Thursday, April 21, 2016

ထိုင်းနိုင်ငံ အခြေခံ အလုပ်သမား လုပ်ခများ တိုးပေးရန်စီစဉ်နေပြီ



Breaking news on 21 April 2016

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန က နိုင်ငံအတွင်းမှရှိတဲ့ အခြေခံအ လုပ်သမား လစာတွေကို ထပ်တိုးပေးဘို့  ပြင်ဆင်နေကြောင်း သိရပါတယ်။

ဘန်ကောက်မြို့  စီပွားရေး တက္ကသိုလ်မှာ အစိုးရတာဝန်ရှိသူတွေနဲ့  အလုပ်သမားအဖွဲ့ တွေ အစည်းဝေးပွဲအပြီးမှာ အလုပ်သမား အဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူးမောင်လွမ် ပွန်စရစ်ကထုတ်ဖေါ်ပြောဆိုခဲ့တာပါ၊


အခြေခံလုပ်ခ လစာ တနေ့  ဘတ် (၃၀၀) ကိုအလုပ်ရှင်တွေက ပေးရမယ့် လစာစနစ်ကို အမျိုးသမီး ၀န်ကြီးချုပ် ဟောင်း ယင်လပ်က ရွေးကောက်ပွဲ အနိုင်ရရေး စတင် မဲဆွယ်ပြီး အစိုးရဖြစ်တဲ့အခါ ပြောင်း လဲခဲ့တာပါ၊

တစ်နေ့  လုပ်ခ ၃၀၀ ပြင်ဆင် လိုက်တဲ့စနစ်ဟာယခု၂၀၁၆မှာ လေးနှစ်ပြည့်ပြီ လို့  သိရပါတယ်။ယခုအစိုးရလက်ထက်မှာ လည်း နိုင်ငံ စီးပွားရေးအခြေ အနေ သိတ်ကောင်းလာတာ မတွေ့ ရပေမယ့် ခုလို လုပ်ခကို တနေ့  မှာ ၁၅ ဘတ် ကနေ ၂၁ ဘတ် အထိတိုးပေး မယ်ဆိုရင် အခြေခံ အလုပ်သမား လစာဟာ တနေ့  ထိုင်းဘတ်ငွေ ၃၆၀(ကျပ် ငွေ တသောင်းကျော်)ရကြ မှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လကနေစတင်ပြီး အခြေခံ လုပ်ခလစာတွေ တိုးပေးနိုင်ဖွယ်ရှိကြောင်း CH 7 သတင်းမှာဖေါ်ပြသွားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women

No comments: