Thursday, April 21, 2016

မြို့ကြီးများရှိ မြေဆီလွှာအောင်းရေ ခြောက်သွေ့အဆင့်ရောက်နေ


  တိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ မြို့ကြီးများတွင် မြေဆီ လွှာအောင်းရေသည် ခြောက်သွေ့အဆင့်သို့ ရောက်ရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအခြေအ နေကို ထုတ်ပြန်သည်။
နိုင်ငံအနှံ့ရှိ စိုက်ပျိုးရေးဆိုင် ရာ မိုးလေဝသစခန်း ၁၇ ခုက ဧပြီ  ၁၀ ရက်မှ ၂၀ ရက်အတွင်း မိုးရွာ သွန်းမှုနှင့် အပူချိန် တိုင်းတာပြီး မြေဆီလွှာအောင်းရေအခြေအ နေကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း မိုးဇလဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
‘‘အခုလက်ရှိ မိုးရွာသွန်းမှုရှိ နေတဲ့နေရာတွေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်မှာတော့ မြေ အောက်ရေစိုစွတ်အခြေအနေမှာ ရှိနေနိုင်ပါတယ်။ ကျန်တဲ့ မိုးမရွာ တဲ့နေရာတွေကတော့ ခြောက် သွေ့တဲ့အခြေအနေမှာပဲ ရှိတယ်။ အခုက အပူချိန်မြင့်နေတော့ မိုး မရွာတဲ့ နေရာတွေဆိုရင် ခြောက် သွေ့အဆင့်မှာပဲ ရှိတယ်’’ဟု ဦး ကျော်မိုးဦးက ပြောသည်။
စိုက်ပျိုးမြေများတွင် မြေဆီ လွှာအောင်းရေ ခြောက်သွေ့နေ ၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဂရုစိုက်ရန် လိုကြောင်း ၎င်းက ပြောသည်။
ဧပြီ ဒုတိယဆယ်ရက်ပတ် တွင် မိုးရွာသွန်းမှုအခြေအနေ သည် စစ်ကိုင်းတိုင်းတွင် ပျမ်းမျှမိုးရေချိန်ခန့်နှင့် ကချင်ပြည်နယ်တွင် ပျမ်းမျှမိုးရေချိန်ထက် ပိုခဲ့သော်လည်း ကျန်တိုင်းနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် ဧပြီ(ဒုတိယ) ဆယ်ရက်ပတ်၏ပျမ်းမျှ မိုးရေချိန်များထက် လျော့နည်းခဲ့ ကြောင်း မိုးဇလထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
နေ့အပူချိန်များမှာလည်း မန္တလေးတိုင်း၊ ချင်း၊ ရှမ်း(မြောက် ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည် နယ်တို့တွင် ဧပြီ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအပူချိန်ထက် ၈ ဒီဂရီဖာရင်ဟိုက်မှ ၉ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာခဲ့ ကြောင်း မိုးဇလက ဆိုသည်။ ကချင်ပြည်နယ်တွင်မူ ဧပြီ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ခန့်သာ ရှိသည်။
 စစ်ကိုင်းတိုင်း (အောက် ပိုင်း)၊ မကွေးတိုင်းနှင့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)တို့တွင် ၁၀ ဒီဂရီဖာရင်ဟိုက်မှ ၁၂ ဒီဂရီဖာရင်ဟိုက်အထိနှင့် ကျန်တိုင်းနှင့်ပြည်နယ် တို့၏မြို့ကြီးများတွင် ၃ ဒီဂရီဖာ ရင်ဟိုက်မှ ၆ ဒီဂရီဖာရင်ဟိုက်အ ထိ ဧပြီ(ဒုတိယ)ဆယ်ရက်ပတ်၏ အမြင့်ဆုံးအပူချိန်တို့ထက်ပိုခဲ့သည်။

No comments: