Friday, April 22, 2016

စမ်းချောင်းမြို့နယ် ဗား ကရာလမ်းရှိ ကျွန်းတောကျောင်း တိုက်တွင် အမျိုးသားတစ်ဦးက သီလရှင်တစ်ပါးကို ထင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သဖြင့် နေရာတွင် ပင် တိမ်းပါးခဲ့ကြောင်း သတင်းရရှိသည်။

စမ်းချောင်းမြို့နယ် ဗား ကရာလမ်းရှိ ကျွန်းတောကျောင်း တိုက်တွင် အမျိုးသားတစ်ဦးက သီလရှင်တစ်ပါးကို ထင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သဖြင့် နေရာတွင် ပင် တိမ်းပါးခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက် နံနက် ၇ နာရီ ကျော်တွင် ကျွန်းတောကျောင်း တိုက်  ကျောင်းဆောင်အတွင်း အဆိုပါ သီလရှင်က တံမြက်စည်းလှဲနေစဉ် အမျိုးသားက မလှဲရန်ပြောရာမှ အချင်းများပြီး ဓားခုတ်မှု ဖြစ်ပွားကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေဆုံးသွားတဲ့ သီလရှင်နဲ့ သတ်တဲ့သူက တူအရီးတွေတော် တယ်။ သတ်တဲ့အမျိုးသားက စိတ် ရောဂါရှိတယ်လို့ သိရပါတယ်။ ထင်းခုတ်ဓားမယူပြီး ခုတ်တာပါ။ တရားခံကိုလည်း ဖမ်းဆီးရမိထား ပါတယ်။ သူ့ကိုလည်း ဆက်ပြီး စစ်ဆေးနေပါတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့်နေ့ တွင် သီလရှင် ဒေါ်ကုသလ(ခ) ဒေါ်ကျင်ရွှေသည် လူသတ်မှုကျူး လွန်သူ ကျော်သူရထွန်း အိပ်ရာ အနီး၌ သန့်ရှင်းရေးလုပ်ရန် တံမြက်စည်းလှဲပေးနေစဉ် မလှဲရန် အော်ဟစ်ပြောဆိုရာမှ လူသတ်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

‘‘သီလရှင်ကြီး အခန်းသန့် ရှင်းရေးလုပ်တော့ တံမြက်စည်း လှဲပေးတယ်။ သတ်တဲ့သူက အိပ် နေပြီး သူ့အနားမှာ လာလှဲတော့ အော်လွှတ်တယ်။ သီလရှင်ကြီး ကလည်း တံမြက်စည်းလှဲတာပဲ အေလို့ ပြန်ပြောတယ်။ အဲဒီမှာ အိပ်ရာကထပြီး ထင်းခုတ်ဓားမနဲ့ ခုတ်သတ်လိုက်တယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

ဓားမဖြင့် ခုတ်ခံရသည့်အ တွက် သီလရှင် ဒေါ်ကုသလ(ခ) ဒေါ်ကျင်ရွှေ သက်တော် (၆၅)နှစ်၊ ဝါတော်(၄၅)ဝါသည် ဦးခေါင်းနှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိ ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာ၌ပင် တိမ်းပါးခဲ့ကာ ပြစ်မှုကျူးလွန်သူ ကျော်သူရထွန်း(၄၀)နှစ်ကို စမ်းချောင်းရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်


No comments: