Tuesday, April 26, 2016

ခြောက်လအတွင်းမှာ လူငါးယောက် တိုက်ထားတဲ့ ကားလေးပြန်ရောင်းချင်ပါတယ်

ခြောက်လအတွင်းမှာ လူငါးယောက် တိုက်ထားတဲ့ ကားလေးပြန်ရောင်းချင်ပါတယ်

လေးယောက်ကတော့ ပွဲခြင်းပြီးပါ တစ်ယောက်ကတော့ ဆေးရုံပေါ်မှာ သူလည်းသေမယ် ထင်တာပါပဲ

ညဘက်ကားမောင်းတဲ့အခါ ဘက်မှန်ကို ကြည့်ဘိုက်ရင် ဆံပင်ဖားလားနဲ့ အဝတ်အဖြူ ခြုံထားတဲ့ မိန်းမတစ်ယောက်ကို တစ်ခါတလေ တွေ့ရတယ်ဗျ

အမြန်လမ်းတစ်ယောက်တည်းကားမောင်းရတဲ့အခါ အဖော်ရတာပေါ့

အကြမ်းဘရမ်းကလဲ ခံမှခံ

ကျုပ်လောက်ခရီးသွားတာ ကျုပ်ပဲရှိတယ် တစ်နိုင်ငံလုံး နှံ့နေပြီ လမ်းမှာ ပျက်လို့ တွန်းရတယ်ဆိုတာ မရှိဘူး

ဆီစားလည်သက်သာပါတယ်

နေပြည်တော် ရန်ကုန်မောင်းရင် လူဆီဖိုး က နှစ်သောင်းလောက် ကုန်ပါတယ် ကားဆီဖိုးက တစ်သောင်း လေးထာင်ပဲ ကျတာပါ

တာယာလေးလုံး အသစ်ပါ ( သူများ အိမ်ရှေ့ သွားသွားရပ်တော့ ခဏခဏ ထိုးဖောက်ခံရလို့ ခဏခဏ လဲထားရတာလေ )

ဈေးမဆစ် ပွဲခ ပေးရန်မလိုဆိုရင်တော့ ၈၂ သိန်းလောက် လိုချင်ပါတယ် ဈေးဆစ်မယ် ဆိုရင်တော့ ၈၅ သိန်းပါ

ကားကတော့ ပြည့်သူ့ယဉ်ပြင်နားက ယဉ်ရပ်နားကွင်းမှာ ကြည့်ရမှာပါ ( လမ်းဘေးမှာ ရပ်ထားတုန်း ကရိန်းဆွဲသွားတာ အခုထိ ပြန်မရွေးရသေးဘူး )

စိတ်ဝင်စားရင် 09450007022

No comments: