားလုံး ...
ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ် ...
ဒီဘင်္ဂါလီတွေကို လက်မခံမှုဟာ ...
ဘာသာတရားပေါ် အခြေမခံပါဘူး ....
ကိုယ့်နိုင်ငံသား တိုင်းရင်းသား မဟုတ်တဲ့  ..
လူ၆သိန်းကို ...
ကိုယ့်နိုင်ငံသား တိုင်းရင်းသား မဟုတ်ကြောင်း ...
လက်မခံနိုင်ကြောင်း ပြောတဲ့ ကိစ္စကို ...
ဘာသာရေး နဲ့  ဆွဲကပ်ပြီး ...
ဘာသာရေး မှိုင်းတိုက်နေတယ် စွပ်စွဲရင် ...
စွပ်စွဲသူကိုယ်တိုင်ကသာ ...
ဘာသာရေး မှိုင်းတိုက်နေတာ ဖြစ်ကြောင်း ...
ပြန်လည် စွပ်စွဲလိုပါတယ် ....
NLD အစိုးရ အနေနဲ့  ...
ဘင်္ဂါလီ ကိစ္စနဲ့  ပတ်သက်လို့  ...
အစိုးရ အပေါ် သံသယ မ၀င်စေချင်ဘူး ဆိုရင် ...
ဒီ ရိုဟင်ဂျာဆိုတဲ့  အသုံးအနူန်းကို ...
လုံးဝ လက်မခံကြောင်း ...
ဒီဘင်္ဂါလီတွေဟာလဲ ...
ခိုးဝင်အများစုသာ ဖြစ်ကြောင်း ...
၁၉၈၂ အက် နဲ့  တိုက်ဆိုင် စစ်ဆေးပြီး ...
ကိုက်ညီသူကိုသာ လက်ခံနိုင်မှာ ဖြစ်ကြောင်း ...
တရားဝင် ကြေငြာချက်လေး တစ်ခု ထုတ်ပြန်ရုံပါပဲ ...
ကြေငြာချက်လေး တစ်ခုပါ ...
ဒီကြေငြာချက်နဲ့ တင် ...
ကျွန်တော်တို့ တိုင်းပြည်မှာ ...
အချင်းချင်း ဖြစ်နေတဲ့  ပဋိပက္ခတွေ ...
အများကြီး လျော့နည်းသွားမှာ ဖြစ်ကြောင်းပါ ... ။
( ရဲမိုး )
=========================
RFA မူရင်းလင့် - http://www.rfa.org/english/news/myanmar/myanmar-bangladesh-04212016173229.html
Mizzima မူရင်းလင့် - http://mizzima.com/news-regional/340-rohingya-muslims-deported-myanmar-bangladesh-month
ပုံ ၁ - ကျွန်တော့် ပထမ စတေးတပ်စ်
ပုံ၂ - ကျွန်တော့်  ဒုတိယ စတေးတပ်စ်
ပုံ၃ - ဦးဇော်ဌေးမှ ပြန်လည်ဖြေရှင်းကြောင်း ဖော်ပြသည့် စတေးတပ်စ်
No comments: