Thursday, April 28, 2016

ကျွန်တော်တို့ဆီမှာလွဲတော့လွဲနေတယ်ထင်တာပဲ

ကျွန်တော်တို့ဆီမှာလွဲတော့လွဲနေတယ်ထင်တာပဲ ။
အစိုးရအဖွဲ့ဝင်တွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူနဲ့တစ်သားတည်းဆိုရာမှာ အခွင့်ရေးရယူမှု ၊ ဥပဒေအောက်မှာ နေထိုင်ခြင်း စတဲ့နေရာတွေမှာသာဖြစ်သင့်တယ်။

အရည်အချင်း ၊ စီမံခန့်ခွဲနိုင်မှု ၊တာန်ဝန်ယူနိုင်မှု ၊တာဝန်ခံနိုင်မှု တွေ မှာတော့ပြည်သူနဲ့ တစ်ပြေးတည်းမဖြစ်သင့်ဘူး ။ သာမာန်ပြည်သူတွေထက် ခေါင်းတစ်လုံးပိုမြင့်သင့်တယ် ။

ခပ်စောစောကလည်းဆေးရုံမှာ အမှိုက်တွေပုံနေလို့ လွှတ်တော်ကိုယ်စားလှယ်က ကိုယ်တိုင်သန့်ရှင်းရေးသွားလုပ်တဲ့သတင်းတွေ Social Media တွေမှာတက်လာတယ် ။
ခုလည်း လျှပ်စစ်ဝန်ကြီးကိုယ်တိုင်က မီးပြတ်လို့ မီးအိမ်ထွန်းပြီး အစည်းဝေးလုပ်နေရတဲ့ ပုံတက်လာတယ် ။

ပြည်သူနဲ့တစ်သားတည်းလို့ ပြောလိုတယ်ထင်ပါတယ် ။
မီးပျက်ရင်မီးအိမ်ထွန်းရမယ်ဆိုတာ ပြည်သူတိုင်းသိပါတယ် ။ ပြည်သူတိုင်းလည်းလုပ်နိုင်ပါတယ် ။
ဒါပေမဲ့  မီးမပြတ်အောင်ဘယ်လိုစီမံခန့်ခွဲရမလဲ ၊ ဘယ်လိုအခြေနေတွေကြောင့် မီးပြတ်နိုင်တာလဲ ၊ မလွှဲသာလို့ ပြတ်မယ်ဆိုရင်တောင် ပြတ်တာနည်းအောင် ဘယ်သူတွေကိုတာဝန်ပေးရမလဲ ၊ ဘာတွေလိုနေတာလဲ ၊ ဘာတွေဖြည့်ဆည်းရမလဲ ဆိုတာ ကိုတော့ လူတိုင်းကိုယ်စီမသိနိုင်ဘူး။ မလုပ်နိုင်ဘူး ။ အဲဒါကြောင့်ပဲ သူတို့ကိုယ်စား စီမံခန့်ခွဲပေးပါ ၊ လုပ်ပေးပါဆိုပြီး ကိုယ်စားလှယ်တွေ မဲပေးကြတာပေါ့ ။

အစိုးရသက်တမ်းနည်းခဏလေးပဲရှိသေးတာနားလည်ပါတယ် ။ တကယ်တမ်း မီးပျက်လို့ ၀န်ကြီးကိုယ်တိုင်မီးအိမ်ထွန်းနေတဲ့ပုံ ထွက်လာတာစာရင် ။ ဘာကြောင့်မီးပျက်တယ် ။ ပြင်ဆင်မှု အခြေနေဘယ်လိုရှိတယ် ၊ ဘယ်ချိန်မှာမီးပြန်လာနိုင်တယ်ဆိုတာ အသိပေးထုတ်ပြန်မှု က ပိုပြီးဖြစ်သင့်တယ် ထင်တယ်။

copy

No comments: