Saturday, April 30, 2016

အမေရိကန်မှာ ... မြန်မာအစိုးရတွေကို မကျေနပ်ဘူးဆိုရင် ... ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ ဆန္ဒပြလို့ရပါတယ် ။

YES PROBLEM !!
အမေရိကန်မှာ ...
မြန်မာအစိုးရတွေကို မကျေနပ်ဘူးဆိုရင် ...
ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ ဆန္ဒပြလို့ရပါတယ် ။

မြန်မာသံရုံးက ...
S street ဆိုတဲ့ လမ်းပေါ်မှာရှိတယ် ...

အဲဒီလမ်းက ..
ပေနှစ်ဆယ်လောက်ဘဲကျယ်ပါတယ် ...

လမ်းဟိုဘက်ကသံရုံးရှိပြီးတော့ ....
ဒီဘက်က ဆန္ဒပြတဲ့လူအုပ်စု ရှိပါတယ် ...

ဆန္ဒပြတဲ့လူတွေက
လက်ကိုင်အော်လံစပီကာတွေနဲ့ အော်ကြတယ် ...
တစ်ခါတစ်လေ လော်စပီကာကြီးတွေယူလာပြီး ဒီမိုသံချပ်တွေတောင် ဖွင့်တာတွေ့ရပါတယ်။

ဒါပေမဲ့  ...
လုံခြုံရေးအနေနဲ့ ...
ရဲတစ်ယောက်ဘဲ ရောက်လာတယ် ...

ရဲတစ်ယောက်ထဲ ရှိတယ်ဆိုလို့ ...
သံရုံးကို ဥပဒေပ အကြမ်းဖက်ရင်လဲ ဖက်လို့ရပါတယ် ..။

ဒါပေမဲ့ပြီးရင်တော့ ...
ရာဇဝတ်ဘေး ပြေးမလွတ်ပေါ့ဗျာ ...

ပြီးရင်နောက်တစ်လမ်းကျော်က ...
California street မှာ မြန်မာစစ်သံရုံးရှိသေးတယ် ...

နှစ်စဉ်နှစ်တိုင်း ...
တပ်မတော်နေ့ညစာစားပွဲတွေဆိုရင် ....
နိုင်ငံတစ်ကာက လူကြီးလူကောင်းတွေ လာကြပါတယ် ..။

အဲဒီအချိန်မှာ ...
အသံသေးအသံကြောင်တွေနဲ့ စစ်သံရုံးရှေ့မှာ အော်မလား ...

NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုတယ် ...။

ငလူးမသန်းရွှေ ..
မအေယိုးခင်ညွန့် ဆဲချင်သေးလား ...

NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုတယ် ..။ (S street သံရုံးမှာတော့ ဆန္ဒပြတိုင်းဆဲကြပါသည်)

နောက်တစ်ခု ...
ဦးသိန်းစိန် အမေရိကားကိုလာတယ် ...

လေဆိပ်ထဲမှာဘဲ ...
ဆန္ဒပြချင်သလား ....။

NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုခဲ့တယ် ..။

ဦးသိန်းစိန်တည်းနေတဲ့
New York City က ဟော်တယ်ရှေ့မှာ အသံသေးသံကြောင်နဲ့ အော်ဆဲချင်သေးသလား ...

NO PROBLEM !!
အမေရိကန်အစိုးရ ခွင့်ပြုပါတယ်..။ (ဖိနပ်နဲ့ပါ ထုကြပါတယ်)

အမေရိကန်မှာ ...
မြန်မာသံရုံးတွေ ရှေ့မှာဘဲ ပြလို့ရတယ် ...

ဘယ်အမေရိကန်အစိုးရကမှ ...
အမေရိကန်မှာရှိတဲ့ ဗိုလ်စိန်မှန်ကွင်းလိုနေရာကို မောင်းမထုတ်ဘူး။

အဲဒီတော့ ...
အမေရိကန်မှာ အမေရိကန်အစိုးရက ...

NO PROBLEM !!

ဒါပေမဲ့ !!

လက်ရှိဒေါ်စုအစိုးရက ...
အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့လူတွေကို ...

YES PROBLEM !!

ဒီအစိုးရ ကောင်းမကောင်း ခင်ဗျားတို့ဖါသာဘဲ စဉ်းစားကြတော့ဗျာ ..။

-
-
-
-
-
-
-

ခိုင်ဇော်

No comments: