Monday, April 25, 2016

ကလေးမြို့အနီးလေပြင်းတိုက်၊မိုးကြိုးမှန်၍ လူတစ်ဦးသေဆုံး”

“ကလေးမြို့အနီးလေပြင်းတိုက်၊မိုးကြိုးမှန်၍ လူတစ်ဦးသေဆုံး”

ယနေ့(ဧပြီ ၂၅ရက်) ညနေ ၄ နာရီကျော်က ကလေးမြို့ ရာဇဂြိုလ်ဆည်အနီးတွင်
လေပြင်းကျခဲ့ပြီး  လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။ မိုးကြိုးထိမှန်သေဆုံးသွားသူမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
လေပြင်းကြောင့် အိမ်ခြေ ၆၀ ခန့် ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်နှစ်က ရေဘေးဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသည့် သပြေကုန်းကျေးရွာတွင် အိမ်အလုံးရေ ၆၀ ခန့် ပြိုကျသွားခြင်းဖြစ်ကြောင်း ကလေးလွင်ပြင်အဖွဲ့မှ ကိုသန့်ဇင်လင်းက ပြောသည်။ " မိုးမရွာဘူး။ လျှပ်စီးတွေလက်၊ မိုးကြိုးတွေ ပစ်တာ။ အခု လေငြိမ်နေတယ်။ ကောင်းကင်ကတေ့ မှိုင်းတယ်။ အိမ်ပျက်တဲ့သူတွေအတွက် လတ်တလော အကူအညီတွေတော့ လိုနေပြန်ပြီ" ဟု ၄င်းက ပြောသည်။
ဓာတ်ပုံ - ရဲဝင်းထွန်း

No comments: