Friday, April 29, 2016
မနေ့ က ရိုဟင်ဂျာဆိုတဲ့  ... အမေရိကန်သံရုံးရဲ့  ... အသုံးအနူန်းကို ကန့် ကွက်ကြောင်း ... သံရုံးရှေ့ မှာ ဆန္ဒပြကြတယ် ...
မနေ့ က ရိုဟင်ဂျာဆိုတဲ့  ...
အမေရိကန်သံရုံးရဲ့ ...
အသုံးအနူန်းကို ကန့် ကွက်ကြောင်း ...
သံရုံးရှေ့ မှာ ဆန္ဒပြကြတယ် ...
ခွင့်ပြုပေးတာက ဗိုလ်စိန်မှန်ကွင်း ...
ပြတာက သံရုံးရှေ့ ...
အဲဒီတော့ ပုဒ်မ ၁၉ ...
ခွင့်ပြုနေရာ ခွင့်ပြု ကြွေးကြော်သံမဟုတ် ...
ဆိုတဲ့ အချက်နဲ့  အမှုဖွင့်မယ် လို့ သိရတယ် ...
NLD အစိုးရ အနေနဲ့  ....
ဥပဒေ နဲ့  ပတ်သက်ရင် ...
အတိအကျ လုပ်မယ်ဆိုတဲ့  သဘောလို့  ...
နားလည်မိပါတယ် ...
( နားလည်မှု လွဲနေရင် ပြောပါ )
အခု ဖော်ပြထားတဲ့  ပုံဟာ ...
၂၈.၄.၂၀၁၆ ရက်နေ့  ပြင်ဦးလွင်တရားရုံးမှာ ...
ရေပူဆရာတော်ကို ရုံးထုတ်ချိန် ...
သံရုံးရှေ့  ဆန္ဒပြသူတွေကို ...
ပုဒ်မ ၁၉ နဲ့  အမှုဖွင့်မယ်ဆိုရင် ...
တရားရုံးရှေ့ ဆန္ဒပြသူတွေကိုလဲ ...
ပုဒ်မ ၁၈ နဲ့  အမှုဖွင့်ရမှာပါ ...
မဟုတ်ရင်တော့ ...
လိုတစ်မျိုး မလိုတစ်မျိုး အစိုးရလို့  ...
ကင်ပွန်းတပ်ရမှာ ဖြစ်ပါတယ် ....
အခု ထောက်ပြတာဟာ ...
ဥပဒေကြောင်း တစ်ခုထဲတင် ...
ထောက်ပြတာပါ ...
ကျန်တဲ့  ရူထောင့်တွေက မချဉ်းကပ်ထားပါဘူး ...
ထို့ အတူ ပြင်ဦးလွင် ဆန္ဒပြပွဲ ကလဲ ...
နီးစပ်ရာ ဥပမာ ပေးခြင်းသာ ဖြစ်ပါတယ် ...
ရခိုင်မှာ လုပ်နေတဲ့ ဆန္ဒပြပွဲတွေ ....
အခြား ဆန္ဒပြပွဲတွေ ထည့် မပြောသေးပါဘူး ...
ပြောလိုတာက ...
ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး ...
သားရေပင်လို လုပ်တယ်ဆိုတာက ...
စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်တဲ့  ....
စစ်အာဏာရှင်တွေ လက်ထက် ဖြစ်ပါတယ် ...
ခင်ဗျားတို့ က ...
တော်ကီတွေ အကြီးကြီးပွားထားတဲ့  ...
ဒီမိုကရေစီစနစ် အစိုးရ ဖြစ်ကြောင်း ...
တရားဥပဒေ စိုးမိုးဖို့ အရေးကြီးတယ်လို့  ...
အာ ခဲ့ဖူးကြောင်း ထောက်ပြတာပါ ...
:) :) :) :)
( ရဲမိုး )
No comments: