Monday, April 25, 2016
ဒါတွေကို ကျွန်တော်တို့ က အခု မဝေဖန်ဘဲ ... ဘယ်တော့မှ ဝေဖန်ရမလဲ ... နောက် တစ်နှစ်မှလား ... ? နှစ်နှစ်လား ... ? သုံးနှစ်လား ... ?
လတ်တလော ဖေ့စ်ဘုတ်မှာ ...
ကျွန်တော်တို့ ကြုံနေရတဲ့  ကိစ္စက ....
အာဏာရပါတီကို ဝေဖန်ရင် ...
လှောင်ပြောင်သရော်ရင် ...
အထိမခံ ရွှေပန်းကန် ဖြစ်နေကြတဲ့ ကိစ္စပဲ ...
ကျွန်တော့် အနေနဲ့ ...
ဖေ့စ်ဘုတ်မှာ ရေးလေ့ရှိတဲ့  စာတွေကို ...
အကြမ်းဖျဉ်း သုံးမျိုး ခွဲလို့ ရနိုင်မယ် ထင်တယ် ...
အဲဒါကတော့ ...
၁။ သတင်းဖြစ်စဉ်ကို ရေးသားတင်ပြတဲ့  စာ ...
၂။ ဖြစ်ရပ် သို့ မဟုတ် သမိုင်းကြောင်း အပေါ်
သုံးသပ် ဝေဖန်တိုက်တွန်းတဲ့  စာ ...
၃။ အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် ...
တစ်စုံတစ်ဦးကို လှောင်ပြောင်သရော်တဲ့  စာ ...
ဒီလိုမျိုး ခွဲခြားလို့ ရနိုင်လိမ့်မယ် ...
ဒီသုံးမျိုးကို အလျဉ်းသင့်သလို ...
ကျွန်တော် ရေးလေ့ရှိတယ် ....
သတင်းဖြစ်စဉ်ကို ရေးသားတင်ပြတဲ့  ...
ကိစ္စကတော့ ရှင်းတယ် ...
ဖြစ်စဉ်ကို ဖော်ပြတာ ...
ဥပမာ အားဖြင့် ပတ်ဂျဆန် လို ကိစ္စ ...
ကိုယ့် အစီအစဉ်နဲ့  ကိုယ် ...
ဘိန်းခင်းတွေ ဖျက်သွားမယ်လို့  သိရတယ် ....
ဒါဟာ သတင်းကို ဖော်ပြတာ သက်သက်ပဲ ...
ဘာမှ ဝေဖန် သုံးသပ်ချက်မပါဘူး ....
ဒုတိယ အမျိုးအစား ...
ဖြစ်ရပ် သို့ မဟုတ် သမိုင်းကြောင်းကို သုံးသပ်ပြီး ...
ဝေဖန်တာ ထောက်ပြတာ ...
တိုက်တွန်းတာကို လုပ်တာ ...
ဘိန်းဖျက်မယ့် ကိစ္စဟာ ပြသနာရှိတယ် ....
ဘာလို့ လဲ ဆိုတော့ ...
ဒေသခံ ရှမ်းနီရွာတွေမှာ ဖမ်းမိသူတွေကို ...
ရိုက်တာ နှက်တာ ဖမ်းချုပ်တာတွေ ရှိတယ် ...
ဒီမှာ အရင်က သူတို့ လုပ်ခဲ့တဲ့  ဓာတ်ပုံတွေ ...
ဒီမှာ ရိုက်နှက်နေတဲ့  ဗွီဒိယိုတွေ ...
ဒီမှာ ရှမ်းနီတွေက တိုင်တဲ့ စာတွေ ...
နောက်တစ်ခုက ...
သူတို့ ဘိန်းဖျက်ဖို့ သွားမယ့်နေရာဟာ ...
ဦးစခုန်တိန့် ယန်း ရဲ့ ဒေသ ...
သူက ကေအိုင်အေနဲ့  မတည့်ဘူး ...
ပတ်ဂျဆန်ဟာ ကေအိုင်အေ နဲ့  ပတ်သက်နေတယ် ...
ဒါကြောင့် ဒီလို သွားလုပ်ရင် ...
ပြသနာတက်လိမ့်မယ် ...
ဒါက ဖြစ်စဉ်ကို သမိုင်းကြောင်းကို ...
ထောက်ပြ သုံးသပ်ပြပြီး ....
ဝေဖန်တာ တိုက်တွန်းတာ လုပ်တဲ့ စာမျိုး ....
နောက်ဆုံးတစ်ခုကတော့ ...
လှောင်ပြောင် သရော်တာ ...
ဘယ်လိုကိစ္စမျိုး ကို လှောင်သလဲ ...
ရှင်းပါတယ် အမြီးအမောက်မတည့် ...
သဘာဝ မကျတဲ့ ကိစ္စမျိုးကို လှောင်တာပေါ့ ...
ဥပမာ မီးပျက်တဲ့ ကိစ္စမျိုး  ...
ဒါဆို မေးစရာရှိတယ် ...
လက်ရှိ အစိုးရဟာ တက်လာတာ ...
တစ်လ မပြည့်သေးဘူး ...
မီးပျက်တာ သူ့ မှာ ဘာတာဝန်ရှိလဲ ....
ရှိတယ် ...
ဘာလို့ လဲ ဆိုတော့ ...
သူက တာဝန်ယူရတဲ့  အစိုးရ ဖြစ်နေလို့  ...
ပျက်ရင် မြန်မြန် ပြန်လာအောင် လုပ်ပေးဖို့  ...
သူ့ မှာ တာဝန် အပြည့်အ၀ ရှိတယ် ...
သူ့ မှာမှ တာဝန် မရှိရင် ဘယ်သူ့ မှာ ရှိလဲ ...
အရင် အစိုးရလား ...
ခင်ဗျားလား ကျွန်တော်လား ....
ကျုပ်တို့ က ဘယ်သူ့ ကို တာဝန်ခံခိုင်းရမှာတုန်း ...
အရင်အစိုးရကြောင့် လို့  ပြောကောင်းပြောမယ် ...
ဒါဆို ပြန်မေးစရာ ရှိတယ် ....
အရင် အစိုးရ လက်ထက်လဲ ...
သဘာဝ ဘေးအန္တာရယ်တွေ ရှိတာပဲ ...
တာဝါတိုင် လဲတာတွေ မိုင်းခွဲခံရတာတွေ ရှိတာပဲ ...
သို့ သော် နောက်ပိုင်းမှာ မီး ဒီလောက်မှ မပျက်ဘဲ ...
တစ်ခါ ထပ်မေးစရာ ရှိတာက ...
ဒီလောက် မပျက်တဲ့  မီးကိုတောင်မှ ...
အဲဒီတုန်းကရော အရင်အစိုးရကို ချမ်းသာပေးခဲ့လား ...
မလှောင်ခဲ့ ဘူးလား မပြောင်ခဲ့ဘူးလား ....
ပြောင်ခဲ့တယ် မဟုတ်လား ...
လှောင်ခဲ့တယ် မဟုတ်လား ...
ဒါဆို အခု အစိုးရ လက်ထက်လဲ ...
လှောင်ခံရမှာပဲ ...
ကာတွန်းတွေ ထွက်လာမှာပဲ ...
ဒါကို လက်ခံနိုင်ရမယ် ...
တစ်ခါ မိုးသီးကြွေတဲ့  ကိစ္စ ....
NLD မထောက်ခံသူတွေက ၀ိုင်းလှောင်ကြတယ် ...
အစိုးရ ဘုန်းတော်ကြောင့် မိုးသီးကြွေတယ် ဘာညာပေါ့ ....
တကယ်တော့ ...
ရေကြီးတာ ၊ လေမုန်တိုင်းတိုက်တာ ...
သဘာဝဘေးအန္တာရယ်ကျတာ ...
ဒါတွေဟာ ဖြစ်ရိုး ဖြစ်စဉ် သဘာဝ တရားတွေပဲ ...
ငါးနှစ်တစ်ကြိမ် ဆင်းလိုက်တက်လိုက် ဖြစ်နေမယ့် ...
အစိုးရ နဲ့ ဘယ်နှယ့်လုပ် တိုက်ရိုက် ပတ်သက်ပါ့မလဲ ...
ဒါ လူတိုင်းသိတယ် ...
ဒါဆို ဘာလို့ ဝိုင်းပြောင်ခံရလဲ ...
ပြောင်ခံရမှာပေါ့ ...
ကိုယ့်တုန်းကလဲ အရင်အစိုးရကို ...
ဒီလို ပြောခဲ့တာကိုး ...
အစိုးရ မင်းကျင့်တရားနဲ့  မညီလို့ ရေကြီးတာ ...
ဒါမျိုးတွေ ပြောခဲ့တာကိုး ...
ဒီတော့ ....
ကိုယ်ထောက်ခံတဲ့ ပါတီ အစိုးရ ဖြစ်လာတော့ ...
တစ်ဘက်ကလဲ အဲလို ပြန်ပြောတာပေါ့ ...
ဒါကိုလဲ လက်ခံနိုင်ရမယ် ...
ဦးသိန်းစိန် နွားနို့ သောက်ခိုင်းတဲ့ ကိစ္စ ...
NLD ၀န်းရံသူတွေ ...
ဝိုင်း လှောင်ခဲ့ဖူးတယ် မဟုတ်လား ...
ဒါဆို အခုလဲ ...
ရက်တစ်ရာ အတွင်း ...
တိုင်းပြည် ဘယ်လို ဘယ်ချမ်းသာ ဖြစ်ရမယ် ...
ပို့ ကုန် သုံးဆ တိုးမြှင့်မယ်  စတဲ့  ...
လေလုံးထွားတာတွေကိုလဲ  ပြန်လှောင်ခံရမှာပဲ ...
တော်ကီ ပြစ်တာ လွန်သွားတာကိုး ...
အဲ ... အခု မဝေဖန်ပါနဲ့ အုန်း ...
စောင့်ကြည့်ပါအုန်း ...
စောပါသေးတယ် ဘာညာဆိုတဲ့ ကိစ္စကတော့ ....
အခု ဝေဖန်မှ ဖြစ်မယ့် ကိစ္စ ...
အခုချက်ချင်း ဝေဖန်ရမှာပဲ ....
အချိန်စောင့်ရမယ့် ကိစ္စ ...
အချိန်စောင့်ရမှာပဲ ...
ကျွန်တော် တွေ့ မိသလောက်တော့ ...
NLD အစိုးရကို အခု ဝေဖန်နေကြတဲ့ အထဲမှာ ...
စီးပွားရေး မတိုးတက်လို့  ...
ပညာရေး မြင့်မလာလို့  ....
ယာဉ်ကြောတွေ ရှင်းမသွားလို့  ...
အလုပ်လက်မဲ့  ပြသနာ မဖြေရှင်းနိုင်လို့  ...
ထိုင် ဝေဖန်နေတဲ့ သူ ...
တစ်ယောက် မှ မတွေ့ ပေါင် ...
ဒါတွေက အချိန်စောင့်ရမယ့် ကိစ္စ ...
စောင့်ကြည့်ရမယ့် ကိစ္စ ...
အစိုးရအသစ် ဘယ်နှယ့်ချက်ချင်း လုပ်နိုင်ပါ့မလဲ ....
ဒါကို လူတိုင်း နားလည်ပါတယ် ...
ဒါဆို ဘာတွေ ဝေဖန်ခံရလဲ ...
သတင်းစာက ဗုဒ္ဓအဆုံးအမတွေ ဖြုတ်တဲ့  ကိစ္စ ...
အမေရိကန် သံရုံးက ရိုဟင်ဂျာလို့ သုံးတာကို ...
မကန့် ကွက်ဘဲ မသိချင်ဟန်ဆောင်နေတဲ့ ကိစ္စ ...
အခြေခံ ဥပဒေမှာ မြန်မာလို့ ခေါ်ရမယ်လို့  ...
အတိအလင်း ရေးထားပါလျှက်နဲ့  ...
ဘားမားခေါ်ခေါ် မြန်မာခေါ်ခေါ် ...
ကြိုက်သလိုသာ ခေါ် ...
အခြေခံ ဥပဒေမှာလဲ ...
ဘာမှ ရေးမထားပါဘူး ရှင် တို့ ရယ် လို့  ...
ဂွတီးဂွကျ ထလုပ်တဲ့ ကိစ္စ ....
ဒါတွေ ဝေဖန်ခံရတယ် ...
ဒါတွေကို ကျွန်တော်တို့ က အခု မဝေဖန်ဘဲ ...
ဘယ်တော့မှ ဝေဖန်ရမလဲ ...
နောက် တစ်နှစ်မှလား ... ?
နှစ်နှစ်လား ... ?
သုံးနှစ်လား ... ?
ငှက်ကလေးတွေ စဉ်းစား စဉ်စား ...
:D :D :D :D :D
( ရဲမိုး )
ကာတွန်း - လဂွန်းအိမ်
No comments: