Friday, April 22, 2016

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းပပျောက်ရန် နိုင်ငံအဆင့် လုပ်ဆောင်မည်

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းပပျောက်ရန် နိုင်ငံအဆင့် လုပ်ဆောင်မည်
................................................................................
ကွမ်းစားခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံတွေး ထွေးခြင်းများ ပပျောက် စေရန် နိုင်ငံတကာအဆင့်မီ စီမံချက်ချ လုပ်ဆောင်မည်ဖြစ်သည်။
ယင်းစီမံချက်မှာ နိုင်ငံတော်အဆင့် စီမံချက်ဖြစ်ပြီး စီမံချက် ပထမအဆင့်အ နေဖြင့် ကွမ်းယာဆိုင်များ၊ ကွမ်းရွက်၊ ကွမ်းသီးနှင့် ကွမ်းနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းဆိုင်စာရင်းများ ကောက်ယူခြင်းအား သင်္ကြန်ကာလပြီး သည့်နေ့မှ စတင် ဆောင်ရွက်နေပြီဖြစ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီထံက သိရသည်။
''သင်္ကြန်အပြီးမှာ ညွှန်ကြားချက် ဝင်တယ်။ နိုင်ငံတော်အဆင့်စီမံချက်အနေ နဲ့ ဆောင်ရွက်တာပါ။ စည်ပင်ကတော့ စာရင်းဇယားစပြီး ပြုစုနေပြီ။ မန္တလေး စည်ပင်သာယာ နယ်နိမိတ် အတွင်းစ ကောက်နေပြီ။ ဘယ်မြို့နယ်မှာ ကွမ်းယာ ဆိုင် ဘယ်လောက်ရှိတယ်။ စစ်တမ်း သဘောမျိုး ကောက်ပြီးမှ အဖြေထုတ် ရမှာ ထုံးတမ်းစဉ်လာကို ဖျောက်ဖို့ တော် တော်တော့ ခက်တော့ခက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အချိန်ယူ ဆောင်ရွက်ရမယ်။ ကွမ်း ရွက်စိုက်တဲ့သူတွေကို ဘယ်လိုအလုပ် တွေ ဖန်တီးပေးမလဲ။ ကွမ်းယာရောင်းတဲ့ သူတွေကိုရော ဘယ်လိုအလုပ်တွေ ဖန်တီး ပေးမလဲဆိုတဲ့ အခန်းကဏ္ဍတွေပါ ပါတယ်။ ရေရှည်လုပ်ရမှာ၊ ကွမ်းစားတာက ဆိုး ကျိုးများလို့ ပါးစောင် ကင်ဆာတွေလည်း တောက်လျှောက် ဖြစ်နေတယ်။ ပြီးရင် ကွမ်းတံတွေးကြောင့် ညစ်ပတ်ပေရေနေ တာတွေ အများကြီးဖြစ်နေတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက် နိုင်ထွန်းက ပြောသည်။
စီမံချက် ဒုတိယအဆင့်အနေဖြင့် ကွမ်းစားခြင်းကြောင့် ဖြစ်တတ်သည့် ရောဂါများအား ပြည်သူများကို ပညာပေး ခြင်းများ ဆောင်ရွက်ခြင်း၊ ပြည်ပမှ ဝင် ရောက်သည့် ကွမ်းနှင့်ပတ်သက်သည့် ပစ္စည်းများအား ကန့်သတ်ခြင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ကွမ်းမစားရ အသိပညာပေးခြင်း၊ ပညာ ပေးစာစောင်များကပ်ခြင်း၊ ရုပ်ရှင် ဗွီဒီယို များထဲတွင် ထည့်သွင်းကြော်ငြာခြင်း၊ ဥပဒေ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ပညာ ပေးကာလနှင့် အရေးယူကာလများ သတ် မှတ်ခြင်း ဆောင်ရွက်သွားမည်ဖြစ် သည်။
တတိယအဆင့်အနေဖြင့် မြို့နယ် အလိုက် ကွမ်းစားသူကင်းစင်မှု ကြေညာ ခြင်းစသည့်ဖြင့် ဆောင်ရွက်မည်ဟုလည်း ၄င်းက ဆိုသည်။
''ဒီလိုလုပ်တာကို ကြိုဆိုတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကွမ်းစားပါ တယ်။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး မထွေးမိအောင်တော့ ကြိုးစားတယ်။ တချို့နေရာတွေမှာဆို မြင်မကောင်းအောင် ကွမ်းထွေးထားတာတွေ၊ ဆိုင်ကယ်နဲ့ကား နဲ့ သွားရင်းလာရင်းနဲ့ စည်းကမ်းမရှိ ထွေး လိုက်တာတွေကို ကိုယ်တိုင်လည်း ကွမ်း စားပေမယ့် မကြိုက်ဘူး။ အဓိက ကွမ်း စားတဲ့သူတိုင်းကို မဟုတ်ဘဲနဲ့ ကွမ်းစားပြီး စည်းကမ်းမဲ့တဲ့သူတိုင်းကို စီမံချက်နဲ့ သင့် တင့်တဲ့ အရေးယူမှုလုပ်ရင် ပိုကောင်း တယ်။ စားတဲ့သူတိုင်းကို မဟုတ်ဘဲနဲ့ စား ပြီး စည်းကမ်းမရှိတဲ့သူကို အရေးယူတာ မျိုးတွေ ဖြစ်သင့်တယ်။ စားတဲ့သူကတော့ စားနေမှာမို့ အရင်ဆုံးပညာပေးတွေ လုပ် တာကောင်းတယ်''ဟု ကွမ်းစားတာ အ နှစ် (၂ဝ)ရှိပြီ ဖြစ်သည့် မ္တလေး မြို့ခံ တစ်ဦးဖြစ်သူ အသက် (၃ဝ)ကျော်အရွယ် ကိုသန်းနိုင်ဦးက ပြောသည်။
မန္တလေးမြို့စည်ပင်သာယာ နယ်နိ မိတ် အတွင်းရှိ ကွမ်းယာဆိုင်များ၊ ကွမ်းနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းရောင်းချ သည့်ဆိုင်များ စာရင်းကောက်ယူခြင်းအား ယခုလ (၂၁)ရက်နေ့တွင် နောက်ဆုံးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီထံက သိရသည်။

ဓာတ်ပုံ-AFP


No comments: